ရွှေမန်း
ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားတင်ပို့ရန် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံး သရက်သီးများကို တောင်သူများထံ မှ ဈေးကောင်းပေးဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
စိန်တလုံးသရက်သီများကို နှစ်စဉ် စင်ကာပူနိုင်ငံသို့ အအေးခန်း ကွန်တိန်နာများဖြင့် ရေကြောင်းမှ တင်ပို့နေရာ ပြည်တွင်းတောင်သူများထံ မှ အရည်အသွေးကောင်း စိန်တလုံးသရက်သီးများကို အရည်အသွေးအမျိုးအစားလိုက် ဈေးကောင်းပေးဝယ်ယူမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင် ကပြောသည်။
“ စိန်တလုံးအိတ်စွပ်သီးဖြစ်ရပါမယ်။ ဝယ်ယူမယ့်ပုံစံကတော့ အညာပါရမည်။ အစက်ပြောက်ကင်းရမယ်။ အရောင်းလှရမည် ။အနုသီးများ အမှည့်သီးများမဖြစ်ရပါ။ အရည်အသွေးကောင်းရင်ကောင်းသလို ဈေးကောင်းပေးဝယ်ပါမယ်။ ၂၅၀ ဂရမ် ဆိုဒ် ၁၆ကီလိုဂရမ် တစ်ခြင်း ကျပ် ၁၀၀၀၀-၁၂၀၀၀၀ ၊ဈေး ၃၀ဝဂရမ်ဆိုဒ် ၁၆ကီလိုဂရမ် တစ်ခြင်း ကျပ် ၁၃၀၀၀၀-၁၅၀၀၀၀ ၊ ၃၅၀-၄၀ဝဂရမ် ၁၆ကီလိုဂရမ် တစ်ခြင်း ၁၆၀၀၀-၁၈၀၀၀ ၊၄၀၀-၄၅ဝဂရမ် ၁၆ကီလိုဂရမ် တစ်ခြင်း ၁၉၀၀၀-၂၁၀၀၀ ဈေးပေးဝယ်သွားမှာပါ။ ဈေးနှုန်းကတော့ အတက်အကျ ဈေးရှိပေမယ့် တက်ဈေးများပါတယ်။ ” ၎င်းကပြောသည်။
ထို့သို့ စိန်တလုံးသရက်သီး ဝယ်ယူခြင်းကို မေ ၅ ရက်နေ့မှ စတင်ကာ ဝယ်ယူသွားမည်ဖြစ်ပြီး ရောင်းချလိုသည့် တောင်သူများ အနေဖြင့် မန်နေဂျာ ဦးဌေးအောင် ၀၉.၄၃၁၁၇၄၁၇ ၊သဇင်နွယ်သရက်ခြံ ဆည်ရွာဇရပ်ပေါက် ၊ပလိပ်မြို့ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
ယခုနှစ်တွင် အသီးအထွက်နှုန်းကျဆင်းမှုများနေပြီး အရည်အသွေးကောင်း သရက်သီးထွက်ရှိမှုနည်းပါးတာနှင့် သွင်းအားစုဈေး မြင့်တက်မှု ၊ အိတ်စွပ်ဈေး အလုပ်သမားခ များ ပိုမိုကုန်ကျ ထားတာ ကြောင့် ပို့ကုန်အရည်အသွေးမီရင် ဈေးကောင်းပေးဝယ်မည်ဖြစ်ကြောင်း သိရသည်။
သဇင်နွယ်သရက်ခြံ မှ နှစ်စဉ် တောင်သူများထံ သရက်သီးများ ဝယ်ယူက အရည်အသွေး သန့်စင်ပြီး လက်ဆက်သီးများ စင်ကာပူနိုင်ငံသို့ လေကြောင်းလိုင်း ၊သင်္ဘောလိုင်းများဖြင့် တင်ပို့ ရောင်းချသလို သရက်သီးအနှစ်များ ၊သရက်ပြင်များ ၊ဆားဖက်ခုတ်သရက်များ တန်ဖိုးမြင့်ထုတ်လုပ်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရသည်။
FlashNews:
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး
သတင်းများ
ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားတင်ပို့ရန် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီးများ ဈေးကောင်းပေးဝယ်ယူမည်

Leave a Reply