ပြည်တွင်းထုတ်သဘာ၀မြေဩဇာများကို တောင်သူများ ပိုမိုအသုံးပြုလာ

ရွှေမန်း

စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်း အားစု ဓာတ်မြေဩဇာများ ဈေး ကြီးမြင့်နေချိန် ပြည်တွင်းထုတ် သဘာ၀မြေဩဇာများကို ပိုမို အသုံးပြုလာကြောင်း သဘာ၀ မြေဩဇာထုတ်လုပ်ရောင်းချသည့် စိမ်းစိုမြေဩဇာကုမ္ပဏီမှ သိရ သည်။

မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ရန်ကုန် တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး တို့တွင် မိုးစပါးရာသီချိန် မိုးရွာ သွန်းမှုများ အဆက်မပြတ်ရှိနေ သောဒေသများတွင် စပါးစိုက်ပျိုး ရန်အတွက် အောက်ခံဓာတ်မြေ ဩဇာ သုံးခြင်းအားဖြင့် ကြာရှည် အကျိုးမပြုနိုင်တာကြောင့် သဘာ ၀ဓာတ်မြေဩဇာများကို ပိုမို အသုံးပြုလာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စပါး တစ်ဧကအတွက် ၁၅ပတ်လည် တစ်လုံး ငွေကျပ် ၁၃၀၀၀၀ ကျော်၊ ပုလဲမြေဆီတစ်အိတ် ငွေကျပ် ၈၅၀၀၀ ကျော်ဖြင့် နှစ်လုံး ငွေကျပ် ၁၇၀၀၀၀ခန့်၊ ဖော့စဖိတ်တစ်လုံး ငွေကျပ် ၁၀၀၀၀၀၊ စုစုပေါင်း ငွေကျပ် ၄၀၀၀၀၀ ခန့် ကုန်ကျ နေပြီး ပြည်တွင်းထုတ် သဘာ၀ မြေဩဇာကို အစားထိုးသုံးစွဲခြင်း ဖြင့် တစ်ဧကစိုက်ပျိုးကုန်ကျစရိတ် ကို လျော့ချနိုင်ကြောင်း တောင်သူ တစ်ဦးက ပြောသည်။

“ဓာတ်မြေဩဇာဈေးတွေက ဈေးကြီးမြင့်လာတော့ သဘာ၀ မြေဩဇာတွေကို ရောစပ်သုံးစွဲနေ ရပါတယ်။ ကျွန်တော်တို့ဒေသက ရေဝပ်တော့ ဓာတ်မြေဩဇာ အသုံး ပြုလျှင်လည်း ထိရောက်မှု နည်း ပါးပါတယ်။သဘာ၀မြေဩဇာနဲ့ ရောသုံးမှ ကုန်ကျစရိတ်သက်သာ ပြီး အပင်အတွက်အာဟာရလည်း ထိရောက်မှုရှိပါတယ်´´ဟု သဘာ၀ မြေဩဇာသုံး စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။

နှစ်စဉ် စပါးပြီး စပါးစိုက်ပျိုး သည့် လယ်မြေများတွင် ဓာတ် မြေဩဇာသုံးစွဲမှုများကြောင့် မြေများကြောင့်မြေပျက်စီးမှုများ ရှိနေပြီး သဘာ၀မြေဩဇာများကို မြေခံအဖြစ်အသုံးပြုသည့်လယ်မြေများ မှာ မြေအရည်အသွေးပြန်လည် ကောင်းမွန်လာတာကြောင့်လည်း တောင်သူများ သဘာ၀မြေဩဇာ ကို ပိုမိုအသုံးပြုလာကြခြင်းဖြစ် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.