ပြည်တွင်း၌ သကြားစက် ၄ ခုအသစ်တိုးချဲ့လည်ပတ်မည်ဖြစ်ရာ စွန့်ထုတ်ပစ္စည်းများမှ စွမ်းအင် ထုတ်ရေး ဆောင်ရွက်သင့်

ရွှေမန်း

ပြည်တွင်း၌ အသစ်တည်ဆောက်နေသော သကြားစက် ၄ ခုရှိရာ လည်ပတ်မှုစတင်ပါက ယခင်ထက် ကြိတ် ဝါးပြီး ကြံဖတ်များမှ စွန့်ထုတ်ပစ္စည်းတန်ချိန်များစွာရရှိလာမှာဖြစ်၍ ၎င်းစွန့်ထုတ်ပစ္စည်းများမှ စွမ်းအင်ထုတ် လုပ်နိုင်ရေးဆောင်ရွက်သင့်ကြောင်း သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်း ရှင်များ အသင်းမှ ဒုတိယဥက္ကဌ ဦးဝင်းဌေးကပြောသည်။

သကြားစက်ရုံများမှာ ထွက်ရှိလာသည့် စွန့်ထုတ်ပစ္စည်းကြိတ်ဝါးဖတ်များမှ လျပ်စစ်စွမ်းအင်နှင့် စက်သုံးဆီထုတ် လုပ်ရန် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည်ဟုဆိုသည်။

“သကြားစက်တည်ထောင်တာက အရင်းအနှီးများတယ်။ကြံတန်ချိန်များများ ကြိတ်ဝါးနိုင်တဲ့ စက်ရုံဖြစ်ဖို့ အရင်း အနီးက ဒေါ်လာသန်းချီကုန်တယ်။ရှမ်း(မြောက်)မှာ ကြံတန်ချိန် ၁၂၀၀၀ ကြိတ်ဝါးနိုင်မယ့် သကြားစက်အသစ် နဲ့ စစ်ကိုင်းတိုင်း ကသာမှာ သကြားစက်စစ်ကိုင်း တိုင်းမှာ စက်အသစ် ၂ ခု။ရှမ်းမြောက်နောင်ချိုမှာ ၂ ခုပေါ် ထွက် လာမယ်”ဟု ၎င်းကပြောသည်။

ပြည်တွင်း၌ သကြားစက်ပေါင်း ၃၀ခန့်ရှိပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သကြားစက်အသစ်၂ ခုနှင့် စစ်ကိုင်း တိုင်းဒေသကြီးတွင်၂ ခု၊ စုစုပေါင်း ၄ စက်အသစ်တိုးလာမည်ဖြစ်ကြောင်း၊တချိန်က သကြားစက်တစ်ခုမှ ကြိတ်ဝါး ကြံဖတ်များမှ စက်သုံးဆီ ထုတ်လုပ်ခဲ့သော်လည်း ထုတ်လုပ်သည့်စက်နှင့်နည်းပညာအားနည်းသဖြင့် ဈေးကွက်တွင် မအောင်မြင်ခဲ့ ကြောင်းသိရသည်။

“စက်ရုံတွေများလာရင် ကြိတ်ဝါးထွက်ရှိလာမယ့် စွန့်ထုတ်ပစ္စည်းပမာဏ များလာပြီ။ အဲဒါတွေကို စက်နဲ့ နည်း ပညာကောင်းကောင်းနဲ့ စီးပွားဖြစ်သုံးနိုင်တဲ့ စက်သုံးဆီနဲ့ လျပ်စစ် ဓါတ်အားလည်း ထုတ်လို့ရတာကြောင့် ပေါ်လစီလိုပါတယ်။”ဟု ၎င်းကပြောသည်။

ပြည်တွင်းမှ ထွက်ရှိသော သကြားမှာ ပြည်တွင်းစားသုံးမှုဖူလှုံသည့်အပြင် ပြည်ပသို့တင်ပို့ခဲ့ရာ၌ ပြီးခဲ့သည့် ကြံရာသီတွင် ဗီယက်နမ်နိုင်ငံသို့ ကြံတန်ချိန် ၄၀၀၀၀ ဝန်းကျင်ကို Over Sea ဖြင့် တင်ပို့နိုင်ခဲ့ပြီး တရုတ်ဘက် တင်ပို့မှုတွင် ကိုဗစ်ကန့်သတ်ချက်များကြောင့် နယ်စပ်မှ တင်ပို့မှု မရှိသလောက်နည်းပါးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.