ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန် သုံးသိန်း ပြောင်းအိတ်ပေါင်း သန်း ၆၀ ခန့် ပြောင်းကုန်သည်များထံ ကျန်ရှိနေ

ရွှေမန်း

ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန် သုံးသိန်း ပြောင်းအိတ်ပေါင်း သန်း ၆၀ ခန့် ပြောင်းကုန်သည်များထံ ကျန်ရှိနေ ကြောင်း ပြောင်းလုပ်ငန်းရှင်များထံက သိရသည်။

ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ပို့ကုန်မှုဝါဒ၊ အခွန်ဆောင်ခြင်းနှင့်အတူ ငွေလဲလှယ်နှုန်းကွာခြားချက်များကြောင့် ပင်လယ်ရေကြောင်း FOB သင်္ဘောတင်ပို့ခြင်း ၊ မြဝတီနယ်စပ်မှတင်ပို့ခြင်း ၊တရုတ်နိုင်ငံသို့ GACC လမ်းကြောင်း မှ တင်ပို့နိုင်ရန် စီစဉ်ခြင်းများမှာ လည်းတင်ပို့နိုင်ခြင်းမရှိသေးတာကြောင့် ပြည်တွင်း ပြောင်းကုန်သည်များလက်ဝယ် ပြောင်းတန်ချိန် သုံးသိန်းကျော် အိတ်ရေ သန်း ၆၀ ခန့် ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ ပြောင်းအသင်းမှ ဒုတိယဥက္ကဌ ဦးသန့်စင်ထွန်း ကပြောသည်။

“ ပြောင်းတင်ပို့မှု ရပ်ထားရလို့ ခန့်မှန်းခြေ တန်ချိန် သုံးကျော်လောက်ကျန်နေပါတယ်။သုံးတင်းဝင်အိတ်ရေ အိတ်ရေ သန်း ၆၀ လောက်ကျန်တာပေါ့။ ရှမ်းမြောက်ဒေသမှာ အများဆုံးကျန်ရှိပါတယ်။ပြောင်းအသစ်တွေကလည်း ပေါ်စပြုနေပြီဆိုတော့ ရှေ့ပြောင်း နောက်ပြောင်း ထပ်သွားရင် တောင်သူတွေ အတွက်လည်းအဆင်မပြေဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပင်လယ်ရေကြောင်းကရော ၊GACC လမ်းကြောင်းကရော အမြန်ဆုံးထွက်နိုင်အောင် စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ထံ စာတင်အကူအညီတောင်းခံထားပါတယ် ” ဟု ၎င်းကပြောသည်။

ပြည်တွင်းပြောင်းလက်ကျန်မှာ တစ်နိုင်ငံလုံး ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ၏ သုံးပုံတစ်ပုံခန့် ကျန်ရှိနေသေး ကြောင်းသိရသည်။ ပြည်တွင်းအစာစက်ရုံတွေက လည်း ပြောင်းတစ်ရာသီမှာ သုံးပုံတစ်ပုံ ဝယ်ယူ အသုံးပြုနေကြောင်းလည်းသိရသည်။ သို့သော်လည်း ပြောင်းအစာစက်ရုံတွေက ပစ္စည်းရောက်ငွေချေစနစ် ဆိုရင်တော့ အဆင်ပြေနိုင်မည်ဖြစ်သော်လည်း အနည်းဆုံး ၁၅ ရက်ကျော် ငွေပေးရန် ကြာမြင့်တာကြောင့် ပြောင်းကုန်သည်တွေက မရောင်းချနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

အမှန်တကယ်ဆိုရင် ပြည်တွင်းအစာစက်ရုံတွေကို ရောင်းချတာက အခွန်ဆောင်တွေမရှိတော့ဘူး။ ပြည်တွင်းအစာစက်ရုံတွေက ဈေးနှုန်းတစ်ခသက်မှတ်ပေးပြီးငွေပေးချေမှု မြန်မယ်ဆိုရင် ပြောင်းလောက အတွက် ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဌ ဦးတိုးတက်နိုင် ကပြောသည်။

လက်ရှိအချိန်တွင် ပြောင်းဈေးကွက်ကျဆင်းနေပြီး မန္တလေးဈေးကွက်တွင် သြဂုတ်လ ၁ ရက်နေ့တွင် ၅၄ပိသာတစ်အိတ် ကျပ် ၄၀၀၀၀ သာပေါက်ဈေးရှိနေပြီးနယ်ပွဲရုံများတွင် ပိုမိုကျဆင်းနိုင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.