ပြည်တွင်းစက်သုံးဆီဈေးမှာ  စက်တင်ဘာ လကုန်ပိုင်းတွင်  ဒီဇယ် ၊ဓါတ်ဆီ တစ်ဂါလံ လျှင် ကျပ် ၈၀၀၀ ကျော် ပေါက်ဈေးဖြစ်လာ တစ်လ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းနီးပါးဈေးမြင့်တက်လာ

ရွှေမန်း

ပြည်တွင်းစက်သုံးဆီဈေးမှာ စက်တင်ဘာ လကုန်ပိုင်းတွင် ဒီဇယ် ၊ဓါတ်ဆီ တစ်ဂါလံ လျှင် ကျပ် ၈၀၀၀ ကျော် ပေါက်ဈေးဖြစ်လာ တစ်လ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် တစ်သိန်းနီးပါးဈေးမြင့်တက်လာ ကြောင်း သိရသည်။ဒေါ်လာငွေဈေး မြင့်တက်မှုနှင့် ဆီတင်သွင်းမှုရောင်းချမှု ဆိုင်ရာမူဝါဒ အပြောင်းအလဲများကြောင့် နိုင်ငံခြားမှ တင်သွင်းရသည့် စက်သုံးဆီဈေးနှုန်းများမှာ စက်တင်ဘာ လကုန်ရက် များတွင် မနက် တဈေး ၊ညနေ တဈေးဖြင့် အပြောင်းအလဲ မြန်ဆန်စွာ ဈေးမြင့်တက်ကြောင်းနှင့် ပြည်တွင်းစက်သုံီးဆိုင်များကို လက်ကားရောင်းချမှု ပမာဏ ကန့်သက်ချက်ရှိလာသလို လက်လီပြန်လည်ရောင်းချမှုမှာလည်း ယခင်လို လိုချင်သလောက်ဝယ်ယူမရနိုင်တော့ ဘဲ လျော့ချ ရောင်းနေရ ကြောင်း မန္တလေးမြို့ မှ စက်သုံးဆီအရောင်းမန်နေဂျာ ဦးနေ၀င်းအောင် ကပြောသည်။“ ဆီတင်သွင်းတဲ့ ကုမ္ပဏီ ကြီးတွေကို ဗဟိုဘဏ်က ဒေါ်လာရောင်းချပေးတာတွေ ရှိလာသလို သက်မှတ်ဈေးနဲ့ ရောင်းချဖို့ ဖြစ်လာတယ်။ ဒီတော့ သူတို့ဆိုင်တွေက တော့ အဲ့ဒီသက်မှတ်ဈေးရောင်းပေးနိုင်တယ်။ သူ့တို့တဆင့်ယူရောင်းတဲ့သူတွေကတော့ ပေါက်ဈေး အပြောင်းအလဲအတိုင်းဆိုတော့ ရောင်းရတာ အဆင်မပြေတော့ဘူး။ အချို့ ဆီဆိုင်တွေ ရပ်နားကုန်တယ်။ ဒီလကုန်ရက်ပိုင်းလေးမှာ တစ်ရက် တစ်ဈေးကနေ တစ်ရက် မနက်ဈေး ညနေဈေးနဲ့ တက်လာတာ ဆီတစ်ဂါလံကျပ် ၈၀၀၀ ကျော် တစ်ပီပါ ကျပ် တစ်သိန်းနီးပါး ဈေးတက်သွားတယ်။ ဆီသုံးစွဲမှုကတော့လျော့ကျနေဆဲ ပုံမှန်သုံးစွဲမှုမရှိသေးပါဘူး ”ဟု ၄င်းကပြောသည်။မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင် အချို့ ပိတ်နားမှုများရှိလြာ့ပီး စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်း တွင် ဒီဇယ်တစ်ဂါလံလျှင် ကျပ် ၈၀၅၅ ၊ပရီမီယမ်ဒီဇယ် တစ်ဂါလံ ကျပ် ၈၁၉၀ ၊၉၂ အောက်တိန်းဆီ တစ်ဂါလံ ကျပ် ၈၇၅၂ ၊ ၉၅အောက်တိန်းဆီ တစ်ဂါလံ ကျပ် ၈၉၃၂ ထိ စံချိန်တင်ဈေးမြင့်တက်လာကြောင်းသိရသည်။ယင်းစက်သုံးဆီဈေးများမှာ မန္တလေးမြို့ပေါ် စက်သုံးဆီဆိုင်များမှာ အကန့်အသတ်ဖြင့်ရောင်းချသည့် ပေါက်ဈေးဖြစ်ပြီး နယ်အကွာအဝေးအလိုက် ဈေးနှုန်းကွာခြားချက်ရှိတာကြောင့် နယ်များတွင် ဆီဈေး ယခုထက်ပိုမိုဈေးမြင့်တက်လာနိုင်ကြောင်းသိရသည်။စက်သုံးဆီနှုန်းများမြင့်တက်လာတာကြောင့် နေ့စဉ် အလုပ်ဆင်းကြသည့် အခြေခံလုပ်သားများမှာ အခက်အခဲဖြစ်လာကြောင်း ယခင် ဆိုင်ကယ်ဆီ ကျပ်တစ်ဖိုးဖြင့် နေ့စဉ်အလုပ်သွားနိုင်သော်လည်း ယခုဆီဈေးဖြင့် ကျပ် ၂၀၀၀ ဖိုးထည့်မှသာ လုံလောက်တော့ကြောင်းနှင့် လုပ်အားခမှာ ကျပ် ၄၀၀၀-၅၀၀၀ သာ ရရှိကြောင်း ပုသိမ်ကြီးမြို့နယ်မှ အလုပ်သမားတစ်ဦးကပြောသည်။ထို့ပြင် ယခုချိန် စပါးရိတ်သိမ်းချိန် မဟုတ်သေးသော်လည်း လာမည့် စပါးရိတ်ချိန်တွင် ရိတ်သိမ်းခ ဈေးနှုန်းများ မြင့်တက်လာနိုင်သလို စပါးသယ် ၊စပါးသိမ်း အတွက် လုပ်သားခ များ မြင့်တက်လာနိုင်ကြောင်း စပါးစိုက်တောင်သူ ဦးလေးချစ်က ပြောသည်။ ယခင်နှစ်က နေပြည်တော် တောင်သူ ဒိုက်ဦး ဒေသများသို့ သွားရောက် ကာ စပါးရိတ်သိမ်းဝန်ဆောင်မှုပေးသော်လည်း ယခုနှစ်တွင် လုံခြုံရေးအရသွားရောက်နိုင်ခြင်းမရှိသလို စက်သုံးဆီဈေးကြီးမြင့်နေတာကြောင့် တောင်သူများ ရိတ်သိမ်းခ ဈေးမြင့်တာကြောင့် ၀န်ဆောင်ခ ရရှိရန် ခက်ခဲလာနိုင်သဖြင့် လုပ်ငန်းရပ်နားထားရကြောင်း စပါးရိတ်သိမ်းဝန်ဆောင်မှုပေးနေသည့် ၀င်းသီတာ ရိတ်သိမ်း လုပ်ငန်းပိုင်ရှင် ဦးဝင်းကို ကပြောသည်။“ မနှစ်က ဒီအချိန် အောက်ပိုင်းကို ဆင်းပြီး စပါးရိတ်ဆင်းနေပါပြီ။ဒီနှစ်တော့ မသွားရဲဘူး။ဆီဈေးကကလည်း တစ်ပေပါကျပ် ၃ သိန်းကျော် တစ်နယ်ဆင်းရင် ပေပါ ၄၀-၅၀ သယ်သွားရတယ်။ စပါးအ၀ယ်ကလည်း အေးနေတော့ ဒီအချိန် ရိတ်သိမ်းခ တောင်းရတာ ပိုခက်ခဲနိုင်တယ်။ ဒီနှစ် စပါးရိတ်ခ က တစ်ဧက ကျပ် ၆၀၀၀၀ ဈေးရိတ်တာ ဆီဈေးတက်လာတော့ ဈေးက ဆက်တက်နိုင်တယ်။လက်ရှိ ဆီဈေးနဲ့ မန္တလေးဒေသ ကောက်ကြီးရိတ်ချိန်ဆိုရင် တစ်ဧက ကျပ် ၈၀၀၀၀ ကျော်လိမ့်မယ်။နယ်ဆင်းပြီးစပါးရိတ်သိမ်းတာကို နားထားရတယ်” ဟု ၄င်းကပြောသည်။ယခင်နှစ်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလ အတွင်း သွားလာမှုခက်ခဲမှုများရှိခဲ့သော်လည်း စပါးရိတ်သိမ်း ၀န်ဆောင်မှုကို တစ်ဧက ကျပ် ၄၅၀၀၀-၅၀၀၀၀ သာပေါက်ဈေးရှိသော်လည်း ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် ဆီဈေးနှုန်းမြင့်တက်လာကြောင့် တစ်ဧကကျပ် ၁၀၀၀၀နှုန်းခန့် ဈေးမြင့်တက်လာကြောင်း တောင်သူများထံ မှ သိရသည်။လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားခ ဈေးမြင့်တက်လာသလို လုပ်သားလျော့ချ ဆောင်ရွက်နေရကြောင်း ပိုးသတ်ဈေး မြေသြဇာ လုပ်သားခ စရိတ်များ မြင့်တက်လာတာကြောင့် လျော့ချသုံးစွဲမှုများက စပါးအထွက်နှုန်း လျော့ကျမည်ဖြစ်ကြောင်း စက်သုံးဆီဈေး နှစ်ဆ ခန့်မြင့်တက်လာတာလည်း စပါးရိတ်သိမ်းချ အပါအ၀င် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာနိုင်မည်ဖြစ်သော်လည်း စပါးဈေး မှာ အ၀ယ်အေး ဈေးကျဆင်းနေ ကြောင်း မတ္တရာမြို့နယ်မှ တောင်သူ ဦးမြင့်လွင်က ပြောသည်။“ လယ်လုပ်သားက တွေက အရင်က ကျပ် ၅၀၀၀-၆၀၀၀ ပေးရတာကနေ အခု ကျပ် ၈၀၀၀ လောက်ပေးရတဲ့ အပြင် အကုန်အလုပ်မပေးနိုင်တော့ဘူး။ စပါးဈေးအေးနေတော့ လယ်အလုပ်က လုပ်သား လျော့သုံးနေရတယ်။ မျိုးစေ့ထုတ်စံပြ အကွက်မို့ အလ်ုသမားခေါ်နေရပေမယ့် အခြား လယ်ပိုင်ရှင်တွေဆိုရင် အလုပ်သမားမခေါ်နိုင်တော့ဘူး။မြေဆီလဲ မကြွေးနိုင်ကြတော့အထွက်နှုန်းကတော့လျော့တော့မှာပါ။ ပိုးသက်ဆေး မြေဆီဈေး အလုပ်သမားစရိတ်တာ ကြီးလာတာ စပါးဈေးက အ၀ယ်မရှိသေးဘူး။ မြို့ပေါ်မှာ လုပ်ငန်းတွေ နားထားတော့ ရွာတွေမှာ အလုပ်အကိုင်မဲ့တွေ များနေတယ်။ လာမယ့် မိုးစပါးသိမ်းချိန် ရိတ်သိမ်းခ ဘယ်လောက်နဲ့ ရိတ်ရမယ် မသိသေးဘူး။ ရွာနားက ဆီဆိုင်တွေလဲ ပိတ်ကုန်ပြီ အခြေအနေမကောင်းဘူး။ ” ဟု ၄င်းကပြောသည်။နိုင်ငံခြားငွေဒေါ်လာဈေး မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းစက်သုံးဆီဈေးမှာ ဖေဖော်ဝါရီ လ မှ စက်တင်ဘာ လ ကုန်ထိ ရှစ်လ တာကာလ အတွင်း ဂါလံ ၅၀ တစ်ပေပါလျှင်ကျပ် နှစ်သိန်းကျော် ဈေးမြင့်တက်လာကြောင်း သိရသည် ။

Leave a Reply

Your email address will not be published.