ပြည်တွင်းမှ ဆန်များကို နိုင်ငံခြား တင်ပို့မှု ရပ်နားထားသည်ဟုဆို

ရွှေမန်း

ပြည်တွင်းဆန်ဈေးကွက် မြင့်တက်လာခြင်းကြောင့် အခြား နိုင်ငံများသို့ ဆန်တင်ပို့မှု ရပ်နားထားသည်မှာ သုံးလခန့် ရှိပြီ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊အမှုဆောင် တစ်ဦးက ပြောသည်။

မြန်မာ့ဆန်နှင့်ဆန်ကွဲကို အများဆုံးဝယ်ယူသည့် နိုင်ငံများမှာ တရုတ်၊ဖိလစ်ပိုင်နှင့် ဘယ်လ်ဂျီယံ နိုင်ငံများဖြစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာ နှစ်တွင် ဆန်စပါးပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိခဲ့သည်ဟု ဆိုသည်။

“ Export နှင့် ပတ်သက်လို့ ဆန်တင်ပို့မှုမှာ လောလောဆယ် ပြည်ပကို မပို့နိုင်သေးဘူး။ပြည် တွင်းဆန်ဈေးနှုန်း အရမ်းမြင့် တက်နေတယ်။ဆန်တင်ပို့မှု လောလောဆယ်ရပ်နားထားပြီး ခုလို မြင့်တက်နေတာကြောင့် ဆန်ဈေး နှုန်းတည်ငြိမ်ရေးတွက် ဆန်စပါး အသင်းချုပ်က ဆောင်ရွက်နေ ပါတယ်။လက်ရှိပို့နေသူတွေ ကလည်း အရှုံးခံတင်ပို့နေတာ ရှိတယ်´´ဟု ၎င်းကပြောသည်။

အိန္ဒိယနိုင်ငံမှ ၎င်းတို့ပြည် တွင်းဆန်ဈေးမြင့်တက်မှုကို ထိန်း ချုပ်သည့်အနေဖြင့် ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့ ဆန်ဈေးကွက်တွင် မြန်မာ့ဆန်မှာ ဈေးကွက်ဝေစု ပိုမိုရရှိလာနိုင် ကြောင်း အလားတူ ဗီယက်နမ်နှင့် ထိုင်းဆန်များမှာလည်း ဈေးမြင့် တက်နေသဖြင့် ဈေးသက်သာသော ဆန်များကို ဝယ်ယူလာနိုင်ကြောင်း နထစသမအ ဆန်ကုန်သည်များက သုံးသပ်ကြသည်။

“ ပြည်တွင်းဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းစပါးတင်းတစ်ရာကို ၃၅သိန်းအထက် ပေါက်ဈေးရှိ ကာ ၂၄ ပြည်ပါ ဧရာမင်းဆန် ၂၄ ပြည်ကို ငွေကျပ် ၁၃၈ç၀၀၀၊ ရွှေဝါထွန်းနွေစပါးတင်းတစ်ရာ ၁၉ သိန်းဝန်းကျင်နဲ့ ရွှေဝါထွန်း ဆန် ၂၄ ပြည်ကို ငွေကျပ် ၈၀၀၀၀ ပေါက်ဈေးရှိတယ်။အခြားစပါး ဈေးရော၊ ဆန်ဈေးရော အမြင့် ပိုင်းရောက်နေတယ်။ဩဂုတ်လ တတိယပတ်မှာ ဆန်စပါးဈေး ထပ်မြင့်လာတာ´´ဟု ဆန်ကုန် သည်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်အနေဖြင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပတင်ပို့မှု တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းရောင်းချနိုင်ရန် ရည်မှန်းထားပြီး ပို့ကုန်ရငွေ အမေရိ ကန်ဒေါ်လာ တစ်ဘီလီယံ ရရှိရန် မျှော်လင့်ထားပြီး ဧပြီလမှ ဇွန်လ အတွင်း တန်ချိန် ၃၂၀၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကာ ပို့ကုန်ရငွေ အမေရိ ကန်ဒေါ်လာ ၁၃၈ သန်းခန့် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.