ရွှေမန်း

ပို့ကုန်ပဲများ ပြည်ပတင်ပို့မှု ကောင်းနေတာကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ပဲတီစိမ်းများ ဝယ်လိုအား ကောင်း အမြင့်ဈေး ဖြစ်လာသလို ပြည်တွင်းသုံး ပဲမာလိုင်းများ လည်း လိုက်ပါဈေးမြင့် တက်နေ ကြောင်း ပဲ၊နှမ်းကုန်သည်များ ထံ က သိရသည်။

ပြည်ပသင်္ဘောတင်ပို့မှုနှင့် ဒေါ်လာငွေ ဈေးအပြောင်းအလဲကို စောင့်ကြည့်ဝယ်ယူနေသည့် ပို့ကုန် သမားများနှင့် ပြည်တွင်း လှောင် လက်သမားများ ဖေဖော်ဝါရီ လဆန်းပိုင်းရက်များတွင် ဝယ်လို အား သိသိသာသာ ကောင်းလာ သလို ပဲနှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပဲမျိုးစုံ ဈေးကောင်းရရှိနေကြောင်း ယခင် နှစ်ကာလတူထက် ပဲ၊နှမ်းတစ်အိတ် ငွေကျပ် ၅၀၀၀၀ခန့် ဈေးပိုမို ရရှိနေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“အသစ်ဝင် ပဲဈေးကွက်က အကုန်လုံး ဈေးကောင်းအဝယ် သွက်နေပါတယ်။ ပို့ကုန်ပဲအားလုံး ရော တရုတ်လိုင်းပဲ အားလုံး၊ ပြည်တွင်းသုံး ပဲမာလိုင်းအကုန် ဈေးမြင့်တက်လာပါတယ်။ကာလ တူ မနှစ်က ပဲဈေးတွေထက် လက်ရှိပဲရာသီ အသစ်မှာ ပဲဈေး တွေက တစ်အိတ်ငွေကျပ် ၅၀၀၀၀ ဝန်းကျင် ပိုမိုမြင့်မားနေပါတယ်။အရင်နှစ်တွေက ပို့ကုန်ပဲတွေ လောက်ပဲ ဈေးမြင့်နေတာမျိုးနဲ့ ပြည်တွင်းသုံးပဲတွေက ဈေးကျ ဆင်းနေတာမျိုးဖြစ်ခဲ့တာအခုတော့ ပို့ကုန်ပဲတွေနဲ့အတူ ပြည်တွင်းသုံး ပဲ တွေပါလိုက်ပါ ဈေးမြင့်တက် လာပါတယ်´´ဟု ၎င်းက ပြောသည်။

သို့သော်လည်း တောင်သူများ အနေဖြင့် သွင်းအားစုများ အပါ အဝင်၊ သယ်ပို့စရိတ်အလုပ်သမား စရိတ်များလည်း မြင့်မားနေတာ ကြောင့် အကျိုးအမြတ်ရ သင့် သလောက် မရရှိနိုင်ကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်း သုံး ပဲမာလိုင်းများ ကောင်းလာ တာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
]တောင်သူတွေ ပဲအမြင့်ဈေး ရသလို စိုက်ပျိုးထုတ်လုပ်စရိတ် တွေလည်း မြင့်မားနေတာပါ။အလုပ်သမားစရိတ် သယ်ယူ ပို့ ဆောင်စရိတ်တွေလည်း မြင့်လာ တော့ အကျိုးအမြတ်ရှိတယ် ဆိုရုံ လောက်ပါ။ ဖေဖော်ဝါရီလဆန်း ပိုင်းမှာတော့ ပို့ကုန်ပဲတွေ အပြင် ပြည်တွင်း ပဲမာတွေ ဈေးကောင်း နေတာမို့ ပဲ၊နှမ်းဈေးကွက် တစ်ခု လုံး အရောင်းအဝယ် ကောင်း နေပါတယ်}ဟု၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ပြည်ပသင်္ဘောတင်ပို့ကုန် လိုင်း အဆင်ပြေလာသလို ဒေါ်လာ ဈေးကောင်းလာတာကြောင့် လည်း ပို့ကုန်ပဲများ တဖြည်းဖြည်း ဈေးမြင့်တက်လာရာ ဖေဖော်ဝါရီ ၁ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၇၃၀၀၀၊ ပဲ စင်းငုံတစ်အိတ် ငွေကျပ်၁၈၀၀၀၀၊ ပဲတီစိမ်းရွှေဝါတစ်အိတ်၂၂၀၀၀၀၊ အညာမှာ ထိပ်စသုံး တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀၀ ပေါက် ဈေးရှိသည်။

နှမ်း၊ မြေပဲ

နယ်စပ်တင်ပို့မှုထက် ပင်လယ် သင်္ဘောတင်ပို့မှုက ပိုမိုစရိတ် သက်သာတာကြောင့် ရန်ကုန်လိုင်း အဝယ်လိုင်း အဝယ်ကောင်းနေရာ နှမ်းဖြူ ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀ထိ ပေါက်ဈေး ဖြစ်လာပြီး နှမ်းနက် စမုန်မှာ တစ် အိတ် ငွေကျပ် ၃၀၅၀၀၀ ထိ ပေါက် ဈေးရှိလာသည်။ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၇၂၀၀၊ ဆီ ဆန်တစ်ပိဿာ ငွေကျပ် ၆၁၀၀ ပေါက်ဈေးထိ အမြင့်ဈေးဖြစ်လာ သည်။

ပို့ကုန်ပဲများ ဈေးကောင်း ရရှိတာနှင့်အတူ ပြည်တွင်းသုံး ပဲမာလိုင်းများလည်း သိသိသာ အမြင့်ဈေးသို့ ရောက်ရှိလာရာ ဖေဖော်ဝါရီ၁ရက်နေ့တွင် ကုလား ပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၄၈၅၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေ ကျပ် ၂၅၀၀၀၀၊ ပဲထောပတ် (သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲဇီးကွက် တစ်အိတ် လျှင် ငွေကျပ် ၁၄၇၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

Leave a Reply

Your email address will not be published.