ပြည်တွင်းမြေပဲဆီဈေး အနည်းငယ်မြင့်တက်လာတာကြောင့်မြေပဲဆန်နှင့် နှမ်းမျိုးစုံ စံချိန်တင်ပေါက်ဈေး ဖြစ်လာ

ရွှေမန်း

ပြည်တွင်းမြေပဲဆီဈေး အနည်းငယ်မြင့်တက်လာတာ ကြောင့် မြေပဲဆန်ဈေးနှင့် နှမ်း မျိုးစုံ စံချိန်တင်ဈေးမြင့်တက်လာ ကြောင်း ပဲနှမ်းကုန်သည်များထံ က သိရသည်။

ယခုသီတင်းပတ်တွင် ဈေး ပြန်မြင့်တက်လာသည့် ပို့ကုန်ပဲ များ ဈေးတည်ငြိမ်နေပြီး ပဲစင်းငုံ တစ်မျိုးသာ ဈေးဆက်လက်တက် လာကြောင်း၊ ပြည်တွင်းသုံးကုလား ပဲအုပ်စုမှာလည်း ဈေးကျဆင်းသွား ကြောင်း၊ အသစ်ဝင်နှမ်းများ ဈေး ကွက်အတွင်း ရောက်ရှိလာတာ ကြောင့် နှမ်းမျိုးစုံဈေးကွက်က အဝယ်သွက်လာသလို နှမ်းဖြူ (ဂျပန်) တစ်အိတ် ငွေကျပ် ၄၀၀ç ၀၀၀ ထိစံချိန်တင် ဈေးကောင်း လာကြောင်း၊ ပြည်တွင်းပဲဆီဈေး တက်လာတာကြောင့် မြေပဲဆီ ဆန်ဈေးက တစ်ပိဿာငွေကျပ် ၇၀၀၀ ထိ မြင့်တက်လာပြီး အနီ လုံးဆန်မှာ တစ်ပိဿာငွေကျပ် ၁၀၀၀၀ ထိ ပေါက်ဈေးရှိလာ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ ပို့ကုန်ပဲတွေဈေးပြန်ငြိမ် နေပါတယ်။ ပဲစင်းငုံတစ်မျိုးပဲ ဈေးဆက်တက်ပါတယ်။ မတ်ပဲ ဈေးကတော့ ဆက်မတက်ဘဲ ဈေး ငြိမ်နေပါတယ်။ စားဆီဈေး တက်လာတော့ မြေပဲဆန်ဈေးက ကောင်းလာပါတယ်။ မြေပဲဆန် လည်း လက်ကျန်နည်းလာမှ ဈေး တက်တာပါ။ မြေပဲအနီလုံးဆန် က တစ်ပိဿာငွေကျပ် ၁၀၀၀၀ ထိ ပေါက်ဈေး ရှိလာပါတယ်။ လက်ရှိမှာ ပဲမျိုးစုံဈေးကွက် တစ်ခုလုံးက ခပ်ငြိမ်ငြိမ်လေးနဲ့ အရောင်းအဝယ် ဖြစ်ပါတယ်။လက်ရှိပဲဈေးကွက် ပေါက်ဈေး တွေက အမြင့်ဆုံးဈေးတွေ ဖြစ် နေတာပါ။ ဒီဈေးတန်းအတိုင်း ပဲသစ်ရာသီအထိ ဆက်သွားပါ လိမ့်မယ်။ နှမ်းမျိုးစုံကလည်း အသစ်စပေါ်လာတော့ ယခင် သီတင်းပတ်ထက် ဈေးတက် အဝယ်သွက်လာပါတယ်´´ ဟု ၎င်း က ပြောသည်။

ဩဂုတ် ၈ ရက်တွင် သုံး တင်းဝင် မတ်ပဲ ၆၀ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံ ၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၀၆၀၀၀ သာ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၈၀၀၀ သာ ပေါက်ဈေးရှိတော့ သည်။

ပြည်တွင်းသုံးကုလားပဲ များ ဩဂုတ် ၈ ရက်တွင် တစ် အိတ်လျှင် ငွေကျပ် ၅၀၀၀မှ ငွေကျပ် ၁၀၀၀၀ ခန့် ဈေးပြန် ကျဆင်းရာ ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၁၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၆၅၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ငွေ ကျပ် ၂၁၃၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၉၉၀၀ ပေါက်ဈေးရှိကြောင်း သိရ သည်။

လက်ရှိမန္တလေးလက်ကား ဈေးကွက်တွင် ပဲဆီတစ်ပိဿာ ငွေကျပ် ၁၄၀၀၀၊ နှမ်းဆီတစ် ပိဿာငွေကျပ် ၁၃၀၀၀ နှမ်းမျိုးစုံ ဈေးကွက်မှာ ယခင်သီတင်းပတ် ထက် အနည်းငယ်ဈေးပြန်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညို တစ်အိတ် လျှင်ငွေကျပ် ၃၁၅၀၀၀၊ နှမ်း နက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.