ပြည်တွင်းဆီလုပ်ငန်းရှင်များ လုပ်ငန်းအဆင့်မြှင့်တင်နိုင်ရန် ချေးငွေထုတ်ပေး


ရွှေမန်း

 နိုင်ငံစီပွားမြှင့်တင်ရေး  ရန်ပုံငွေမှ မတည်ထူထောင်ထား သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုး ရေး ချေးငွေရန်ပုံငွေကနေ အတိုး နှုန်းသက်သာသည့် ချေးငွေကို ဆီ စက်ပိုင်ရှင်များထံ ထုတ်ပေးနေ ကြောင်း ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေ၊ စီမံခန့်ခွဲမှုအဖွဲ့က ထုတ် ပြန်ထားသည်။
ပြည်တွင်းဆီစားသုံးမှုတွင် နိုင်ငံခြားမှ တင်သွင်းရသည့် ဆီ လျော့ချနိုင်ရန်နှင့် ပြည်တွင်းအဆင့် မီ ဆီထုတ်လုပ်နိုင်ရန်အတွက်  အဆင့်မီ စက်ပစ္စည်းများတိုးချဲ့ တပ်ဆင်ခြင်း အဆင့်မြှင့်တင်ခြင်း၊  ခေတ်မီဆီစက်အသစ်တွေ တည် ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်း နှီးလည်းပတ်ငွေလိုအပ်ချက်များ အတွက် ထုတ်ချေးပေးခြင်းဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိလုပ်ငန်းလည်ပတ်နေ ပြီး လုပ်ငန်းအမည်ပေါက်လိုင်စင် သက်တမ်းရှိ ဆီစက်ဖြစ်ရမှာဖြစ် ပြီး ချေးငွေအဖြစ် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွေ့ ပြောင်းနိုင်သောပစ္စည်းများ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)ပေးအပ်နိုင်ရမည်ဟု သတ် မှတ်ထားသည်။
ချေးငွေသက်တမ်းနှင့် ပြန် ဆပ်ကာလအဖြစ် လုပ်ငန်းသုံး လည်ပတ်ရင်းနှီးငွေအတွက် ချေး ငွေသက်တမ်းတစ်နှစ် မçတည် ရင်းနှီးငွေအတွက် ချေးငွေသက် တမ်းသုံးရစ်ဆပ်ဖြစ်ပြီး တစ်နှစ် တွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း သက်မှတ်ထားသည်။
ဆီစက်ချေးငွေလျှောက်လွှာ များကို နေပြည်တော် တိုင်းဒေသ ကြီး^ပြည်နယ်တို့မှာရှိသည့် ဆီ စက်ပိုင်ရှင်အသင်းရုံး၊ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင် အသင်းရုံး၊ စက်မှုလက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများ၊ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ များတွင် ချေးငွေပုံစံရယူလျှောက် ထားနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.