ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေပြီး အသစ်ဝင်အညာမြေပဲဆန် အရောင်းအဝယ်ကောင်းနေ  

ရွှေမန်း

 ပြည်တွင်းသုံး ကုလားပဲ အုပ်စု ဈေးကျဆင်းနေပြီး အသစ် ဝင် အညာမြေပဲဆန်များသာ အရောင်းအဝယ်ကောင်းနေကြောင်း ပဲ ကုန်သည်များထံက သိရသည်။

ပြည်တွင်းသုံးကုလာပဲအုပ်စု မှာ ပို့ကုန်တင်ပို့နိုင်ခြင်းရှိမှသာ ဈေးပြန်ကောင်းလာနိုင်ကြောင်း ပဲကုန်သည်များ သုံးသပ်ထား သည်။

 ပြည်တွင်းစက်ပိုင်များက အညာဒေသထွက် အသစ်ဝင် မြေပဲဆန်များကို ဆီထွက်နှုန်း မြင့်မားတာကြောင်း အဝယ်ကောင်း နေသော်လည်း ဈေးမြင့်တက်  ခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေ သည်။

လက်ရှိအချိန်တွင် ပို့ကုန်ပဲ များ သင်္ဘောတင်ပို့မှု အခြေအနေ ကိုမူတည်ကာ ဈေးနှုန်း အတက် အကျဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း လက်ရှိ မှာ ပို့ကုန်သွားရင် ဈေးနှုန်း တက်နိုင်ပေမယ့် ဒီရက်ပိုင်း ဈေး ကျဆင်းနေကြောင်း အလားတူ ပို့ကုန်မသွားနိုင်ရင် ကုလားပဲ အုပ်စုလည်း ဈေးကျဆင်းမှာမည်။ပို့ကုန်ကလည်း ဒီနေ့ မသွားသေး သော်လည်း မနက်ဖြန် ထွက် ချင်ထွက်တာမျိုးဆိုတော့ စောင့် ကြည့်နေရကြောင်း အရောင်းအဝယ် သွက်နေတာကတော့ အသစ်ဝင် အညာမြေပဲဆန်ပဲ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ ပဲ၊ နှမ်းဈေးကွက်မှာ ထူး ခြားတဲ့ အရောင်းအဝယ်မရှိဘဲ ပုံမှန်သာ အရောင်းအဝယ်ဖြစ် နေပါတယ်။ ကုလားပဲအုပ်စုတွေ ဈေးကျဆင်းမှုများနေပါတယ်။ အဝင်ပစ္စည်းကလည်း မပေါဘူး သာဆိုတယ် ဈေးကွက်ထဲ ထွက် ထွက်လာတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းတွေပါ ဈေးတက်တာ မရှိဘဲ အရောင်းအဝယ် ပုံမှန် ဈေးနဲ့ လည်ပတ်နေပါတယ်။ ကုလားပဲက အခုထိ ပို့ကုန်သွားဖို့ အခုထိတော့ မသေချာသေးဘူး။ ပို့ကုန်မှုဝါဒကို စောင့်ကြည့်နေ   ပြီး  ပို့ဖြစ်ရန်တော့ ဈေးတွေမြင့် တက်လာမှာပါ။ ပို့ကုန်ထွက်ရင် တော့ ပဲတွေက ဈေးမြင့်ပါတယ်။လက်ရှိမှာ အညာမြေပဲဆန်တွေ စတင်ဝင်ရောက်လာတော့ ပြည် တွင်းစက်ပိုင်တွေ အဝယ်ကောင်း နေပါတယ်။ မြေပဲဆန်က ဆီ ထွက်အားကောင်းတော့ အဝယ် ကောင်းနေတာပါ။ ဈေးတော့ မတက်ဘဲ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေတာ ပါ။ ပို့ကုန်ပဲတွေလည်း အရောင်း အဝယ် ထူးထူးခြားခြား မရှိသေး ပါဘူး။´´ ဟု ၎င်းက ပြောသည်။

မေ ၉ ရက်တွင် အိန္ဒိယ ကုန်သည်များ၏ ဝယ်လိုအား နည်းနေခြင်းဖြစ်ရာ ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၇၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ် လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၆၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက် လာသည်။    
 
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးကျဆင်းနေရာ မေ   ၉ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၇၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၃၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံးပဲမာလိုင်းများ မှာလည်း လိုအပ်ချက်ရှိသလောက် သာအဝယ်ရှိနေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေ ကျပ် ၃၅၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ကနေဒါ စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံးဆန်(မြင်းမူ) တစ် ပိဿာလျှင် ငွေကျပ် ၇၅၀၀ ပေါက်ဈေး ရှိနေသည်။

မေ ၉ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.