ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၃၆၁ သန်းကျော် ရရှိ


ရွှေမန်း
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၃၆၁ သန်းကျော်ရရှိခဲ့ပြီး လအလိုက် တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် ဒေါ်လာသန်း ၉၀ ဖြင့် အများဆုံး ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိ မှုအနေဖြင့် ဧပြီလတွင် ဒေါ်လာ ၃၆ သန်း၊ မေလတွင် ဒေါ်လာ ၄၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၂၈ သန်း၊ ဇူလိုင်လတွင် ဒေါ် လာ ၂၆ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၂၈ သန်း၊ စက်တင်ဘာ လတွင် ဒေါ်လာ ၄၂ သန်း၊ အောက် တိုဘာလတွင် ဒေါ်လာ ၆၃ သန်း နှင့် နိုဝင်ဘာလတွင် ဒေါ်လာ  သန်း ၉၀ အထိ ရရှိထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ နိုဝင်ဘာအထိ လအလိုက် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဧပြီလတွင် ၈၇၆၄၈ တန်၊ မေ လတွင် ၁၁၀၇၀၆ တန်၊ ဇွန်လတွင် ၆၂၇၂၅ တန်၊ ဇူလိုင်လတွင် ၅၈၃၃၄ တန်၊ ဩဂုတ်လတွင် ၅၉၉၇၁ တန်၊ စက်တင်ဘာလ တွင် ၈၄၇၇၃တန်၊ အောက်တိုဘာ လတွင် ၁၁၉၅၂၆ တန်နှင့် နိုဝင် ဘာလတွင် ၁၇၅၉၉၀ တန်အထိ တင်ပို့ထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ဖြစ်ပွားနေသည့်အခြေအနေ များကြောင့် နယ်စပ်ကုန်သွယ်မှုက လတ်တလောတွင် ဆောင်ရွက်နိုင် ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်း မှသာ တရုတ်သို့ ဆန်တင်ပို့နေ ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ]တရုတ်နိုင်ငံက ဝယ်ယူ မှုလည်းရှိပါတယ်။ အခု ရှမ်းပြည် (မြောက်ပိုင်း)က အခြေအနေတွေ ကြောင့် နယ်စပ်ကုန်သွယ်မှုက လည်း လတ်တလောမှာ ဆောင် ရွက်နိုင်တဲ့အနေအထား မရှိပါ  ဘူး။ ဒါပေမဲ့လည်း ပင်လယ် ရေကြောင်းက တရုတ်နိုင်ငံကို တင်ပို့တာရှိပါတယ်။ ဒီအချိန်မှာ တရုတ်နိုင်ငံက ဝယ်ယူတာထက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေး ရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေ ဥရောပနိုင်ငံတွေက ဆန်၊ ဆန်ကွဲဝယ်ယူမှုရှိပါတယ်။ ဒါကိုလည်း အားလုံးက ပြည်ပ တင်ပို့ရောင်းချတဲ့လုပ်ငန်းစဉ်  တွေ ဆောင်ရွက်နေပါတယ်}ဟု ၎င်းက ပြောသည်။
ပြည်တွင်းဆန်ဈေးက မြင့် သည့်အနေအထားတွင် ရှိနေ ကြောင်း၊ ခြုံငုံသုံးသပ်ကြည့်ပါက ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ပါကစ္စတန် အစရှိသည့်နိုင်ငံများ  ၏ ဈေးနှုန်းထက် မြန်မာ့ဆန်ဈေး မြင့်သည့်အနေအထားတွင် ရှိနေ သည်။
ပွင့်လင်းရာသီကာလဖြစ် သည့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် တိုးမြှင့်ရောင်းချနိုင်သည့် အနေ အထားများကို ညှိနှိုင်းစီစဉ် ဆောင်ရွက်နေကြောင်း၊ မြန်မာ နိုင်ငံမှ ပြည်ပသို့ နှစ်စဉ် ဆန် တန်ချိန် နှစ်သန်း တင်ပို့ရန် ရည်မှန်းဆောင်ရွက်နေသည်။

Leave a Reply

Your email address will not be published.