ပြင်ဦးလွင်တွင် ထောပတ်သီးအဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နည်းများ သင်တန်းပို့ချပေး

ရွှေမန်း

ထောပတ်သီးများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သွားနိုင်ရန် ထောပတ်သီး အခြေပြု တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထောပတ်သီးခေါက်ဆွဲ၊ထောပတ်သီးဆပ်ပြာခဲ ပြုလုပ်နည်း သင်တန်းကို ဒီဇင်ဘာ ၂၃ ရက် က ပြင်ဦးလွင်မြို့၊မြန်မာ-ခါနန်တောင်သူလယ်သမားသင်တန်းကျောင်း(ဒိုးကွင်) တွင် ပညာဒါန အဖြစ် ဖွင့်လှစ် ပို့ချ ခဲ့ကြောင်းသိရသည်။

ထောပတ်သီးကို တန်ဖိုးမြှင့် ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသူသင်တန်းသား ၅၅ ဦတက်ရောက် ခဲ့ကြသည်ဟု မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထောပတ်သီးကို အသီးအတိုင်း ဈေးကွက်မှာ ရောင်းချနေတာပဲရှိတယ်။ဈေးကွက်နယ်ပယ် ပိုမို ကျယ်ပြန့် အောင် ထောပတ်သီးကတဆင့် တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နည်းတွေကို ပညာဒါနအဖြစ် သင်ကြား ပေးတာဖြစ် ပါတယ်။သင်တန်းမှာ တက်ရောက်ကြသူတွေကလည်း စိတ်ဝင်တစားသင်ယူကြပါတယ်”ဟု ၎င်းကပြောသည်။

သင်တန်းတွင် ထောပတ်သီးဆပ်ပြာပြုလုပ်နည်းကို ဦးမောင်မောင်ကလည်းကောင်း၊ထောပတ်သီးခေါက်ဆွဲ ပြုလုပ်နည်းကို ဦးမျိုးညွန့်ကလည်းကောင်း သင်ကြားပို့ချပေးခဲ့ကြကြောင်း၊ထို့အပြင် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(ပြင်ဦးလွင်)၏ အသင်းသားစုံညီအစည်းအဝေးကိုလည်း တပါတည်းကျင်း ပခဲ့ကြောင်းသိရသည်။

အသင်းအနေဖြင့် အရည်အသွေးပြည့်၀ကောင်းမွန်သော ထောပတ်သီးများ ရွေးချယ်ဝယ်ယူစားသုံးနိုင်ရေးကို ရည်ရွယ်၍ ပြင်ဦးလွင်မြို့ရှိ လူစည်ကားရာနေရာများ၌ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.