ပြည်ပတင်ပို့ရန်နှမ်းနက်နှင့်ကုလားပဲများဈေးကွက်အတွင်းအရောင်းအဝယ်သွတ်နေ၊တင်ပို့ခွင့်ပိတ်ထားသော်လည်းမြေပဲဆံဈေးအမြင့်ဈေးဖြစ်လာ

ရွှေမန်း

ပြည်ပတင်ပို့ရန်နှမ်းနက်နှင့်ကုလားအုပ်စုပဲများ ဈေးကွက်အတွင်းအရောင်းသွက်နေပြီး တင်ပို့ခွင့်ပိတ်ထားသည့် မြေပဲဆံမှာ အမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

နှမ်းနက်မှာ တရုတ်နိုင်ငံမှ ဝယ်လက်များ ပြန်လည်ဝယ်ယူလာတာကြောင့် ယခုသီတင်းပတ်တွင် အရောင်းအဝယ်ပြန်သွတ်လာပြီး သုံးတင်းဝင်တစ်အိတ် ကျပ် ၂၂၀၀၀၀-၂၃၀၀၀၀ ပေါက်ဈေးရှိလာကြောင်း ကုလားပဲအုပ်စုမှာ နိုင်ငံခြင်းတင်ပို့မှု အတွက် ယခုသီတင်းပတ်အတွင်း ဈေးကောင်း အဝယ်လိုက်လာကြောင်း ပဲမာလိုင်းများမှာ ပြောင်းလဲမှု မရှိပုံမှန်ဈေးကွက်သာရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

]တရုတ်ပို့ကုန်လမ်းကြောင်း ပြန်ကောင်းလာလို့ နှမ်းနက်ထိပ်စ တွေ အဝယ်ပြန်လိုက်လာလို့ သုံးတင်းတစ်အိတ် ကျပ် ၂၂၀၀၀၀-၂၃၀၀၀၀ ထိပေါက်ဈေးရှိလာပါတယ်။လက်ကျန်ပစ္စည်းလည်းနည်းပါတယ်။အလတ်စတွေသာ လက်ကျန်များနေတာပါ။မြေပဲဆံဈေးတွေကတော့ ထိပ်စ တစ်ပိဿာကျပ် ၄၀၀၀-၄၁၀၀ ပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းအညာတွေကတော့ဈေးငြိမ်နေပါတယ်။ကုလားပဲအုပ်စုကတော့ ပြည်ပပို့ဖို့ အဝယ်လိုက်လာနေတာ ဗွီး၇ ကသုံးတင်းတစ်အိတ် ၁၅၀၀၀၀၊ ဗွီးတူး ကုလားပဲသုံးတင်းတစ်အိတ် ကျပ်၁၄၄၀၀၀၊ထိုင်ဝမ်ကုလားပဲ သုံးတင်းတစ်အိတ် ကျပ်၁၂၆၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပဲမာလိုင်းများမှာ ယခင်သီတင်းပိတ်အတိုင်း ပြောင်းလဲ မရှိပုံမှန်ဈေးကွက်အတိုင်းပဲရှိပါတယ် }ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း

ပို့ကုန်ပဲများတွင် ပဲတီစိမ်း ဈေးကွက်မှာ ဆက်လက် အရောင်းအဝယ်သွက် နေပြီ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ်ကျဆင်းနေသည်။ ပဲတီစိမ်းမှာ တရုတ်အဝယ်လိုက် လာသဖြင့် အညာပဲတီစိမ်းများပါ လိုက်ပါ ဆက်လက်ဈေးကောင်းလာခြင်းဖြစ် သည်။ မေ ၁၈ ရက်တွင် မတ်ပဲ တစ်အိတ်ငွေကျပ်၁၃၈၀၀၊ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၂၇၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ် ငွေကျပ် ၁၅၀၀၀၀၊ပဲတီစိမ်းအညာတစ်အိတ် ငွေကျပ် ၁၃၈၀၀၀ပေါက်ဈေးရှိ နေသည်။

မြေပဲ

မြေပဲဆံကို ပြည်ပတင်ပို့မှုပိတ်ထားသော်လည်းပြည်တွင်း ဆီစက်ပိုင်များ အဝယ်လိုက်နေတာကြောင့် တစ်ပိဿာကျပ် ၄၀၀၀ ကျော်ကို ပြန်လည်ရောက်ရှိလာသည်။ မေ၁၈ရက်တွင် အက်စ်ဝမ်းမြေပဲဆံတစ်ပိဿာ ငွေကျပ်၄၀၀၀-၄၁၀၀ ပေါက်ဈေးဖြစ်လာ သည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၈၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ်၈၀၀၀၊ ပြင်ပတွင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၇၀၀၀ကျော် ပေါက်ဈေး သာရှိပြီး ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် မရှိကြောင်းသိရသည်။လက်ရှိအသစ်ဝင်ရောက်နေသည့် အညာမြေပဲဆံများမှာလည်း ဧရာဝတီမြစ်ရေတက်တာကြောင့် မြေပဲစိုက်ခင်းများပျက်စီးလျှက်ရှိကြောင်း ကျွန်းစိုက်ခင်းများမှ တောင်သူများထံမှသိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ငွေကျပ် ၁၄၄၀၀၀၊တစ်အိတ် ၄၀၀၀ကျပ် ဈေးမြင့်တက်လာ ၊ပဲယင်းတစ်အိတ်ငွေကျပ် ၁၃၅၀၀၀ တစ်အိတ်၆၅၀၀၀ခန့် ဈေးကျဆင်း ၊ ပဲကြီးတစ်အိတ်ငွေကျပ် ၁၉၅၀၀၀၊တစ်အိတ်ကျပ် ၅၀၀၀ ဈေးမြင့်တက်၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၁၃၀၀၀၀၊ ဈေးငြိမ်၊ စွန်တာပြာ တစ်အိတ် ငွေကျပ် ၁၃၀၀၀၀ ဈေးငြိမ်၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ် ၁၆၀၀၀၀ ဈေးငြိမ် ၊ကျွန်းစားတော်ပဲတစ်အိတ် ငွေကျပ် ၂၆၅၀၀၀ တစ်အိတ် ကျပ် ၅၀၀၀ဈေးတက်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.