ပြည်တွင်းမှ နယ်ရပ်ပြန် အလုပ်သမားများကို မြို့ရွာဒေသအစီမံဖြင့်သာQuarantine၁၄ရက် လုပ်ပေးနိုင်ဟု ဝန်ကြီးချုပ်မှပြော

ပြည်တွင်းမှာနေပြီး အနယ်နယ်အရပ်ရပ်မှအလုပ်လုပ်ပြီးပြန်လာသူတွေကို တိုင်းအစိုးရအစီအမံနဲ့၁၄ရက် Quarantine လုပ်ဆောင်ပေးထားတာမရှိပဲ ကိုယ်မြို့နယ် ကိုယ့်ဒေသအစီအစဉ်တွေနဲ့တာ စောင့်ကြည့်အဖြစ် ထားနိုင်တယ်လို့မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ယနေ့ဧပြီလ၃ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ ရန်ပုံငွေ ဆေးနဲ့ ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲမှာ ပြောတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ဒီCOVID-19‌ရောဂါက ဘယ်လောက်သံသရာရှည်အုံးမလဲမသိနိုင်ပါဘူး၊ ခုအချိန်အထိတော့ မကွေးတိုင်းအတွင်းမှာတော့ COVID-19‌ရောဂါနဲ့ပတ်သက်ပြီးသံသယရှိသူအဖြစ် တဦးမှမတွေ့ရှိသေးပါဘူး၊COVID-19ရောဂါဖြစ်တာ ပြည်ခရိုင်ပေါက်ခေါင်းမှာ ၄ဦးဖြစ်တာဆိုတော့ ပြည်ခရိုင်နဲ့သရက်ခရိုင်က ခရိုင်ခြင်းရင်ကြားထိစပ်နေတယ်၊ သတိထားဖို့လိုအပ်နေပါပြီ၊ တောင်တွင်းကြီးက လှမ်းဖုန်းဆက်တာ၊ ပြည်ပကမဟုတ်ပဲနဲ့ ပြည်တွင်းကရှိတဲ့သူတွေပါ Quarantine လုပ်ခိုင်းနေပါတယ်လို့ ပြောလာတော့ ပြည်တွင်းကပြန်လာသူတွေကို Quarantineလုပ်မ‌ေပးနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
မကွေးတိုင်းသို့ မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်၊ မူဆယ်၊လာရှိုး၊‌ မော်လမြိုင်အစရှိမြို့တွေက အလုပ်လုပ်ပြီး ပြန်လာသူတွေကို Quarantineလုပ်မ‌ေပးနိုင်ကြောင်းနဲ့ ပြည်ပကမလေးရှား၊ ယိုးဒယား၊ တရုတ်တို့နဲ့ နိုင်ငံခြားမှ အလုပ်လုပ်ပြီး ပြန်လာသူများကို Quarantine လုပ်ပေးနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကပြောပါတယ်။
မကွေးမြို့ မဲဆန္ဒနယ်အမှတ်၂ မကွေးတိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ်
ဒေါ်ခင်ချိုလတ်က ​မကွေးအနေနဲ့ positiveလဲ မတွေ့သေးဘူးဆိုတဲ့အပေါ်မှာပြည်တွင်းပြန်လာတဲ့သူတွေကို Quarantine ထားဖို့မလိုဘူးလို့ ဝန်ကြီးချုပ်ပြောတယ်လို့ထင်ပါတယ်၊ ဒါပေမဲ့ ပြည်ပကပြန်လာတဲ့သူတွေမဟုတ်ပဲနဲ့ ပြည်တွင်းကပြန်လာတဲ့သူတွေပါ ကူးစက်ခံနေရပြီဆိုတာကတော့ ငြင်းလို့မရဘူးပေါ့၊ အဲဒီအခြေအနေမှာပြည်တွင်းပြန်တွေကို Facility Quarantine မဟုတ်တောင်မှ Home Quarantinလုပ်ထားရမယ်လို့မြင်ပါတယ်လို့ ပြောပါတယ်။
မကွေးတိုင်းတွင် စောင့်ကြည့်လူနာ ၁၂ ဦးရှိကြောင်း၊ OVID-19ကပ် ရောဂါအကြီးအကျယ်ဖြစ်လာပါက မကွေးတိုင်းဆေးရုံကြီး၊ပခုက္ကူဆေးရုံကြီး၊မကွေးသင်ကြားရေးဆေးရုံကြီး၊မင်ဘူး‌ဆေးရုံကြီးတို့မှာထားရှိမည့်နေရာများ ဖြစ်ကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ရောဂါကိုထိန်းချုပ်ရင်း လူ‌တွေကိုသွားထိန်းချုပ်မိတာမျိုး ပြည်ပကဝင်လာတဲ့သူတွေကို ငါတို့ရွာထဲအဝင်မခံဘူးဆိုတာ မဖြစ်စေချင်ပါဘူး၊ သူတို့စိတ်ဓါတ်နဲ့သူတို့အိမ်မှာ အသိစိတ်နဲ့နေဖို့ အဓိကပါ၊ Facility Quarantineကို ပြည်တွင်းပြန်လာသူတွေထားဖို့ညွှန်ကြားချက်မှာ မပါဘာဘူး၊ ပြည်ပကပြန်လာပြီး ကိုယ်အိမ်မှာကိုနေမဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်၊ Csoတွေကိုအထူးကျေးဇူးတင်ပါတယ်၊ အကုန်လုံးလဲသွားရောက်ကူညီကြပါတယ်၊ တို့မြန်မာလူမျိုးတွေ ထုံးတမ်းအစဉ်အလာ ဘယ်တော့မှမြန်မာ့သမိုင်းမရိုင်းပါဘူး၊အမြဲတမ်းလှူဒါန်းတာရှိပါတယ်၊ ဒီရောဂါကကူးစက်အမြန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ Facility Quarantine ဧရိယာတွေကိုလိုင်း‌တွေတားခိုင်းလိုက်ပါပြီ၊ အဲဒီဧရိယာ အတွင်းဘက်ကို တတ်နိုင်သမျှမဝင်ဖို့လိုပါတယ်၊ ဝင်ဖို့အတွက်သီးသန့်အဖွဲ့အစည်းတွေရှိပါတယ်လို့ မကွေးတိုင်းကျန်းမာရေးဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။
Covid-19နဲ့ပတ်သက်လို့ မကွေးတိုင်းရှိ ဆေးရုံများတွင် Quarantine လူနာပေါင်း၂၅ဦးရှိကြောင်း၊Home Quarantinဆောင်ရွက်ထားသူကျား၄၈၁၈ဦး၊ မ၂၄၈၂ဦးရှိကြောင်း၊Facility Quarantineဆောင်ရွက်ထားသူကျား ၄၁၅၉၊ မ၂၁၀၅ရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.