ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို (၁) ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရောင်းချပေးရတော့မည်

ရွှေမန်း

ရွှေမန်း

ပြည်တွင်းမှာ နေထိုင်သူများ၏ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိလာသည့် ဝင်ငွေများကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြင်ဆင်ပြဌာန်းလိုက်ကြောင်းသိရသည်။

ယခု အမိန့်စာတွွင် ကျပ်ငွေသို့ ပြောင်းလဲခြင်းအတွက် ကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ အဖြစ် ဗဟိုဘဏ်သတ်မှတ် လိုက်ကြောင်းသိရသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁၊ ၁၂ နှင့် ပုဒ်မ ၁၃ ပါ သတ်မှတ်ပြဌာန်းချက်တွေအရ နိုင်ငံခြားငွေကို မြန်မာနိုင်ငံအတွင်း ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ရမယ်ဖြစ်ကြောင်းသိရသည်။

ဒီညွှန်ကြားချက်က ဧပြီလ ၃ ရက်နေ့မှ စတင်အကျိုးသက်ရောက်မှုရှိပြီး ဒီရက်မတိုင်ခင် ဝင်ရောက်ထားတဲ့ နိုင်ငံခြားသုံးငွေကိုလည်း ယခုညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမှာဖြစ်ကာ ကင်းလွတ်ခွင့်ပြုမယ့် ကိစ္စရပ်တွေ ပေါ်ပေါက်ပါက သီးခြားထုတ်ပြန် ဆောင်ရွက်ပေးမယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက ထုတ်ပြန်ချက် မှာ ထည့်သွင်းပြောကြားထားသည်။

၂၀၂၁ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပို့ကုန်ရငွေတွေကို ရက် ၃၀ အတွင်း AD လိုင်စင်ရ ဘဏ်များထံ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရမယ့် ညွှန်ကြားချက်အမိန့်စာကို ပယ်ဖျက်လိုက်ကြောင်းသိရသည်။

ဆောင်ရွက်ခွင့်ရှိတဲ့ AD လိုင်စင်ရဘဏ်တွေအနေနဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်တဲ့ ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှုမဟုတ်သော ရငွေတွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲခြင်းအပေါ် ကန်တစ်ဒေါ်လာအတွက် မြန်မာကျပ် ၁၈၅၀ ဖြင့် လဲလှယ်ပေးရမှာလည်း ဖြစ်သည်။

အခြား Currency များအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် အခြေခံတွက်ချက်ထားတဲ့ ပူးတွဲပါအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ငွေလဲလှယ်နှုန်း အပြောင်းအလဲရှိပါက ဗဟိုဘဏ်အနေနဲ့ ထပ်မံညွှန်ကြားသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ယနေ့မှ စတင်ပြီး နိုင်ငံခြားသုံးငွေ ပြည်ပသို့ လွှဲပြောင်းခြင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.