ပြည်တွင်း ဆန်/စပါးအမျိုးအစားအလိုက် ဈေးမြင့်လာရာ ဆန်/စပါးသိုလှောင်မှုအတွက် တင်ပြရမည့် လုပ်ငန်းအဖွဲ့ဖွဲ့စည်း

ရွှေမန်း

ပြည်တွင်းဈေးကွက်၌ မေလဆန်းနောက်ပိုင်းဆန်/စပါးဈေးနှုန်းများ ဈေးအမြင့်ပိုင်းသို့ ရောက်ရှိလာပြီး ဆန်ဈေး ကွက်တွင် သမရိုးကျရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင် ရန်အတွက် ဆန်/စပါးသို လှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကို အစည်းလိုက် ကြောင်းသိရသည်။

လက်ရှိတွင် ဆန်တစ်ပိုင်းဈေးနှုန်းများအရ သစ်ဈေးမှာငွေကျပ် ၃၀၀၀ ၀န်းကျင်၊ဆန်အဟောင်းမှာ ငွေကျပ် တစ်သောင်းဝန်းကျင်နှင့် စပါးတင်းတစ်ရာလျင် ငွေကျပ် ၂၀၀၀၀၀ ၀န်းကျင် ဈေးမြင့်လာသည်ဟု ဆန်စပါး ကုန်သည်တစ်ဦးကပြောသည်။

“ဆန်စပါး သိုလှောင်မှုကို မှတ်ပုံတင်ဖို့ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း မေ ၉ ရက်နေ့က စာထုတ်ပြန်ထား တယ်။တကယ်လုပ်ပေးနိုင်ရင်ကောင်းပေမယ့် ဆန်/စပါးဈေးကွက်အပေါ် သက်ရောက်မှုရှိတယ်။ဈေးမြင့်လာ တာက မုန်တိုင်းအခြေအနေရော၊အခြေအနေအရပ်ရပ်ကြောင့် ဈေးမြင့်လာတယ်ထင်ပါတယ်”ဟု ၎င်းကပြော သည်။

ဆန်/စပါးဈေးကွက်တွင် ပြည်တွင်းစားသုံးမှုဆန်ကြမ်းနှင့် Export တင်ပို့နိုင်သည့် ဆန်နှင့် စပါးဈေးမှာ ပိုမို ဈေးကောင်းနေပြီး အခြားဆန်/စပါးဈေးများမှာလည်း အလားတူဈေးမြင့်လာမှုများရှိကြောင်း၊စပါးဈေးမှာ ရက်ပိုင်းအတွင်း တင်းတစ်ရာလျင် စပါးအမျိုးအစားအလိုက်အမြင့်ဆုံးငွေကျပ် သိန်း၂၀ ၀န်းကျင်ထိ ဈေးရှိ လာပြီး မြေပြင်တွင် ယင်းဈေးနှုန်းဖြင့် ရောင်းချသူမရှိဖြစ် နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.