ရွေမန်း

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ ထွက်ရှိလာသည့် စ တော်ဘယ်ရီသီးများ ယခုဇန်နဝါရီလတွင် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများသို့ စတင်ဝင်ရောက်လာပြီဖြစ်ပြီးဈေးကောင်းရနေကြောင်း ပြင်ဦးလွင်၊ပင်လိန်သပြေရွာမှ စတော်ဘယ်ရီ စိုက်ပျိုးရောင်းချသူ ကိုဖိုးသားက ပြောသည်။

ယခင်နှစ် ကာလတူတွင် တစ်ပိဿာ ငွေကျပ် ၈၀၀၀ ဝန်းကျင်သာရရှိခဲ့သော်လည်း ယခုနှစ်ပေါ်ဦးပေါ်ဖျား၌ ပွဲရုံဝယ်ဈေးတစ်ပိ ဿာ ငွေကျပ် ၁၀၀၀၀ ဝန်းကျင်ရရှိသည်ဟုသိရသည်။

” ဒီဇင်ဘာလက ပုံမှန် စတော်ဘယ်ရီအသီးပေါ်ချိန်ပါ။ကိုဗစ်- ၁၉ ရောဂါအခြေနေလည်းငြိမ်သွားတော့ နယ်တွေထိပို့နိုင်လို့အတွက် အဖွင့်ဈေးလည်းကောင်းတယ် ။ဒီနှစ်ပြည်တွင်းဈေးကွက်ထဲကို ဝင်လာတဲ့တရုတ်စတော်ဘယ်ရီသီးနဲ့အပြိုင်ရောင်းနေရပေမယ့် ဈေးကောင်းရနေတယ်။အထွက်များချိန် မတ်လမှာ ၂၀၀၀ လောက်တော့ ရနိုင်မှာပါ”ဟု ၄င်းကပြောသည်။

ပြင်ဦးလွင် စတော်ဘယ်ရီသီးများမှာ ဧပြီလကုန်အထိ ခူးဆွတ်နိုင်ပြီး ဥတုရာသီပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိနိုင်ကြောင်း၊အဖွင့်ဈေးကောင်းပေးကာ ရန်ကုန်နှင့် မန္တလေးမြို့များမှ သစ်သီးဒိုင်များက ဈေးပေး ဝယ် ယူကြကြောင်း သိရသည်။

” စတော်ဘယ်ရီ အစောဆုံးထွက်သူက ပေါ်ဦးပေါ်ဖျားမို့ဈေးပိုရတာပဲ။ဈေးကွက်ထဲအဝင်များလာတဲ့မတ်လအတွင်းမှာ အနိမ့်ဆုံးထိဈေးကျတတ်ပြီး ဧပြီလ သင်္ကြန်ပွဲလောကက်မှာ ဈေးပြန်တက်လေ့ရှိတယ်”ဟု ဆက်လက်ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ်မှ စတော်ဘယ်ရီသီး စိုက်ပျိုငမှုဖြင့် မိသားစု ဝင်ငွေရှိကြပြီး အချို့ကလည်း အပန်းဖြေလာရောက်နိုင်ကြောင်းဖိတ်ခေါ်ကာ ကိုယ်တိုင်ခူးစနစ်ဖြင့် ရောင်းချမှုများနှင် သီးနှံပွဲရုံသို တင်ပို့ရောင်းချခြင်းထက် အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုများရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.