ပြည်တွင်း၌ သကြားလိုအပ်ချက်များပြားမှုကြောင့် သကြားတစ်ပိသာ ငွေကျပ် ၃၀၀၀ နီးပါးထိစံချိန်တင်စျေးမြင့်တက်လာ

ရွှေမန်း

ပြည်တွင်း၌ သကြားအခြေခံစားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများနှင့် စားသုံးသူလိုအပ်ချက်မြင့်မားလာ ခြင်းနှင့် ကြံထွက်နှုန်းလျော့ကျသဖြင့် သကြားထုတ်လုပ်မှုလျောနည်းမှုကြောင့် သကြားတစ်ပိသာ ငွေ ကျပ် ၃၀၀၀ နီးပါးထိစံချိန်တင်စျေးမြင့်တက်လာကြောင်းသိရသည်။

ကြံများ ကြိတ်ဝါး၍ သကြားထုတ်လုပ်သည့် စက်ရုံပေါင်း ၃၀ ကျော်ရှိရာ အချို့စက်ရုံများမှ သကြားထုတ် လုပ်မှုပြီးဆုံးပြီဖြစ်ပြီး ပြည်တွင်းစားသုံးမှုဖူလှုံရန် ဆောင်ရွက်နေရသည်ဟု မြန်မာနိုင်ငံ၊သ ကြားနှင့်ကြံ ထွက် လုပ်ငန်းရှင်များအသင်း၊ဒုဥက္ကဌ ဦးဝင်းဌေးက ပြောသည်။

“ကြံစိုက်ရာသီတုန်းက နောက်မိုးခေါင်လို့ ကြံထွက်နုန်းလျော့နည်းသွားသလို ပြည်ပကို ကြိုတင်ရောင်းထားတာ ကြောင့် အဲဒီကို ပို့နေရတယ်။ပြည်တွင်းထွက်နုန်းနည်းတာနဲ့ သကြားကို ပြည်ပကနေ တင်သွင်းတာမရှိတော့လို့ ပြည်တွင်းသကြားက လိုအပ်ချက်များလာပြီး တစ်ပိသာ ငွေကျပ်၂၅၀၀ ကနေ ၃၀၀၀ နီးပါးဖြစ်လာတယ်။ ရန်ကုန်မှာ ၃၀၀၀ လောက်ပေါက်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက သကြားတစ်ပိသာ ငွေကျပ် ၂၆၀၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာက လက်ရှိတွင် ငွေ ကျပ်၂၉၀၀ ပေါက်ဈေးရှိ ကြောင်း၊ ကြံစိုက်ရာသီတွင် ကြံစိုက်ပျိုးမှုမှ ထွက်နှုန်း ၁၀ ရာခိုင်နှုန်းကျော်လျော့နည်း သွားခြင်း၊ပြည်ပသို့ တင်ပို့နေရခြင်းနှင့် ပြည်ပမှ သကြားတင်သွင်းမှုမရှိတော့ခြင်းတို့ ကြောင့် ပြည်တွင်းထုတ် သကြားမှာ ဈေးမြင့်လာကြောင်းသိရသည်။

“ကြံကြိတ်ဝါးမယ့် သကြားစက်အသစ် ၃ စက်ကလာမယ့် ကြံရာသီမှာ စတင်လည်ပတ်တော့မှာဖြစ်လို့ ကြံတန် ချိန် ၂၀၀၀၀ ကြိတ်ဝါးပြီးသကြား တန်ချိန် ၂၀၀၀၀ လောက်ထွက်နှုန်းတိုးလာမယ်။စက်ရုံတွေတိုးလာလို့ ကြံလို အပ်ချက်ဖြည့်ဆည်းဖို့ရော၊သကြားဈေးကောင်းရတာကြောင့် စိုက်ဧကတွေ တိုးလာတယ်။ခုဆိုရင် စိုက်တောင် နေကြပြီ”ဟု ဆက်လက်ပြောကြားသည်။

ရှမ်းပြည်နယ်တွင် ကြံတန်ချိန် တစ်သောင်း ကြိတ်ဝါးနိုင်မည့် စက်ရုံတစ်ရုံနှင့် စစ်ကိုင်းတိုင်းတွင် ကြံတန်ချိန် ငါးထောင်စီကြိတ်ဝါးနိုင်မည့် စက်ရုံ ၂ ရုံ လည်ပတ်တော့မည်ဖြစ်၍ လာမည့်ကြံရာသီတွင် သကြား တန်ချိန် ၂၀၀၀၀ ဝန်းကျင် ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.