ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ

ရွှေမန်း

ပြည်ပပို့ကုန်ပဲအမျိုးအစားဖြစ်သည့် ပဲစင်းငုံနှင့်မတ်ပဲတို့မှာ ဖေဖော်ဝါရီလထဲတွင် စျေးနှုန်းပြောင်းလဲမှုများရှိ သော်လည်း ယခုလအတွင်း စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ပဲကုန်သည်များထံကသိရသည်။

အိန္ဒိယနိုင်ငံမှ မတ်ပဲအား အခွန်ကင်းလွတ်ခွင့် သက်တမ်းထပ်မံတိုးမြင့်လိုက်ခြင်း၊ ပဲစင်းငုံမှာလည်း အခွန်းကင်း လွတ်ခွင့် နှင့် တင်ပို့ခွင့်သက်တမ်းတိုးထားခြင်းကြောင့် စျေးကွက်တည် ငြိမ် နေလာပြီး စျေးနှုန်းမှာလည်း တည် ငြိမ်လျက်ရှိခြင်းဖြစ်​သည်။

ပြည်ပပို့ကုန်ပဲများစျေးနှုန်းတည်ငြိမ်နေပြီး ပြည်တွင်းသုံးပဲအမျိုးအစားမှာ နယ်ပယ်ပေါင်းစုံ ဝင်ရောက်မှုများရှိ လာခြင်းကြောင့် လှောင်လက်များက စောင့်ကြည့်ဝယ်ယူနေကြသဖြင့် စျေးနှုန်းအားဖြင့် အနည်းငယ်အေးလာသည်။

“ မတ်ပဲနဲ့ ပဲစင်းငုံက အဓိက အိန္ဒိယစျေးကွက်ကိုတင်ပို့နေတာဖြစ်ပါတယ်၊ သူတို့က အခုလိုဝယ်ယူမှုသေချာ သွားတဲ့အတွက် သိုလှောင်သူတွေက ဝယ်ယူမှုသွက်လက်လာတယ်၊ ဒါကြောင့် စိုက်ပျိုးသူတွေအဆင်ပြေသလို၊ ကုန်သည်တွေလည်းအဆင်ပြေကြပါတယ် ´´ ဟု ပဲကုန်သည်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံအတွင်း မတ်ပဲ၊ ပဲစင်းငုံတို့မှာ ရာသီဥတုကြောင့် ပိုးမွှားများ အနည်းငယ်ကျဆင်းမှုတို့ကြောင့် ထွက် နှုန်းအနည်းငယ်ထိခိုက်ခဲ့ကြောင်း ထို့အတွက် စျေးနှုန်းအားဖြင့် ယခင်လများထက် ပိုမိုစျေးကောင်းနိုင်ချေရှိ ကြောင်း ကုန်သည်များကသုံးသပ်ထားသည်။

မတ် ၁၂ ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်) တစ်အိတ်လျှင်ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံမှာသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၈ဝဝဝ ခန့် ပေါက်ဈေး
ရှိနေသည်။ ပဲတီစိမ်း(အညာ)တစ်အိတ်လျှင် ငွေကျပ် ၂၇၅ဝဝဝပေါက်ဈေးရှိနေသည်။
ပြည်တွင်းသုံး အသစ်ဝင်ကုလားပဲပေါက်စျေးများမှာ ကုလားပဲလုံး
V2 ကုလားပဲ – ၅၇.၂၅ ပိဿာ – ( သစ်) တစ်အိတ်လျှင်ငွေကျပ် ၂၃၀၀၀၀၊V7 ကုလားပဲ- ၅၇.၂၅ ပိဿာ – (သစ်) တစ်အိတ်လျှင်ငွေကျပ် ၂၄၅၀၀၀၊ထိုင်ဝမ်ကုလားပဲ – ၅၆.၂၅ ပိဿာ – (သစ်) တစ်အိတ်လျှင်ငွေကျပ် ၂၁၀၀၀၀၊929ကုလားပဲ – ၅၆.၂၅ ပိဿာ – (သစ်)တစ်အိတ်လျှင်ငွေကျပ် ၂၂၃၀၀၀ အသီးသီးပေါက်စျေးရှိနေသည်။

အသစ်ဝင် ပဲမာလိုင်းများမှာပဲလွန်းဖြူ ပိဿာ ၆ဝ တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ပဲလွန်းပြာ ပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂ဝဝဝဝဝ၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၅ဝဝဝ၊
ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ်
၃၂၀၀၀၀၊ စားတော်ပဲ(ကနေဒါ)
တစ်စိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊
ကျွန်းစားတော်ပဲတစ်အိတ်လျှင်
ငွေကျပ် ၃၆၀၀၀၀-၃၇၀၀၀၀၊ မြေပဲလုံးဆန်တစ်ပိဿာလျှင် ငွေကျပ် ၉၃၀ဝ- ၉၅၀ဝ ပေါက်ဈေးအဖြစ် ဈေးရှိ နေ သည်။

မန္တလေးဈေးကွက်တွင်ပြောင်းဖူး(ဗမာ) ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၃၀၀၀- ၈၄၀၀၀ ပြောင်းဖူး(ရှမ်း) ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၄၀၀၀ ၈၅၀၀၀၊ပြောင်းဖူး(CP) ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၈၅၀၀၀ -၈၆၀၀၀၊အထွက်တိုး ပြောင်း(ဖြူ) ၅၃တစ်ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၈၃ဝ၀ဝ အသီးသီး ပေါက်ဈေးရှိနေသည်။

Leave a Reply

Your email address will not be published.