ပြည်တွင်းစျေးကွက် မှာ စျေးကောင်းရရှိနေသည့် စားတော်ပဲကို စိုက်ပျိုးနိုင်သည့်တောင်သူများ အနေ ဖြင့်တိုးချဲ့စိုက်ပျိုးသင့်

ရွှေမန်း

ပြည်တွင်းစျေးကွက် မှာ စျေးကောင်းရရှိနေသည့် စားတော်ပဲကို စိုက်ပျိုးနိုင်သည့်တောင်သူများ အနေ ဖွငျ့တိုးချဲ့စိုက်ပျိုးသင့် ကြောင်းပဲကုန်သည်များနှင့် စိုက်ပျိုးရေးပညာရှင်များထံ မှသိရသည်။ ပြည်တွင်းမှာတောင်သူတွေ စားတော်ပဲကို စိုက်ပျိုးမှုနည်းသွားရခြင်းမှာ ကနေဒါနိုင်ငံကနေ စားတော်ပဲ တင်သွင်းလာခြင်းကြောင့်စျေးကွက်မှာပြည်တွင်းတောင်သူတွေက ယှဉ်ပြီးမ ရောင်းနိုင် ခြင်းကြောင့်ပြည်တွင်း စိုက်ပျိုးနည်းသွားခြင်းဖြစ်ကြောင်းကျွန်းစားတော်ပဲကလည်းဧရာ၀တီမြစ်ရိုးတစ်လျှောက်ဗန်းမော်၊ကသာ ကနေဧရာစတီမြစ်၀ကျွန်းပေါ်ဒေသထိစိုက်ပျိုးကြကြောင်းပြည်တွင်းမှာစားသုံး ရတာအရသာ အကောင်းဆုံးပဲ တစ်မျိုးဖြစ်ကာလက်ရှိပြည်တွင်းစျေးကွက်မှာလက်ကျန်မရှိတော့ သဖြင့် သုံးတင်း၀င်တစ်အိတ် ကျပ်သုံးသိန်း ခန့် ပေါက်စျေးရှိကြောင်း မန္တလေးပဲ၊နှမ်းကုန်စည်ဒိုင် ဒုတိယဥက်ကဌဦးမျိုးဆွေ က ပွောသည်။“မြန်မာပြည်မှာတော့ စားသုံးရတာ အကောင်းဆုံးပဲတစ်မျိုးပါ။ ကျွန်းစားတော်ပဲက နိုင်ငံခြားက တင်သွင်းလာတဲ့ စားတော်ပဲတွေနဲ့အရသာလဲမတူဘူး၊စျေးကွက်လည်းမတူပါဘူး။ကလေး၀ ကစားတော်ပဲ ၊မူးမြစ်ဝှမ်း စားတော်ပဲ တွေကတော့ရန်ကုန်-မန္တလေးစျေးကွက်ထဲရောက်မလာတော့ဘဲဒေသတွင်းမှာတင်ကုန်သွားတာပါ။စျေးကွက် ထဲမှာတော့ကနေဒါစားတော်ပဲတွေကိုစားသုံးနေကြတာပါ။စျေးတက်နိုင်တဲ့သူတွေလောက်ပဲကျွန်းစား တော်ပဲကို တစ်ခုတ်တရ၀ယ်စားမျိုးဖြစ်နေတာပါ။ပြည်တွင်းမှာစားသုံးရတာအရသာအကောင်းဆုံးပဲတစ်မျိုးဖြစ်ပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်မှာလက်ကျန်မရှိတော့သဖြင့်သုံးတင်း၀င်တစ်အိတ်ကျပ်သုံးသိန်းခန့်ပေါက် စျေးရှိနေ ပါတယ်” ဟု ၄င်း ကပွောသည်။လက်ရှိတွင် တရုတ်နိုင်ငံမှ တင်သွင်းနေသည့်ကနေဒါစားတော်ပဲမှာ ပြည်တွင်းတောင်သူများ အကျိုးစီးပွားကာ ကွယ်ရန်ပင်လယ်ရေကြောင်းမှ တင်သွင်းမပြုတာကြောင့် တရုတ်နိုင်ငံ မူဆယ်နယ်စပ်မှ တင်သွင်းနေခြင်းဖြစ်ရာ ထပ်ဆင့်စျေးနှုန်းကြီးမြင့်နေကြောင်း တိုက်ရိုက်တင်သွင်းခွင့်ပြုလျှင် စျေးပိုမိုသက်သာနိုင်ကြောင်း သို့သော်လည်း ပြည်တွင်းကုလားပဲ အုပ်စု စျေးကွက်ကိုပါထိခိုက်နိုင်တာကြောင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ၊ကိုဗစ်ကာလ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွားပြီးနောက် ပြည်တွင်းမှာ ကနေဒါစားတော်ပဲ စျေးကွက်မှာ စျေးမြင့်တက်လာကြောင်း မန္တလေးပဲကုန်များထံမှ သိရသည်။ “တရုတ်လိုင်းက၀င်တဲ့ကနေဒါ စားတော်ပဲဆိုတာကလည်း သင်္ဘေလိုင်းက တင်သွင်းတာကိုကန့်ကွက် ထား လို့ တရုတ်ကနေပတ်၀င်တာ။ တိုက်ရိုက်တင်သွင်းခွင့်ပြုမယ်ဆိုရင် စျေးနှုန်းသက်သာပါတယ်။ ကနေဒါစားတော်ပဲ တင်သွင်းမှုက ကျွန်းစားတော်ပဲစျေးကွက်တင်မဟုတ်ဘဲ ပြည်တွင်းသုံးကုလားပဲ စျေးကွက်ကိုပါ ထိ ခိုက်လို့ ပိတ်ထားတာပါ။ ပြည်တွင်း ကုလားပဲစျေးမြင့်တက်ချိန်ဆိုရင် ကနေဒါစားတော်ပဲကို အစားထိုးသုံးပါတယ်။ ကုလားပဲစျေးမတက်ရင်တော့ မသုံးပါဘူး။တရုတ်နိုင်ငံကလည်း ဇူလိုင်လ နောက်ပိုင်း ကိုဗစ်ကူးစက်မှုကြောင့် ကုန်သွယ်မှုကိုပိတ်လိုက်တော့ ပြည်တွင်းမှာ ကနေဒါစားတော်ပဲက စျေးကောင်းသွားတာပါ။ သုံးတင်း၀င်တစ်အိတ်ကိုကျပ် ၂၀၀၀၀၀ လောက်ထိ စျေးဖြစ်သွားပေးမယ့်လက်ရှိမှာ ကျပ် ၁၈၀၀၀၀ လောက်ပေါက်စျေးရှိပါတယ်။ ကျွန်းစားတော်က တော့ ပြည်တွင်းလက်ကျန်မရှိတော့ ကျပ် ၃၀၀၀၀၀ ကျော်လောက်ဖြစ်နေပါတယ်။” ဟု ပဲကုန်သည်တစ်ဦးကပြောသည်။၂၀၂၁ခုနှစ် ဖောဖော်ဝါရီလ မှဧပြီလ အတွင်း ပဲစတင်၀င်ရောက်ချိန်တွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် ပဲစျေးကွက် အတွင်း အရောင်းအ၀ယ်ရပ်သွားချိန်တိုက်ဆိုင်ပြီး သုံးတင်း၀င်တစ်အိတ်ကျပ် ၈၅၀၀၀ ခန့်သာ ပေါက်စျေးရရှိခဲ့ကြောင်း နောက်ပိုင်း ပြည်တွင်းပဲစားသုံးမှုမြင့်မားလာချိန်တွင် လက်ကျန်နည်းသွားတာ ကြောင့် တဖြေးဖြေး စျေးကောင်းရရှိလာကာ လက်ရှိပဲသစ်မထွက်သေးချိန် တွင် ကောင်းရရှိနေခြင်းဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။ပြည်တွင်းပဲစျေးကွက်တွင် ၀ယ်လိုအားကောင်း စျေးကွက်ပေါက်စျေးကောင်းမွန်လာသည့် စားတော်ပဲ ကို စိုက်ပျိုးနိုင်သည့်ဒေသများဖြစ်သည့် မြစ်ဝှမ်းဒေသများတွင် တိုးချဲ့စိုက်ပျိုးရန် စိုက်ပျိုးရေး၀န်ကြီးက သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများကို လမ်းညွှန်ထားကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း မိုးကုတ်၊ တကောင်း၊ စဉ့်ကူး ၊မတ္တရာ၊ အမရပူရ၊ မြင်းခြံ (၆)မြို့နယ်တွင် စားတော်ပဲ စိုက်ပျိုးမှု ဖြစ်ထွန်းတာကြောင့်ပုံမှန်စိုက်ပျိုးမှု၂၃၃၁ဧကစိုက်ပျိုးမှုရှိရာမှယခုနှစ်ဆောင်းစိုက်ရာသီတွင်၂၆၇ဧက ထပ်မံတိုး ချဲ့စိုက်ပျိုးမှုကြောင့်စုစုပေါင်းဧက ၂၅၉၈ ဧက ထိစိုက်ပျိုးထုတ်လုပ်သွား မည်ဖြစ် ကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုး ရေးဦး စီး ဌာနမှ သိရသည်။ပြည်တွင်းစားသုံးမှုများသည့် ကုလားပဲအုပ်စု၀င် ပဲမျိုးစုံ ပေါက်စျေးမှာ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကုလားပဲဖြူကြီး(V2) တစ်အိတ်ကျပ် ၁၄၄၀၀၀ ၊ကုလားပဲဖြူကြီး(V7)တစ်အိတ်ကျပ် ၁၄၃၀၀၀၊ ကုလားပဲထိုင်၀မ် တစ်အိတ်ကျပ် ၁၂၇၀၀၀၊ စားတော်ပဲ (ကနေဒါ) တစ်အိတ်ကျပ် ၁၈၀၀၀၀၊ စားတော်(ယူကရိန်း) တစ်အိတ်ကျပ် ၁၅၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၀၀၀၀၀ ပေါက်စျေးရှိနေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.