ပြည်တွင်းဈေးကွက်တွင် ထောပတ်သီအကျဘက်ရောက်ရှိနေ


ရွှေမန်း

ပြည်တွင်းဈေးကွက်တွင် ထောပတ်သီးများမှာ ပြည်ပ တင်ပို့နိုင်မှုမရှိခြင်းနှင့် ဝယ်လို အားထက် အထွက်နှုန်းများ နေခြင်းကြောင့် ဈေးနှုန်းအကျ ဘက်ရောက်ရှိနေကြောင်း မြန်မာ နိုင်ငံထောပတ်သီး  စိုက်ပျိုး   ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

ထောပတ်သီးမှာ ပြည်ပ တင်ပို့မှု အခြေအနေ အရ ထိုင်းဘက်သို့ ကျိုင်းတုံ၊ တာချီလိတ်မှ လမ်းကြောင်းမှသာ တင်ပို့နေရသဖြင့် ပြည်တွင်း ဈေးကွက်၌ ရောင်းချနေရခြင်း ကြောင့် ဝယ်လိုအားနည်းပါး သွားသည်ဟု ယင်းအသင်းမှ တာဝန်ရှိသူက ပြောသည်။

“ ပြည်တွင်းဈေးကွက်မှာ ထောပတ်သီးက  အကျဘက် ရောက်သွားတယ်။ ရာသီပေါ်စ အချိန် နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဈေး ကောင်းရခဲ့ပေမယ့် ခုချိန်မှာ ပြည်ပ တင်ပို့မှုအခြေအနေမကောင်းတာ  နဲ့ အထွက်များပြီး ဝယ်လိုအား နည်းလို့ ဈေးနှုန်းကျလာတယ်´´ ဟု ၎င်းကပြောသည်။

ထောပတ်သီးတွင် ပြည်ပ တင်ပို့သည့်  Hass အမျိုးအစား၊ အမရာ အမျိုးအစားများမှာ အရည် အသွေးနှင့် အရသာကောင်းမွန် သဖြင့် ပြည်တွင်းစားသုံးသူများ က ဝယ်ယူမှုရှိသော်လည်း ဝယ်လို အားထက် အထွက်နှုန်းများနေ သဖြင့် အကျဘက်ရောက်ရှိနေ ကြောင်း သိရသည်။

“ ထောပတ်သီး စိုက်ဧက အနေနဲ့ပြောရင် လက်ရှိအခြေ အနေမှာ စာရင်းကောက်နိုင်မှုမရှိ သေးဘူး။ အရင်ကောက်ထားတဲ့ စာရင်းအရပြောရင် ဧကပေါင်း ၂၀၀၀၀  နီးပါးလောက်ရှိပါ  တယ်။ ပြည်ပနိုင်ငံတွေက မြန်မာ ထောပတ်သီး ဝယ်လိုအားနဲ့  အမှာတွေရှိပေမယ့် တင်ပို့နိုင်မှု   မရှိသေးတော့ ပြည်တွင်းဈေး ကွက်မှာပဲ ရောင်းနေရတယ်´´ ဟု ၎င်းက ပြောသည်။

ပြည်တွင်းမှ ထောပတ်သီး ထွက်ရှိရာဒေသများမှာ ရှမ်းပြည် နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပြင်ဦးလွင်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း(နာဂဒေသ)တို့ ဖြစ်ပြီး စိုက်ပျိုးထွက်ရှိကြောင်း၊ Hass အမျိုးအစားထောပတ်သီး များမှာ ရာသီပေါ်ချိန်က ငွေကျပ် ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင် ရှိခဲ့ရာ မှ လက်ရှိတွင် ငွေကျပ် ၄၀၀၀ မှ ၅၀၀၀ ဝန်းကျင်ရှိပြီး အကျ ဘက်သို့ ရောက်ရှိနေကြောင်း သိရ သည်။

 ပြည်ပသို့ ပုံမှန်ကုန်သွယ်မှု မှ တင်ပို့နိုင်ခြင်းမရှိသေးဘဲ ထိုင်းဘက်သို့ တာချိလိတ်နယ်စပ် လမ်းကြောင်းမှ တင်ပို့ကြောင်း၊ ထောပတ်သီးဈေးကွက်မှာ လက်ရှိ တွင် ဈေးကွက်ကောင်းမွန်သည် ဟု မဆိုနိုင်ဘဲ ရေရှည်ဈေးကွက် တွင် အလားအလာကောင်းသော နှစ်ရှည်သီးနှံဖြစ်ကြောင်း သိရ သည်။


⬇️

Leave a Reply

Your email address will not be published.