ပြည်တွင်း ဆန်စျေးမြင့်မားနေချိန် မန္တလေးဈေးကွက်သို့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ ဆန်များဝင်ရောက်နေ

ရွှေမန်း

ပြည်တွင်း ဆန်စျေးမြင့်မားနေချိန် မန္တလေးဈေးကွက်သို့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ ဆန်များဝင်ရောက်နေကြောင်းသိရသည်။

မန္တလေးဈေးကွက်သို့ ဈေးနုန်းသက်သာသော အိန္ဒိယ ဆန်များဝင်ရောက်ရှိရာ ၀ယ်လိုအားကောင်းနေ
စားသုံးသူသက်သာချောင်ချိရေးအတွက် ရည်ရွယ်၍ အိန္ဒိယဘက်မှ ပြည်တွင်းထွက် သုခဆန်ကဲ့သို့ စားသုံး နိုင်သည့် ဈေးနုန်းသက်သာသော ဆန်များမှာ မန္တလေးဈေးကွက်သို့ နိုဝင်ဘာ ၁ ရက်မှ စတင်ဖြန့်ချိရောင်းချ လျက်ရှိရာ ၀ယ်လိုအားကောင်း နေကြောင်း သိရသည်။

အိန္ဒိယမှ ဆန်များတင်သွင်းမှုမှာ ယခုမှ မဟုတ်ဘဲ ယခင်နှစ်များမှာလည်း ပြည်တွင်းဆန်ဈေးထက် ဈေးနုန်း သက်သာချိန်တွင် ဆန်ကုန်သည်အချို့က တင်သွင်းသွင်းရောင်းချမှုများရှိခဲ့သည်ဟုဆိုသည်။

“ဒီနှစ် စက်တင်ဘာတုန်းက စမ်းသပ်တဲ့သဘောနဲ့ သွင်းခဲ့တာ။အားလုံးရောင်းကုန်သွားတယ်။ သုခဆန်လို နူးညံ့တယ်။ဆန်အိုးတက်မယ်၊ပိုးမပါဘူးဆိုတာ အာမခံတယ်။စမ်းသပ်တင်သွင်းတုန်းက မှာထားသူတွေရဲ့ Pre Order တွေ ပို့ပေးနေပြီ။အဓိကတော့ စားသုံးသူတွေ ဈေးသက်သာဖို့ပါ။မန္တလေး၊ စက်မှုဇုန်မှာ ၀ယ်ယူနိုင်ပါတယ်” ဟု အိန္ဒိယဆန်တင်သွင်းရောင်းချသူက ပြောသည်။

အဆိုပါဆန် ဆန်သားမှာ ၈၅%နင့် အမျိုးအစားမှာမိုးအသွယ်ဆန်အဟောင်းဖြစ်၍ ပိဿာ ၃၀ တစ်အိတ် (တစ်ပိုင်း)လျင် ပွဲရုံအထိုင်ဈေးငွေကျပ် ၃၇၅၀၀ နှင့်ရောင်းချပေးပြီး အထူး လက်ကားဈေးနုန်းလည်းရှိ ကြောင်း၊ စားသုံးသူများ ဈေးသက်သာစွာ ၀ယ်ယူစားသုံးနိုင်ရေးအတွက် ယခုကဲ့သို့ တင်သွင်းရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိပြည်ရှိဆန်အဟောင်းစျေးကွက်မှာ တစ်တင်းခွဲတစ်အိတ်လျင် ကျပ် ၄၅၀၀၀ ဝန်းကျင်အနိမ့်ဆုံးပေါက်စျေးရှိနေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.