ပြည်တွင်း ပဲဖတ် ၊နှမ်းဖတ်၊နေကြာနဲ့မုန်ညှင်းဖတ်စျေးတွေ မြင့်တက်လာ

ရွှေမန်း

ပြည်ပမှ ပဲပုတ်တင်သွင်းခွင့်ကန့်သတ်လိုက်ပြီးနောက် ပြည်တွင်း ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ်နှင့် မုန့်ညှင်းဖတ် စျေးများမြင့်တက်လာကြောင်းသိရသည်။
နိုင်ငံခြားငွေသုံးစွဲမှုများကို စိစစ်ကန့်သတ်ချက်များကြောင့် အရေးကြီးကုန်စည်များမှ အပ ကျန်သွင်းကုန်များကို နိုင်ငံခြားငွေ သုံးစွဲမှုလျော့ချနိုင်ရန် တင်သွင်းမှုများ ကို ဗဟိုဘဏ်က စိစစစ်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

ယခု စက်တင်ဘာလဆန်းပိုင်း မှာ ​ပဲဖတ် ၊နှမ်းဖတ် ၊ နေကြာဖတ် နဲ့ မုန်ညှင်းဖတ် စျေးနှုန်းတွေမြင့်တက်လာပြီး စျေးကောင်းရနေခြင်းဖြစ်သည်။

မြေပဲ၊နှမ်း ၊နေကြာ၊မုန်ညှင်း သီးနှံတွေကို ဆီကြိတ်ရာမှထွက်ရှိတဲ့ ပဲဖတ် ၊နှမ်းဖတ် ၊ နေကြာဖတ် နဲ့ မုန်ညှင်းဖတ်တွေကို မွေးမြူရေးအစာအဖြစ် ငါးမွေးမြူရေးလုပ်ကိုင်သူတွေနဲ့ မွေးမြူရေးအစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေသည့်အတွက် စျေးကွက်ကမြင့်တက်ခြင်းဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းကဖြစ်ပေါ်ခဲ့သည့် ပဲဖတ်၊နှမ်းဖတ်၊နေကြာဖတ်နဲ့မုန်ညှင်းဖတ်စျေးနဲ့ လက်ရှိစက်တင်ဘာလဆန်းပိုင်း စျေးကွက်ယှဉ်ပါက အမျိုးအစားတခုချင်းအလိုက် တစ်ပိဿာကို ၈၀၀ ကျပ်မှ ၁၇၀၀ ကျပ်ကြား မြင့်တက်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၉ ရက်နေ့တွင် ပဲဖတ် တစ်ပိဿာ ငွေကျပ် ၅၈၀၀၊နှမ်းဖတ် – ၁ ပိဿာငွေကကျပ် ၃၉၅၀၊နေကြာဖက် – ၁ပိဿာ ငွေကျပ် ၃၀၅၀၊မုန့်ညှင်းဖတ် ၁ ပိဿာ ငွေကျပ် ၃၀၅၀ အသီးသီးပေါက်စျေးရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် မိုးရာသီစိုက်ဆီထွက်သီးနှံများကိုတိုးချဲ့စိုက်ပျိုးထားသလို လာမည့်ဆောင်စိုက်ရာသီတွင်လည်း မြေပဲ၊နှမ်း၊နေကြာ၊ဝါသီးနှံများကို သွင်းကုန်အစားထိုးနိုင်ရန် နှင့်နိုင်ငံခြားငွေသုံးစွဲမှုလျော့ချရန် ရည်ရွယ်ပြီး စီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published.