ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲများလိုင်းများ ဈေးမြင့်တက်လာရာ ယခင်နှစ်ကာလတူပေါက်ဈေးထက် ၂ဆ ကျော်ဈေးဖြစ်လာတာကြောင့် ပဲကုန်သည်များ အရင်းအနှီးကြီးမြင့်လာ

ရွှေမန်း

ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲများလိုင်းများ ဈေးမြင့်တက်လာရာ ယခင်နှစ်ကာလတူ ပေါက်ဈေးထက် ၂ဆ ကျော် ဈေးဖြစ်လာတာကြောင့် ကုန်သည်များ အရင်းအနှီးကြီးမြင့်လာကြောင်း ပဲကုန်သည်များထံမှသိရသည်။ ယခုသီတင်းပတ်တွင် ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများမှာ ရန်ကုန် အဝယ်နှင့် လှောင်သမား အဝယ်များ ကြောင့် မတ်လ ၁၀ ရက်နေ့တွင် ပဲအမျိုးအစားလိုက် သုံးတင်းဝင် တစ်အိတ် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အသီးသီး ဈေးမြင့်တက်လာကြောင်း ယခုနှစ်တွင် ပဲမျိုးစုံ ပေါက်ဈေးမှာ ယခင်နှစ်ထက် ၂ ဆ ကျော် ဈေးမြင့်တက်နေခြင်း ကျွန်းစားတော်ပဲများမှာ ၃ ဆ ခန့် ဈေးမြင့်တက်လာတာကြောင့် ပွဲစားကုန်သည်များ ငွေ အရင်းအနှီးကြီးလာကြောင်း အရောင်းအဝယ် လည်ပတ်ငွေ တောင်မနိုင်တော့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ပို့ကုန်ပဲတွေ အပြင် ပြည်တွင်းသုံးကုလားပဲအုပ်စုပဲတွေ ထူးထူးခြားခြား ဈေးမြင့်တက်လာတတယ်။ ဗွီးတူးကလားပဲတစ်အိတ် ကျပ် ၁၃၂၀၀၀-၁၃၃၀၀၀ ၊ထိုင်ဝမ်ကုလားပဲ တွေလည်း တစ်အိတ် ကျပ် ၁၂၆၀၀၀–၁၂၇၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ လက်ရှိမှာ ရန်ကုန်ဝယ်လက် လှောင်လက်တွေ အဝယ် များနေတယ်။ ပဲမာလိုင်းမှာ ပဲနီးကြား တအိတ် ၁၆၀၀၀၀-၁၇၀၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ပဲကြီး တစ်အိတ်၁၉၀၀၀၀-၂၀၀၀၀၀ ထိ ဈေးမြင့်တက်လာတယ်။ ပြည်တွင်းသုံး ပဲမျိုးစုံ အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ ကျော် ဈေးမြင့်တက်လာတာပါ။ ကုန်သည်တွေလည်း ငွေအရင်းအနှီးများတော့ ငွေမနိုင်ကြတော့ဘူး။ ပဲဈေးတွေက ယခင်နှစ်ထက် ၂ ဆ၊၃ဆ ဈေးတွေ မြင့်တက်လာတယ်။ဒီအချိန်က တောင်သူတွေ ဆီက ပဲတွေ အဝင်များတဲ့အချိန်မို့တောင်သူတွေ အဆင်ပြေကြပါတယ်။ ပို့ကုန်ပဲတွေကတော့ မတ်ပဲတစိအိတ် ၁၃၅၀၀၀၊ ပဲစင်းငုံတစ်အိတ်၁၃၂၀၀၀-၁၃၃၀၀၀ ပေါက်ဈေးနဲ့ ငြိမ်နေတယ်။ မြေပဲကတော့ စားအုန်းဆီဈေးတွေ မြင့်တက်လာတော့ မြေပဲဆံကတော့ နေ့စဉ် ဈေးတက်နေတယ်။ လက်ရှိမှာတရုတ်ပို့ကုန်အားကိုးစရာမလိုတော့ဘူး။ ပြည်တွင်းမှာကို မြေပဲဆံ တစ်ပိသာကျပ် ၃၆၅၀ ကအနိမ့်ဆုံးနဲ့ အမြင့်ဆုံး၃၉၅၀ ထိ ပေါက်ဈေးဖြစ်နေပြီ။ကျွန်းစားတော်ပဲက တော့ တအိတ်ကျပ် ၂၇၀၀၀၀-၂၉၀၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပြည်တွင်းသုံးကုလားပဲအုတ်စု ပဲတွေက အညာတောင်သူတွေ ဆီမှာရိတ်သိမ်းကာစပဲ ရှိသေးတယ်။” ဟု၎င်းကပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ ၊ပဲတီစိမ်း

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲဈေးက ယခင်သီတင်းပတ်ထက် ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ ဈေးအနည်းသာဈေးမြင့်တက်လာသည်။ မတ်လဆန်းပိုင်းတွင် သိသိသာဈေးမြင့်တက်လာခြင်းဖြစ်ပြီး နိုင်ငံခြားငွေဈေးနှုန်း အပြောင်းအလဲ ကို ကုန်သည်များ စောင့်ကြည့် နေတာကြောင့် အရောင်းအဝယ် ပုံမှန်သာရှိသဖြင့် မတ်လ ၁၀ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် အရည်အသွေးအလိုက် ကျပ် ၁၃၅၀၀၀၊ ပဲစင်းငုံမှာပိဿာ၆၀ ဝင်တစ်အိတ်လျှင်ကျပ် ၁၃၃၀၀၀ ပေါက်ဈေးထိ မြင့်တက်လာသည်။ပဲတီစိမ်းရွှေဝါ ရန်ကုန်ဈေးကွက်မှာ ကျဆင်းနေရာမှ ဈေးမြင့်တက်လာရာ တစ်အိတ် ၁၄၁၀၀၀ ပေါက်ဈေးရှိလာသည်။

မြေပဲ

ပြည်တွင်း စားအုန်ဆီ ဈေး စံချိန်တင်မြင့်တက်လာတာနှင့်အတူ မြေပဲဆံ ဈေးကွက်မှာ တရုတ်ဝယ်လက် ပြည်တွင်း ဆီစိုက်ပိုင်များ အဝယ်ဆုံနေတာကြောင့် မတ်လ ၁၀ ရက်နေ့တွင် မြေပဲဆံ အမျိုးအစားအလိုက် အနိမ့်ဆုံး မြေပဲဆံ တစ်ပိတ်ကျပ် ၃၆၅၀ ပေါက်ဈေးရှိပြီး အမြင့်ဆုံး မြေပဲဆံမှ တစ်ပိတ်သာကျပ် ၄၀၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိသာကျပ် ၈၅၀၀-၉၀၀၀ ၊နှမ်းဆီ တစ်ပိသာ ကျပ် ၈၀၀၀-၈၅၀၀ ၊စားအုန်းဆီတစ်ပိသာကျပ် ၇၇၅၀ လက်က္ကားေဈေးနှုန်းဖြစ်ပြီ ပြင်ပ လက်လီပေါက်ဈေးတွင် ယခုထက်ပိုမိုနိုင်ကြောင်းသိရသည်။ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၀၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၃၀၀၀၀၊နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၆၂၀၀၀၊ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၆၅၀၀၀၊ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၆၀၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၁၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၇၀၀၀၀-၂၉၀၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ်၅၇.၂၅ ပိသာ ကျပ် ၁၃၃၀၀၀ ပေါက်ဈေးရှိလာရာ တောင်သူများဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.