ပြည်တွင်းရည်ညွှန်းဆန်ဈေးနှုန်းယခင်လထက် အနည်းငယ်မြင့်တက်လာ

ရွှေမန်း

ပြည်တွင်း ရည်ညွှန်းဆန် ဈေးနှုန်း ယခင်လထက် အနည်း ငယ် ဈေးမြင့်တက်လာရာ ဆန် အမျိုးအစားလိုက် တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀ ခန့် မြင့်တက် လာသည်။

 အောက်တိုဘာလအတွက် သတ်မှတ်ထားသော ဆန်ရည် ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ် မှတ်ထုတ်ပြန်ခဲ့ရာ စက်တင်ဘာ လထက် အနည်းငယ် မြင့်တက် လာသည်။

စက်တင်ဘာလ ဆန်ဈေးနှုန်း သတ်မှတ်ထုတ်ပြန်ရာတွင် ဆန် အမျိုးအစားအပေါ်မူတည်ပြီး ဆန် တစ်အိတ်လျှင် အနည်းဆုံး ငွေ ကျပ် ၇၃၀၀၀ မှ ၁၅၀၀၀၀ ထိ သတ်မှတ်ထားပြီး စက်တင်ဘာ လက အနည်းဆုံး ဆန်တစ်အိတ် လျှင်ငွေကျပ် ၇၁၀၀၀မှ ၁၅၀၀၀၀ ထိ သတ်မှတ်ထုတ်ပြန်ခဲ့သော ကြောင့် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀ ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 အောက်တိုဘာလအတွက် ဆန်ဈေးနှုန်းများမှာ ဆန်ကြမ်း အုပ်စုဖြစ်သည့် ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ ထွင်းပု စသည့် ဆန်အမျိုးအစား များမှာ တစ်အိတ်လျှင် ငွေကျပ် ၇၃၀၀၀-၈၅၀၀၀ ကြားကို ရန်ကုန်အထိုင်ဈေးအဖြစ် သတ် မှတ်ထားသည်။ ဆန်ချောအုပ်စု ဖြစ်သည့် ဧရာ၀တီပေါ်ဆန်း၊ ခွန်နီ၊ ပေါ်ကျွဲ၊ ကျားပြန် အမျိုးအစား များမှာ တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ မှ ၁၃၅၀၀၀ ထိ သတ် မှတ်ထားပြီး ပြည်တွင်းစားသုံးမှု များသည့် ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀- ၁၅၀၀၀၀ထိ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က သတ်မှတ် ထားသည်။    

အဆိုပါ သတ်မှတ်ဈေးနှုန်း များမှာ ရန်ကုန်အထိုင်ဈေးဖြစ်ပြီး နယ်မြေဒေသအလိုက် ဈေးနှုန်း သယ်ယူပို့ဆောင်စရိတ် ကွာခြား နိုင်သော်လည်း ယင်းထက်ပိုမို ရောင်းချပါက  သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
   

Leave a Reply

Your email address will not be published.