ပြည်တွင်း၌ စိုက်ပျိုးသည့် ဂျုံသီးနှံများ ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်ပြီး ဈေးနှုန်းတည်ငြိမ်စွာဖြင့် အရောင်းအဝယ်သွက်နေ

ရွှေမန်း

ပြည်တွင်း၌ စိုက်ပျိုးသည့် မြန်မာလယ်ယာထွက်ကုန် ဂျုံသီးနှံများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းတည်ငြိမ်စွာဖြင့် မန္တလေးဈေးကွက်အတွင်း၌ အရောင်းအဝယ်များသွက်လက်ကောင်းမွန်နေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

ဂျုံသီးနှံများသည် မန္တလေးဈေးကွက်အတွင်းသို့ နယ်စုံဒေ သတို့မှ ဝင်ရောက်လာကာ အရောင်းအဝယ်သွက်လက်ကောင်းမွန် နေကြောင်း၊ ဂျုံသီးနှံသည် ဖေဖော်ဝါရီလအတွင်းက သုံးတင်းဝင် တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀ ဈေးရှိခဲ့ပြီး၊ ယခုအချိန်တွင်လည်း သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀ ဈေးဖြင့်ရှိနေကာ ဈေး ကွက်အတွင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့် အရောင်းအဝယ်များသွက် လက်ကောင်းမွန်နေကြောင်း၊ ထိုသို့ဈေးနှုန်းတည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းစားသုံးသူပြည်သူများအတွက် အဆင်ပြေလျက်ရှိနေ ကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြော သည်။

” ဂျုံသီးနှံတွေက ဈေးနှုန်းတည်ငြိမ်စွာနဲ့ အရောင်းအဝယ်တွေသွက် လက်နေပါတယ်။ ဂျုံသီးနှံကတော့ ကမ္ဘာမှာစားသုံးမှုအ များဆုံးသီးနှံဖြစ်တယ်။ မြန်မာနိုင်ငံမှာတော့ ဆန်စပါးပြီးရင် ဂျုံသီးနှံ ဟာ ဒုတိယအများဆုံးစားသုံးတဲ့ သီးနှံဖြစ်ပါတယ်။ ဂျုံတွေ ဈေးကွက်အတွင်း အရောင်းအဝယ်တွေ သွက်လက် ကောင်းမွန်နေတာကြောင့် တောင်ပေါ်၊ မြေပြန့် ဂျုံစိုက်တောင်သူ တွေအတွက် အမြတ်အစွန်းရပြီး အကျိုးရှိတဲ့ နှစ်ဖြစ်ပါတယ်။ ယခင် က ဂျုံမှုန့်ကို ပြည်ပကနေမှာယူတင်သွင်းတာတွေရှိခဲ့ပါတယ်။ ဒါ ကြောင့် နိုင်ငံခြားဝင်ငွေယိုဖိတ်မှုကို တားဆီးနိုင်အောင်လို့ ဒုတိယ အများဆုံးစားသုံးတဲ့ ဂျုံစိုက်ဧကတွေကို တိုးချဲ့ပြီးစိုက်ပျိုးသင့်ပါ တယ်။ ယခုလိုဂျုံဈေးတွေ ကောင်းနေတာကြောင့် လာမယ့်နှစ်ဂျုံရာ သီမှာ စိုက်ဧကတွေတိုးလာမှာပါ။ ဆယ်စုနှစ်အတွင်းမှာ ဂျုံစားသုံး သူတွေဟာ ပြည်တွင်းမှာ တစ်နှစ်ထက်တစ်နှစ်များပြားလာပါတယ်။ ဂျုံကလည်း မြန်မာပြည်အတွက် စားသုံးတဲ့နေရာမှာ အရေးပါတဲ့အ ရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဂျုံသီးနှံကို တစ်နှစ်လျင်တစ်ရာသီသာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ မြန်မာပြည်တွင် ဂျုံသီးနှံကို မန္တလေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အဓိကထားစိုက်ပျိုးကြပြီး၊ ရှမ်း ပြည်(တောင်ပိုင်း)၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း၊ ဂျုံသီးနှံသည် နေရာဒေ သမရွေး စိုက်ပျိုး၍မရနိုင်ကြောင်း၊ ရာသီဥတုနှင့် မြေအမျိုးအစား ပေါ်မူတည်ပြီး စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.