ပြည်တွင်းသကြားဈေး မြင့်တက်လာတာနှင့် အတူ ကြံတစ်တန် ၆၅၀၀၀ ကျပ် ထိ ကြံတောင်သူများ ထပ်မံတိုးမြင့်ရရှိလာ

ရွှေမန်း

ပြည်တွင်းကြံရာသီရောက်ရှိလာသော်လည်း ပြည်တွင်းသကြားဈေးကျဆင်းမှု မရှိ ဈေးမြင့်တက်လာတာကြောင့် ကြံတစ်တန် ကျပ် ၆၅၀၀၀ ထိ စံချိန်တင်ဆက်လက်တိုးမြင့်လာကြောင်း သိရသည်။ပြည်တွင်းသကြားရုံများမှ ကြံဈေးနှုန်း သက်မှတ်ဝယ်ယူရာတွင် သကြားဈေးကိုအခြေခံ ကာဝယ်ယူခြင်းဖြစ်ရာ ပြည်တွင်းလက်ကျန်သကြားများနည်းသွားခြင်း ၊ကြံရာသီ အသစ်တွင် သကြားအသစ်များ ထွက်ရှိလာ သော်လည်း သကြားဈေးမှာ တစ်ပိသာ ကျပ် ၁၈၅၀-၁၉၀၀ ပေါက်ဈေးရှိလာသဖြင့် ယခုလို တောင်သူတွေ ကြံဈေး ထပ်မံ တိုးမြှင့်ရရှိလာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးဝင်းဌေး က ပြောသည် ။“ ငွေရည်ပုလဲ စက်ရုံက ဒီရက်ပိုင်းအတွင်း မှာယခင် ကကြံ တစ်တန် ကျပ် ၆၀၀၀၀ ကနေ အခု ကျပ် ၆၅၀၀၀ ထိ တိုးပေးလိုက်ပါတယ်။ သကြားဈေး ၁၆၀၀-၁၇၀၀ လောက်မှန်းတာကနေ အမှန်တကယ်ဈေးကွက်မှာ ကျပ် ၁၈၀၀-၁၉၀၀ ရောင်းရတော့ ကြံဈေးပါတိုးပေးတဲ့သဘောပါ။ အခြားကြံစိုက်ဒေသတွေကတော့ ထူးထူးခြားခြား ပြောင်းလဲတာမတွေ့ရဘူး။ သကြားဈေးတော့ တက်ရောင်းတယ်။ တောင်သူကို တိုးပေးရမယ့်ကြံဈေးကိုတော့ မှေးထားသေးတယ်။ ကြံဈေးတက်တယ်မတက်မပြောသေးဘဲ နောက်ပိုင်းမှ ကြံဈေး အပိုဆောင်းပေး မလားမပြောက်တက်သေးဘူး။ ” ဟု ၎င်းကပြောသည်။ ရှမ်းပြည်နယ်နယ်မြောက်ပိုင်း ငွေရည်ပုလဲသကြားစက်ရုံက ၂၀၂၁ ခုနှစ် အောက်တိုဘာ လကုန် ပိုင်းက နောက်ဆုံး ကြံတစ်တန် ၆၀၀၀၀ တိုးမြင့်ပေးထားရာမှ ဇန်နဝါရီ လဆန်းပိုင်း မှာ စံချိန်တင်ဈေးအဖြစ် တစ်တန် ကျပ် ၆၅၀၀၀ ထိ ဆက်လက်တိုးမြှင့်ပေးလာခြင်းဖြစ်သည်။ မောင်းကုန်း ဒေသမှ ဂရိတ်ဝေါလ်သကြားစက်ရုံမှာ သကြားဈေး တစ်ပိသာကျပ် ၁၈၀၀ ထိ ကြံတစ်တန် ၆၄၀၀၀ အမြင့်ဆုံးသက်မှတ်ထား သော်လည်း သကြားဈေး တစ်ပိသာကျပ် ၁၉၀၀ ဈေးမြင့်တက်လာချိန်မှာ ကြံဈေးနှုန်း တိုးမြင့်ပေးတာမရှိသေးသလို ကြံတောင်သူတွေ ကို ယခုနှစ်မှာ ကြံစရန်ငွေ ချပေးနိုင်ခြင်းမရှိကြောင်း တောင်သူများထံ မှသိရသည်။၂၀၂၀-၂၀၂၁ခုနှစ် ကြံရာသီ အကုန်မှာ မြန်မာတစ်နိုင်ငံလုံးသကြားတန်ချိန် လေးသိန်းကျော်သာ ထုတ်လုပ်နိုင်သဖြင့် သကြားထုတ်လုပ်နိုင်မှု တန်ချိန် တစ်သိန်းကျော်လျော့ကျခဲ့ပြီး ပြည်တွင်းသကြားဈေးမှာလည်း တစ်ပိသာကျပ် ၁၇၀၀ ခန့်ဖြင့်တည်ငြိမ်နေရာမှာ လက်ကျန်သကြားအကုန်နှင့် သကြားအသစ်ထွက်ရှိလာချိန်တွင် ပြည်တွင်းသကြားတစ်ပိသာ ကျပ် ၁၈၅၀-၁၉၀၀ သို့ ဈေးမြင့်တက်လာ ခြင်း ဖြစ်ကြောင်းသိရသည်။ထို့သို့ပြည်တွင်းမုန့်လုပ်ငန်းများ လည်ပတ်လာသလို နိုင်ငံခြားသို့သကြားပြန်လည်တင်ပို့နိုင်မှုများကြောင့် လည်း ပြည်တွင်းသကြားဈေးက အမြင့်ဈေးဖြင့်တည်ငြိမ်နေခြင်းဖြစ်သည်။ကြံတောင်သူများ အနေဖြင့်လည်း ကြံစိုက်ပျိုးမှု စရိတ်တိုးမြင့်ကုန်ကျထားခြင်းက တိုးမြင့်ရရှိလာသည့် ကြံဈေးနှုန်းမှာ စရိတ်ကာမိရုံလောက်သာရှိကြောင်း ယခုနှစ်တွင် ကြံစိုက်ခင်းအသစ်စိုက်ပျိုးနိုင်ခြင်းမရှိ လမိုင်း ဓလမတ်စိုက်ခင်းများသာ ပေါင်းရှင်း မြေဆီထည့်သာ လုပ်နိုင်ကြောင်း ကြံတောင်သူတစ်ဦးကပြောသည်။

Leave a Reply

Your email address will not be published.