ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေ

ရွှေမန်း

သင်္ကြန်ပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်နေရာမှ ပြန်လည်ကျဆင်းသွားသော်လည်း ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေသည်။

ဧပြီ ၁၉ ရက် ရွှေဈေး အဖွင့်မှာ ကမ္ဘာ့ရွှေဈေးတစ် အောင်စလျှင် ၂၃၈၁ ဒေါ်လာ ပေါက်ဈေး ရှိနေပြီး ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားပေါက် ဈေးမှာ ငွေကျပ် ၄၈၂၀၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင် မြင့်တက်နေဆဲ ဖြစ်သည်။
ဧပြီ ၁၉ ရက်တွင် အခေါက် ရွှေတစ်ကျပ်သားရောင်းဈေး ၄၈၂၀၀၀၀၊ ဝယ်ဈေး ၄၇၈၀၀၀၀၊ ၁၅ ပဲရည် တစ်ကျပ်သား ရောင်း ဈေး ၄၆၂၀၀၀၀၊ ဝယ်ဈေး ၄၅၅၈၀၀၀၀ ပေါက်ဈေးအထိ ဆက်လက်မြင့်တက်နေသည်။

ဧပြီ ၁၉ရက်တွင် အမေရိကန် ဒေါ်လာရောင်းဈေး ၃၈၉၀ ကျပ်၊ ဝယ်ဈေး ၃၈၃၀ ကျပ်၊ ယူရို ရောင်းဈေး ၄၁၈၈ ကျပ်၊ ဝယ် ဈေး ၄၁၀၂ ကျပ်၊ ထိုင်းဘတ် ရောင်းဈေး ၁၀၄ ဒသမ ၇၁ ကျပ်၊ ဝယ်ဈေး ၁၀၂ ဒသမ ၅၆ ကျပ်၊ တရုတ်ယွမ် ရောင်းဈေး ၅၂၀ ကျပ်၊ ဝယ်ဈေး ၅၁၀ ကျပ်၊ အိန္ဒိယ ရူပီးရောင်းဈေး ၄၆ ဒသမ ၁၃ ကျပ်၊ ဝယ်ဈေး ၄၅ ဒသမ ၁၈ ကျပ် အသီးသီးပေါက်ဈေး မြင့်တက်လာသည်။

မတ် ၁၆ ရက်မှ ဧပြီ ၁၉ ရက်အထိ တစ်လအတွင်း ပြည် တွင်းအခေါက်ရွှေဈေးမှာ တစ် ကျပ်သားလျှင် ငွေကျပ် ၇ သိန်း နီးပါး မြင့်တက်ခဲ့ပြီး အမေရိကန် တစ်ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၂၀၀ ကျော် ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.