ရွှေမန်း
ပြည်တွင်း၌ ထောပတ်သီး စိုက်ပျိုးသည့် ဗီယက်နမ်မျိုးဖြစ် သော (၀၃၄) ထောပတ်သီးမှာ တစ်ကီလိုလျှင် ငွေကျပ် ၇၀၀၀ ဝန်းကျင်ဖြင့် ဈေးကောင်းရနေ ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်း အတွင်းရေးမှူးက ပြောသည်။
စက်တင်ဘာလတွင် အမရာ ထောပတ်သီးမျိုးနှင့် ဘာဂေးနီးယား မျိုးထောပတ်သီးများ ဈေးကွက်သို့ စတင် ဝင်ရောက်လာပြီဖြစ်ပြီး Hass မျိုးထောပတ်သီးမှာ အောက်တိုဘာလကုန်လောက်တွင် ပေါ်မည်ဖြစ်သည်ဟု ဆိုသည်။
“ ၁၂ ရာသီစားသုံးနိုင်ဖို့ ထောပတ်သီးစားနိုင်အောင် အသီး ပေါ်ချိန်မတူတဲ့ ပြည်ပမျိုးတွေ ဖြစ်တဲ့ ဗီယက်နမ်မျိုး (၀၃၄) ထောပတ်နဲ့ ထိုင်းမျိုး-ဘာဂေးနီး ယားထောပတ်ပင်တွေ စိုက်ကြ တယ်။ ၀၃၄ ထောပတ်က အခုမှ စပေါ်တာဆိုတော့ ဈေးက ရှေ့ ဆုံးကပြေးနေတယ်။ မြန်မာ့ရေမြေ နဲ့ ကိုက်ညီပြီး အရသာကောင်းကြ ပါတယ်´´ ဟု ၎င်းက ပြောသည်။
လက်ရှိ ထောပတ်သီး ပေါက် ဈေးများအရ ၀၃၄ ထောပတ်မှာ ငွေကျပ် ၇၀၀၀ ဝန်းကျင်၊ အမရာ ထောပတ်သီးမှာ ငွေကျပ် ၆၀၀၀ ဝန်းကျင်နှင့် ဘာဂေးနီးယားထော ပတ်မှာ ငွေကျပ် ၅၀၀၀ ဝန်း ကျင်ရှိပြီး လက်လီဈေးကွက်တွင် ယင်းဈေးနှုန်းများထက် ပိုမည် ဖြစ်ကြောင်း၊ လာမည့် အောက် တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်း မှစ၍ Hass ထောပတ်သီးများ စားသုံးသူဈေးကွက်သို့ ဝင်ရောက် လာတော့မည် ဖြစ်သည်။
“ ဒီနှစ် ထောပတ်သီးအထွက် နှုန်းက အချို့ဒေသတွေမှာ ထွက် နှုန်းနည်းတယ်။ကျွန်တော့်ခြံမှာ ဆိုရင် အပင်အတွက် ဖြည့်ဆည်း ရမယ့် အစာကျွေးတာ လျှော့လိုက် လို့ အထွက်နှုန်းထက်ဝက်လောက် ကျသွားတယ်။ ပြောရရင် သွင်း အားစုဈေးနှုန်းတွေ မြင့်လို့ လျှော့ချ လိုက်တာရော မိုးကောင်းလွန်းတော့ မှိုကျတာလည်းပါတယ်´´ ဟု ၎င်း က ဆက်လက်ပြောကြားသည်။
မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများမှ ဝယ်လိုအားရှိ သော်လည်း ထွက်ရှိမှုနည်းပါး ခြင်း၊ တင်ပို့သည့်စရိတ်ကြီးမြင့် ခြင်း၊ သိုလှောင်နိုင်သည့် အခြေခံ အဆောက်အအုံများ လိုအပ်ခြင်း တို့ကြောင့် တင်ပို့နိုင်မှုနည်းပါး ကြောင်း၊ အခြားနိုင်ငံများထက် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ရာ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး ဒူဘိုင်းနှင့် မလေးရှားနိုင်ငံများမှ ကမ်းလှမ်း မှုများလည်းရှိကြောင်း သိရသည်။
Leave a Reply