ရွှေမန်း
ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊တရုတ်နိုင်ငံများသို့ တင်ပို့မှုနည်းသဖြင့် ပြည်တွင်း ဆိတ်အရှင်စျေးကွက် ကျဆင်းနေကြောင်း ဆိတ် မွေးမြူသူများထံကသိရသည်။
မိုးတွင်းကာလတးသည် နှစ်စဥ် ဆိတ်အရှင်စျေးကွက် ကျဆင်းလေ့ရှိသည့်အပြင် ပြည်ပဝယ်ယူမှုအနည်းငယ်တန့်နေခြင်းကြောင့် ယခုကဲ့သို့စျေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်းသိရသည်။
‘ ပြည်ပနိုင်ငံတွေက အဝယ်နည်းသလို ပြည် တွင်းမှာလည်း အဝယ်ကနည်းတော့ စျေးတွေ ကျဆင်းနေတာဖြစ်ပါတယ်၊ ဒါကလည်း ခဏပါပဲ ပြည်ပဝယ်လိုအား ကောင်းလာတာနဲ့ စျေးနှုန်းပြန်ကောင်းလာမှာပါ’ ဟုတ် ဆိတ်အရှင်မွေးမြူသူတစ်ဦးကပြောသည်။
ပြည်တွင်းစြေေးကှကျအတှငျး လက်ရှိစျေးနှုန်းများမှာ တစ်ပိသာလျှင် ၈၀၀၀ ကျပ်နီးပါးစျေးရှိကြောင်းသိရသည်။
ဆိတ်မွေးမြူရာတွင် ဆိတ်တစ်ကောင်မှာတစ်နှစ်လျှင် နှစ်ကြိမ် သားပေါက်ပြီး တစ်ကြိမ်လျှင် အများဆုံး ဆိတ်တစ်ကောင်မှ ၂ကောင်ပေါက်လေ့ရှိကြောင်း၊ ရံဖန်ရံခါ မှသာ ၃ ကောင်ပေါက်လေ့ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်ဆိတ်အမျိုးအစားသုံးမျိုးရှိရာ ယင်းတို့မှာ ထိန်စမ်းမျိုး၊ ဂျိတ်နီမျိုး နှင့် ဝေသာလီဆိတ်မျိုးတို့ဖြစ်ပြီး ဆိတ်မွေးမြူရေးကို အညာဒေသတွင်ပိုမိုလုပ်ကိုင်ကြကြောင်းသိရသည်။
Leave a Reply