ပြည်တွင်းရွှေဈေး၊ဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးဈေးကျဆင်းနေ ဈေးကွက်အတွင်းသို့ မြေပဲဆန်အသစ်များ လှိုင်လှိုင်ဝင်ရောက်

ရွှေမန်း

ပြည်တွင်းရွှေဈေး၊ဒေါ်လာ ဈေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်း ဈေးကွက်တစ်ခုလုံး ဈေးကျဆင်း လာကြောင်း၊ဈေးကွက်အတွင်းသို့ မြေပဲဆန်များ လှိုင်လှိုင်ဝင်ရောက် နေကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံက သိရသည်။

စက်တင်ဘာလကုန်ပိုင်းရက် များတွင် ပြည်တွင်းရွှေဈေး သိသိ သာသာကျဆင်းနေသလို ဒေါ်လာ ငွေ လဲလှယ်နှုန်းမှာလည်း ကျဆင်း နေရာ စံချိန်တင်အမြင့်ဈေးများ ရောက်ရှိထားသည့် ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး လိုက်ပါဈေးကျဆင်းနေ ကြောင်း၊ နောက် ပြည်တွင်းက ပဲလက်ကျန်များလည်း နည်းနေပြီး အသစ်ဝင်ရောက်နေသည့် မြေပဲ ဆန် ဈေးကွက်လည်း အနည်းငယ် ဆက်လက်ကျဆင်းနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် အေးနေပါတယ်။ပြည်တွင်းသုံးကုလားပဲ အုပ်စုဝင် ပဲတွေက သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၂၀ç၀၀၀ကျော် ဈေးကျ ဆင်းသွားတယ်။ ပို့ကုန်ပဲတွေ လည်း ဈေးတွေကျဆင်း လာပါ တယ်။ အသစ်ဝင်မြေပဲဆီဆန် တစ်ပိဿာ ငွေကျပ် ၅ç၂၀၀ ခန့် သာပေါက်ဈေး၊ အနီလုံးဆန်က တစ်ပိဿာ ငွေကျပ် ၅ç၄၀၀ခန့် သာ ပေါက်ဈေးရှိတော့တယ်။ နှမ်းမျိုးစုံဈေးကွက်လည်း အေးနေ ပါတယ်။ စက်တင်ဘာလကုန်ပိုင်း ရက်တွေမှာ ငွေဈေး၊ရွှေဈေးတွေ က အကျဘက်သွားနေတော့ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံးလည်း လိုက်ပါကျဆင်းနေခြင်း ဖြစ်ပါ တယ်။ ပဲမာလိုင်းတွေကလည်း လက်ကျန်ပစ္စည်းနည်းလာပါပြီ´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ

ရွှေဈေး အတက်အကျ မြန်ဆန်နေသည့် စက်တင်လဘာ လကုန်ပိုင်းရက်များတွင် ပို့ကုန်ပဲ များ အဝယ်အေးသွားခဲ့ရာ စက် တင်ဘာ ၃၀ ရက်တွင် မတ်ပဲ တစ်အိတ် ငွေကျပ် ၁၉၂၀၀၀-၁၉၅၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေ ကျပ် ၂၀၀၀၀၀လသာ ပေါက်ဈေး ရှိနေသည်။ ပဲတီစိမ်းအညာမှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၃၅၀၀၀-၁၅၅၀၀၀သာ ပေါက် ဈေးရှိ အဝယ်အေးနေသည်။

မြေပဲ

အသစ်ဝင် မြေပဲဆန်များ ဈေးကွက်တွင်း လှိုင်လှိုင်ဝင်ရောက် လာတာကြောင့် မြေပဲဆန်ဈေး အနည်းငယ်ကျ ဆင်းသွားရာ ပို့ကုန် မြေပဲ S1လုံးဆန်များမှာ တစ်ပိ ဿာလျှင် ငွေကျပ် ၅၈၀၀ ၊ အနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၅၆၀၀အထိ တစ်ပိဿာ ငွေကျပ် ၂၀၀ခန့် ကျဆင်းသွား သည်။ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ နှမ်းဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀အောက် ကျဆင်းသွားကြောင်း သိရသည်။

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျ၊အဝယ်အေးနေပြီး ပြည်တွင်း သုံးပဲများမှာ ဈေးကျဆင်းအရောင်း အဝယ်အေးနေရာ စက်တင်ဘာ ၃၀ရက်တွင် ကုလားပဲ V2တစ်အိတ် လျှင် ငွေကျပ်၁၈၆၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၅၃၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ်၁၆၈၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ငွေကျပ် ၁၅၅၀၀၀၊မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၆၀၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ ပေါက်ဈေးဖြစ်နေသည်။

Leave a Reply

Your email address will not be published.