ရွှေမန်း

စားအုန်းဆီစျေးများ မြင့်တက်မူမရှိစေရန်အသင်းမှ တိုင်းဒေသကြီးများလိုက်လံရောင်းချ ပေးနေသောကြောင့် စားအုန်းဆီစျေးများ ပြန်လည်ကျဆင်းလာ​ရာ တစိပိသာကျပ် ၄၅၀၀ခန့်သာပေါက်စျေးရှိတော့ကြောင်း သိရသည်။စားသုံးသူများ အဆင်ပြေစေရန် ဗဟိုဘဏ်ရည်ညွှန်းစျေးဖြင့်အမေရိကန်ဒေါ်လာ၁၀သန်းကို ဆီကုမ္ပဏီများကိုရောင်းချပေးထားပြီး ထိုသို့တင်သွင်းလာသော ဆီစျေးနှုန်းနှင့် ရောင်းချရမည့် တန်ချိန်ကို စားသုံးဆီများအသင်းမှ သတ်မှတ်ပေးကာရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှ သိရသည်။ကုမ္ပဏီများမှ အမြင့်ဆုံးရောင်းစျေးတစ်ပိဿာလျှင် ၄,၂၇၅.၈၄ကျပ် ထက် ပိုသောစျေးနှုန်းများဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ကုမ္ပဏီများမှတဆင့် စားသုံးသူများထံ ဦးရာလူစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးနေခြင်းကြောင့် စျေးများပြန်ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့်လများက စားအုန်းဆီ တစ်ပိသာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင် မှ ၅,၅၀၀ ကျပ်အထိဖြစ်ခဲ့ပြီး လက်ရှိစျေးကွက်တွင် စားအုန်းဆီတစ်ပိသာလျှင် ၄,၄၄၀ မှ (၄,၅၀၀ – ၅၀၀၀) အထိ ပေါက်စျေးရှိကြောင်း နေရာဒေသအလိုက် စျေးအနည်းငယ်ကွာနိုင်ကြောင်းသိရသည်။သို့သော် စားအုန်းဆီကို အဓိကတင်သွင်းနေသည့် ပြည်ပနိုင်ငံများတွင်လည်း ရာသီဥတုဖောက်ပြန်သည့် အခြေအနေများနှင့် Covid ၏ အကျိုးသက်ရောက် မူကြောင့် ထုတ်လုပ်မှုလျော့နည်းလာခြင်း၊ ဒေါ်လာစျေး မြင့်တက်နေခြင်းကြောင့် အများကြီးကျဆင်းနိုင်မည်မဟုတ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များနှင့် ယှဉ်ပါက အတက်စျေးတွင်ရှိကြောင်းကုန်သည်များထံမှသိရသည်။ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀သိန်းကျော်အထိ ရှိ သောကြောင့် နှစ်စဥ်တန်ချိန် ၆သိန်းမှ ၇သိန်းကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။

Leave a Reply

Your email address will not be published.