ပြည်တွင်းပဲဈေးကွက်တွင် မြေပဲဆန်တစ်မျိုးတည်းသာ စံချိန်တင် ဆက်လက် မြင့်တက်နေ

ရွှေမန်း

ပြည်တွင်း ပဲဈေးကွက်တွင် မြေပဲဆန်တစ်မျိုးတည်းသာ စံချိန် တင် ဆက်လက် မြင့်တက်နေပြီး ကျန်ပို့ကုန်ပဲများ အနည်းငယ်သာ ဈေးမြင့်တက်နေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

ပြည်တွင်း ကုလားပဲအုပ်စုဝင် ဗွီတူးကုလားပဲများမှာ နယ်အဝယ် မြင့်တက်လာတာကြောင့် ဈေး မြင့်တက်နေပြီး သုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၁၆၂၀၀၀ ပေါက်ဈေးဖြစ်လာကြောင်း၊ပြည်တွင်း စားဆီဈေးမြင့်တက်နေမှု နှင့်အတူ လက်ကျန်နည်းလာသည့် မြေပဲ လုံးဆန်မှာ တစ်ပိဿာ ငွေကျပ် ၆၃၀၀ အထိ စံချိန်တင် ဈေးမြင့် တက်လာသည်။ အခြားပို့ကုန်ပဲ များဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံတို့မှာ ဈေးအနည်းငယ်သာ မြင့်တက် လာကြောင်းနှင့် ပဲမာလိုင်းများ မှာ ဈေးငြိမ်နေကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)က ပြောသည်။

“ မြေပဲဆန်ဈေးကွက်က ဒီ တစ်ပတ်မှာ ထိပ်စတစ်ပိဿာငွေကျပ် ၆၂၀၀-၆၃၀၀အထိ စံချိန်တင် ပေါက်ဈေးဖြစ်လာပါတယ် အခြား ပို့ကုန်ပဲတွေက တဖြည်းဖြည်း လေးပဲ တက်သွားတယ်။ နယ် အဝယ်များကလည်း ကုလားပဲအုပ်စု မှ ဗွီတူးကုလားပဲက ၁၆၂၀၀၀ ပေါက်ဈေးဖြစ်လာတယ်။တခြား ပို့ကုန် ပဲစင်းငုံမှာ တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀၊မတ်ပဲ ငွေကျပ် ၁၆၅၀၀၀၊ ပဲတီစိမ်းကတော့ ဈေး ငြိမ်နေပါတယ်။ လက်ရှိအချိန် မှာ တရုတ်လိုင်းက သွားလာလို့ မကောင်းသေးလို့ ပဲဈေးကွက် အေးနေတဲ့သဘောပါ ´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ
ပြည်တွင်းပို့ကုန်သမားများမှာ ဒေါ်လာဈေးအပြောင်းအလဲကို စောင့်ကြည့်နေပြီး လက်ကျန် နည်း လာသည့်မတ်ပဲ၊ ပဲစင်းငုံကို တဖြည်း ဖြည်း ဝယ်ယူမှုရှိနေတာကြောင့် ယခင်သီတင်းပတ်ထက် သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀ မှ ငွေကျပ် ၁၀၀၀၀ အထိ မြင့်တက်ဝယ်ယူမှုရှိလာရာ ဩဂုတ် ၃ ရက်တွင် မတ်ပဲတစ်အိတ် ငွေ ကျပ် ၁၆၅၀၀၀၊ ပဲတီစိမ်းအညာ တစ်အိတ် ၁၃၅၀၀၀ကျပ်၊ ပဲစင်းငုံ တစ်အိတ် ၁၄၇၀၀၀ ကျပ် ပေါက် ဈေးရှိခဲ့ကြောင်း သိရသည်။

မြေပဲ  

ပြည်တွင်း စားအုန်းဆီဈေး ကွက်မှာ အဝင်၊ အထွက် နည်း လာတာကြောင့် စားဆီတစ်ပိဿာ ငွေကျပ် ၈ç၀၀၀ကျော် ပေါက်ဈေး ဖြစ်လာပြီး ပြည်တွင်း ပဲဆီဈေး နှုန်းနှင့် ကွာခြားမှုနည်းလာတာ ကြောင့် ပဲဆီစားသုံးမှုမြင့်မားလာ ပြီး လက်ကျန်ပဲအနည်းငယ်သာ ရှိတော့သဖြင့် ဩဂုတ် ၃ ရက် တွင် မြေပဲလုံးဆန်အနီမှာ တစ် ပိဿာ ငွေကျပ် ၆၂၀၀-၆၃၀၀ ဈေးဖြင့် စံချိန်တင် ဆက်လက် မြင့်တက်နေသည်။ မြေပဲဆန် တစ်ပိဿာ ငွေကျပ် ၅၅၀၀-၅၇၀၀၊မြေပဲဆီတစ်ပိဿာငွေကျပ် ၁၂၀၀၀၊နှမ်းဆီတစ်ပိဿာငွေကျပ် ၉၅၀၀၊ စားအုန်းဆီ ၈၀၀၀ ကျော် ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပုံမှန်အရောင်းအဝယ်သာရှိပြီး လက်ကျန်နည်းလာတာကြောင့် ဈေးမြင့်တက်လာရာ ကုလားပဲ V2တစ်အိတ် ၁၆၂၀၀၀၊ ပဲယင်း တစ်အိတ် ၁၃၀ç၀၀၀၊ ပဲကြီးတစ် အိတ် ငွေကျပ် ၂၁၅၀၀၀၊ ပဲထော ပတ်တစ်အိတ် ၁၅၂၀၀၀၊ စွန်တာ ပြာ တစ်အိတ် ၁၃၃၀၀၀၊ မြေ ထောက်ပဲ တစ်အိတ် ၁၉၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ငွေ ကျပ် ၃၁၀၀၀၀ အသီးသီးဈေးမြင့် တက်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.