ပြည်တွင်းမှ အာလူးထွက်ရှိမှု များပြားလာတော့မည်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နိုင်

ရွှေမန်း

ပြည်တွင်း၌ ဖေဖေါ်ဝရီ ဒုတိယပတ်မှ စ၍ အာလူးထွက်ရှိမှုများပြားလာတော့မည်ဖြစ်၍ ဈေးကွက်တည်ငြိမ်လာ နိုင်မည်ဖြစ်ပြီး ကြားကာလများတွင် တရုတ်ဘက်မှ အာလူးများဝင်ရောက်နေကြောင်း နောင်တရားအာလူး အသင်းမှ တာဝန်ရှိသူက ပြောသည်။

အာလူးတွင် စဖိုချောင်သုံးစွဲမှုအတွက် စားအာလူးနှင့် အာလူးကြော်ထုတ်လုပ်သူများအတွက် ကြော်အာလူးဟူ ၍ ရှိပြီး ကြော်အာလူးမှာ အရသာကောင်းမွန်သည့် ပြည်တွင်းအာလူးများသာ ဝယ်ယူအသုံးပြုသည်ဟုဆိုသည်။

“ဇန်နဝါရီ၊ဖေဖေါ်ဝါရီအတွင်းရှမ်းပြည်ကထွက်တဲ့ အာလူးရှိပေမယ့် လုံလောက်မှုလိုအပ်နေပေမယ့် ဖေဖေါ်ဝါရီ ဒုတိယပတ်မှာ ဆင်ဖြူကျွန်းအာလူးတွေ ထွက်တော့မှာဖြစ်တာနဲ့ တရုတ်ဘက်က တင်သွင်းမှုရှိနေတာ ကြောင့် ဈေးကွက်ငြိမ်လာမယ်။ဈေးကွက်မှာ အာလူးပြတ်လပ်တာမရှိပေမယ့် အမြောက်အမြားထွက်တာနဲ့ နည်း တာ တော့ ရှိတယ်”ဟု ၎င်းကပြောသည်။

စဖိုချောင်သုံး စားအာလူးများမှာ တစ်ပိဿာလျင် ငွေကျပ် ၂၅၀၀ ဝန်းကျင်နှင့် အကြော်အာလူးများမှာ တစ် ပိဿာလျင် ငွေကျပ် ၃၈၀၀ ဝန်းကျဈေးနှုန်းမှာ သင့်လျော်သည့် ဈေးနှုန်းဖြစ်ကြောင်း၊ ပြည်တွင်း၌ တစ်နှစ် ပတ်လုံးထွက်ရှိသော်လည်း ထွက်ရှိမှုများပြားချိန်နှင့် ရှားပါးချိန်တို့တွင် ဈေးကွက် အတက်/အကျရှိ၍ တရုတ် အာလူးများဝင်ရောက်နေခြင်းကြောင့်အာလူးပြတ်လပ်မှုမရှိနိုင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.