ပြည်ပမှမတ်ပဲတန်ချိန်တစ်သိန်းငါးသောင်းတင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယအစိုးရကထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံတွင်မတ်ပဲမျိုးဈေးနှုန်းများမြင့်တက်လာ

မန်းတော်ဝင်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်အသစ်အရ ပြည်ပမှမတ်ပဲတန်ချိန်တစ်သိန်းငါးသောင်းတင်သွင်းခွင့်ပြုမည်ဟု အိန္ဒိယအစိုးရကထုတ်ပြန်ပြီးနောက်မြန်မာနိုင်ငံတွင်မတ်ပဲမျိုးဈေးနှုန်းများမြင့်တက်သွားကြောင်း ပွဲရုံအချို့ကသိရသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏၂၀၁၅-၂၀၂၀ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒအရ မတ်ပဲအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တန်ချိန် တစ်သိန်းခွဲးတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အန္ဒိယအစိုးရမှ အောက်တိုဘာ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ယင်သို့ထုတ်ပြန်ပြီးနောက်တွက် မတ်ပဲမျိုးစေ့နှုန်းများမြင့်တက်လာပြီး အချိန်ခြောက်ဆယ်ပါသုံးတင်း၀င်မျိုးစေ့တစ်အိပ်လျင် ကျပ် ၁၂၀၀၀၀ခန့်ဖြစ်လျက်ရှိကြောင်းရွှေစင်သိန်းပွဲရုံပိုင်ရှင်ဦးကျော်သွင်ကပြောသည်။ ” အိန္ဒိယက၀ယ်မယ်လို့သတင်းထွက်ပြီးနောက်မှာဈေးတွေကပိုပြီးတော့တက်သွားတယ်။ အရင်ရက်က တစ်သိန်းကျော်တစ်သိန်းလောက်ရှိတာကအခုဆို တစ်သိန်းနှစ်သောင်းလောက်ဖြစ်သွားတယ်။ မနှစ်ကဒီအချိန်ဆို တစ်သိန်းအောက်ပါပဲ။ ကိုဗစ်ကြောင့်၊ ရာသီဥတုဖောက်ပြန်မှုများကြောင်း အိန္ဒိယဘက်ကလည်းလိုအပ်ချက်ကအများကြီးရှိတယ်။ ခုကဈေးကြီးပေးပြီးစိုက်ရမယ်။ မျိုးဈေးကြီးလို့မစိုက်ဘူးလို့တော့မနေပါနဲ့။ စိုက်လို့ရသမျှစိုက်ပေးပါ” ဟု ၄င်းကကပြောသည်။ အိန္ဒိယနိုင်ငံ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့သည့်အမိန့်ကြော်ငြာစာအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထပ်မံတင်သွင်းခွင့်ပြု သည့် မတ်ပဲတန်ချိန် တစ်သိန်း ငါးသောင်းအား ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း၌ မတ်ပဲတင်သွင်းခွင့် ရရှိခဲ့သည့် ပြည်တွင်းလုပ်ငန်းရှင်များသို့ အညီအမျှ ကိုတာခွဲဝေသတ်မှတ်ပေးလိုက်ကြောင်းနှင့် ၎င်းလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် နေ့အတွင်း အိန္ဒိယနိုင်ငံရှိဆိပ်ကမ်းများသို့အရောက် တင်သွင်းကြရန်ဖြစ်ကြောင်းဖြင့် အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ကြောင်းသိရသည်။ အခုလက်ရှိတွင်မျိုးသန့်တစ်အိတ်ကို ၄၀၀၀၀ ရောင်းဖြင့်ရောင်းချပေးနေကြောင်း မတ်ပဲမျိုးသန့်ဈေးက ရိုးရိုးမသန့်စင်ရေသေးသည့် ရောရာမတ်ပဲထက် နှစ်ထောင်မှ သုံးထောင်ခန့်ဈေးပိုပေးရပြီး လက်ရှိရောရာမတ်ပဲတစ်တင်လျင် ၃၇၀၀၀ ဖြစ်နေကြောင်း ဓနုဖြူမြို့မှ မဝေပွဲရုံပိုင်ရှင်ဦးနိုင်၀င်းကပြောသည်။ ” ဈေးတွေကတော့ တောက်လျောက်တက်သွားတာပေါ့။ မျိုးချိန်ဆိုရင်တော့တက်သွားတာပေါ့။ ဈေးတွေကတော့တဖြည်းဖြည်းတက်သွာမှာပဲ။ မျိုးချိန်မှာဈေးမြင့်ရင် နောက်ပိုင်းမှာသူရဲ့လိုအပ်ချက်အရဈေးမြင့်နေလိမ့်မယ်။ မြင့်နေရင် ပေါ်ချိန်မှာတော့ရောင်းရမှာပဲ” ဟု၄င်းက ပြောသည်။ မြန်မာနိုင်ငံအထက်ပိုင်းဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းများတွင် မတ်ပဲကိုဩဂုတ်လ၊ စက်တင်ဘာလများတွင်စတင်စိုက်ပျိုးကြီးပြီ ဒီဇင်ဘာလအတွင်းပေါ်ပြီး မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန် ဧရာဝတီ ပဲခူးတိုင်းတို့တွင် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လများတွင်မတ်ပဲစတင်ပေါ်ကြောင်းသိရသ

Leave a Reply

Your email address will not be published.