ပြည်တွင်းစားသုံးမှုဆန်ဈေးကွက် မြန်မာနှစ်သစ်ကူးပြီးနောက် ဆန်တစ်ပိုင်းလျှင် တစ်ထောင်ကျပ်ဝန်းကျင် ဈေးမြင့်လာ

ရွှေမန်း

ပြည်တွင်းစားသုံးမှု ဆန်ဈေး ကွက်တွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်မှစ၍ ဆန် တစ်ပိုင်းလျှင် ငွေကျပ် တစ်ထောင် ဝန်းကျင် ဈေးမြင့်တက်လာခဲ့ ကြောင်း ဆန်ဈေးကွက်မှ သိရ သည်။

အလားတူ နထစသမအ တင်ပို့ သည့် ဆန်၊ ဆန်ကွဲဈေး မှာလည်း ပြည်တွင်းစားသုံးမှု ဆန်ဈေး နှင့်အတူ အနည်းငယ်မြင့်တက် လာသည်ဟု ဆိုသည်။

“သင်္ကြန်ရက်မှာ နားကြတာနဲ့ တခြားအကြောင်းအရာတွေကြောင့် ဈေးကွက်ထဲကို ဆန်အဝင်နည်း သွားလို့ ဆန်ဈေးက မြင့်တက်လာ တယ်လို့ သုံးသပ်ပါတယ်။ဧပြီ ၁၈ ရက်၊နှစ်ဆန်း ၂ ရက် အဖွင့်ဈေး မှာ ဆန်တစ်ပိုင်းကို ပျမ်းမျှ ငွေကျပ်တစ်ထောင်ဝန်းကျင် ဈေး တက်လာတယ်။ စပါးအထွက် နှုန်းနည်းတာလည်းပါတယ်´´ဟု ဆန်ပွဲရုံပိုင်ရှင် တစ်ဦးက သုံးသပ် သည်။

ဆန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းမွှေး ငွေကျပ် ၉၇၀၀၀၊ မြောင်းမြပေါ်ဆန်း ငွေကျပ် ၈၀၀၀၀ ရှိပြီး သင်္ကြန်မတိုင်မီက ဈေးနှုန်း များထက် တစ်ပိုင်းလျှင် ငွေကျပ် ၁၀၀၀၊ ယခင်လများထက် တစ် ပိုင်းလျှင် ငွေကျပ် တစ်သောင်း မြင့် တက်ခဲ့သည်ဟု ဆိုသည်။

ပို့ကုန် ဆန်၊ ဆန်ကွဲ ဈေးကွက်တွင် အသွယ်ဆန်သား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းမှာ ငွေကျပ် ၅၁၄၀၀-၅၂၃၀၀ ဝန်းကျင်ဖြစ်ရာ ပြီးခဲ့သည့်ရက် ထက် ငွေကျပ် ၅၀၀ ဈေးမြင့်လာ ကြောင်း၊ ဖိလစ်ပိုင်မှ ဆန်တန်ချိန် သုံးသိန်းကျော်တင်သွင်းမည်ဟု သိရပြီး ပင်လယ်ရေကြောင်းမှ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများဖြစ်သည်ဟု သိရ သည်။

Leave a Reply

Your email address will not be published.