ပြည်တွင်းလှောင်လက်ဝယ်ယူမှုများကြောင့် ထိပ်စ အရည်အသွေး ကြက်သွန်များ စျေးမြင့်တက်လာ

ရွှေမန်း

ပြည်တွင်း ဈေးကွက်တွင် ကြက်သွန်(ထိပ်စ)များကို လှောင်လက်ကုန်သည်အချို့၏ ဝယ်ယူမှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြက်သွန် အမျိုးအစားအလိုက် တစ်ပိသာလျင် ၁၀၀ ကျပ်ဝန်းကျင် ဈေးမြင့်လာကြောင်းသိရသည်။

ယခုနှစ်တွင် ကြက်သွန်အထွက်နှုန်းနည်းခဲ့ပြီးသင်္ကြန်ရက်ပိုင်းက မိုးထိခဲ့သဖြင့် ပျက်စီးမှုများရှိ၍ ပစ္စည်းကောင်းရှားသောကြောင့်လှောင်ထားရန်ကောင်းမွန်သည့်ကြက်သွန်ထိပ်စကို လှောင်လက်အချို့ ဝယ်ယူလာကြသည်ဟု ဦးမောင်ဦး(ကောင်းမွန်ကြက်သွန်ပွဲရုံ)ကပြောသည်။

“စားသုံးသူဝယ်လိုအားက လက်လီကသိပ်မရှိဘူး။လှောင်လက်တချို့က ရှေ့လာမယ့် ဈေးကွက်မှာ ၁၀၀၀ လောက်ဖြစ်နိုင်မယ်ခန့်မှန်းပြီး ပစ္စည်းကောင်းလဲရှားလို့ထိပ်စကြက်သွန်တွေကို ဝယ်ရာကဈေးလှုပ်လာတယ်။ပြည်ပ အဝယ်မလိုက် မချင်း ဈေးမတက်နိုင်ဘူး “ဟု ၄င်းကပြောသည်။

လက်ရှိ ဈေးကွက် မှ ကြက်သွန်ဈေးနုန်းများမှာ ထိပ်စမှာ ၇၅၀-၈၀၀ ဝန်းကျင်။ မိုးမိချေးကပ်ကြက်သွန်များမှာ ၅၀၀-၆၈၀ ဝန်းကျင် ရှိကြောင်း၊ယမန်နှစ်က အမြင့်ဆုံးဈေးမှာ တစ်ပိသာ ၄၅၀ ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် အထွက်နှုန်းထက်ဝက်ခန့်ကျဆင်းကာ ပစ္စည်းကောင်းရှားနေပြီး ပြည်ပ ဝယ်ယူမှုရှိလာပါက ထပ်မံ၍ဈေးမြင့်လာနိုင်ကြောင်းသိရသည်။

၂၀၁၉ ခုနှစ် ကိုဗစ် ရောဂါကူးစက်မှု မတိုင်မီက ကြက်သွန်ကိုနိုင်ငံခြားသို့ တငိပို့မှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တင်ပို့နိုင်ခြင်းမရှိသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.