ပြည်ပသို့ ပဲတင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့် ကျဆင်း

ရွှေမန်း

ပြည်တွင်း ပဲစိုက်ပျိုးချိန် မိုးလေ၀သမမှန်ခြင်းနှင့် နယ်မြေ အခြေအနေများကြောင့် ပဲစိုက် ဒေသများ ရာနှုန်းပြည့် မစိုက်ပျိုး နိုင်ခြင်းကြောင့် ပြည်ပသို့ ပဲတင် ပို့မှုကျဆင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ပဲတင်သွင်းခွင့် ကို အခွန်ကင်းလွတ်ခွင့် ပေးထား ပြီး ပို့ကုန် မတ်ပဲ ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ကျော်၊ ပဲစင်းငုံမှာ တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိလာသော်လည်း ပြည် တွင်း ပဲအထွက်နှုန်းကျဆင်းမှု ရှိသောကြောင့် တင်သွင်းမှု လျော့ ကျခဲ့ခြင်းဖြစ်သည်။
ယခုနှစ်၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ်တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ရက်မှ မတ် ၁၇ ရက်အထိ ပင်လယ် ရေကြောင်းမှတစ်ဆင့် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ပဲအထွက် နှုန်းကျဆင်းကာ လိုအပ်ချက်ရှိနေ သည့်အပြင် ပြည်တွင်းတွင်လည်း ပဲအထွက်နှုန်း ကျဆင်းနေတာ ကြောင့် သင်္ကြန်ကာလအပြီး ပဲ အရောင်းအဝယ်မှာ ဈေးနှုန်းမြင့် တက်လာကြောင်း သိရသည်။

သင်္ကြန်မတိုင်မီက မတ်ပဲ တစ်တန်လျှင် ငွေကျပ် သိန်း ၂၀၅၀၀၀၀ ရှိခဲ့ရာမှ လက်ရှိအချိန် တွင် တစ်တန်လျှင် ငွေကျပ် သိန်း ၂၀၆၀၀၀၀၊ ပဲစင်းငုံ တစ်တန် လျှင် ငွေကျပ် ၂၄ သိန်း အထိ ပေါက်ဈေးမြင့်တက်လာသည်။
ပြည်တွင်းငွေဈေး အပြောင်း အလဲမရှိတာကြောင့် ဈေးသိသိ သာသာ မြင့်တက်ခြင်း မဟုတ် သော်လည်း မတ်လပိုင်းမှ စတင် ပြီး တဖြည်းဖြည်း မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.