ရွှေမန်း

ဒီဇင်ဘာ လလယ်ခန့်တွင် အသစ်ဝင်ရောက်လာမည့် ပဲသစ် များနှင့်အတူ ပဲနှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်သွက် လာမည်ဖြစ်ကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။

နိုဝင်ဘာလကုန်ရက်များတွင် အသစ်ဝင် နှမ်းမျိုးစုံ ဈေးကွက် မှာ တစ်အိတ်ငွေကျပ် ၈၀၀၀၀ ခန့် အထိ ဈေးကျဆင်းသွားရာ လှောင် လက်သမားများ အဝယ်များလာ တာကြောင့် နှမ်းဈေးကွက် ပြန် လည် ဦးမော့လာခဲ့သည်။အသစ် ဝင် နှမ်းနက်တစ်အိတ် ငွေကျပ် ၂၆၀၀၀၀သို့ ပြန်လည်ရောက်ရှိ လာသော်လည်း ယခင် တစ်အိတ် ငွေကျပ် ၃၀၀၀၀၀ ဈေးတန်းသို့ မရောက်ရှိသေးကြောင်း လက်ရှိ အချိန်တွင် ပို့ကုန် ပဲအသစ်များ ဝင်ရောက်မည့် ဒီဇင်ဘာ လလယ် ခန့်အချိန်တွင်မှ မတ်ပဲ၊ ပဲစင်းငုံ ဈေးကွက် ပြန်လည်ကောင်းလာနိုင် မည်ဖြစ်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“နှမ်းမျိုးဈေးကွက်က ဈေး တော်တော် ကျဆင်းသွားတယ်။ ထိပ်စ တစ်အိတ်ကျပ် ၂၂၀၀၀၀ ကနေ ၁၉၀၀၀၀-၂၀၀၀၀၀ ထိ ဈေးကျတယ်။နိုဝင်ဘာ ၂၇ ရက် ထိဈေးကျဆင်းနေတာပါ။ နှမ်း ဈေးကျဆင်းလာတော့ တရုတ် လှောင်လက်တွေ အဝယ်ကောင်း လာတယ်။ နှမ်းနက်တစ်အိတ် ကျပ် ၈၀၀၀၀ လောက်ထိ ဈေး ကျဆင်းနေတော့ အဝယ်ကောင်း လာကြရာကနေ နိုဝင်ဘာ ၂၉ ရက်မှာတော့ ပုံမှန်ဈေးတန်းကို ပြန်မရောက်သေးပေမယ့် ဈေး ပြန်တက်လာပါတယ်။လက်ရှိမှာ အနိမ့်ဆုံးနှမ်းက ကျပ် ၂၂၀၀၀၀ နဲ့အမြင့်ဆုံး နှမ်းက ကျပ် ၂၆၀၀၀၀ ကို ဈေးပြန်တက်လာပါတယ်။ နှမ်းဖြူအသစ်က တစ်အိတ်ငွေ ကျပ် ၂၄၀၀၀၀ ဈေး ဖြစ်လာ ပေမယ့် ဈေးကောင်းရတာတော့ မဟုတ်သေးဘူး။ ကျန် ပို့ကုန်ပဲနဲ့ ပြည်တွင်းသုံးကုလားပဲတွေကတော့ ဈေးခပ်အေးအေးသာ ရှိပါတယ်။ မြေပဲဆန်ကတော့ ပုံမှန်သာအဝယ် ရှိသလောက် အဝယ်သွက်နေတယ်။ နိုဝင်ဘာ လကုန်ရက်များမှာ နှမ်း ဈေးကွက် ပြုတ်ကျသွားပြီး လက် ရှိမှာ ဈေးပြန်မြင့်တက်လာသော် လည်း ပုံမှန်ဈေးတန်းကို မရောက် ရှိ သေးပါဘူး။ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၈၀၀၀၀၊ မတ်ပဲတစ် အိတ် ငွေကျပ် ၁၇၀၀၀၀ အရောင်း ထွက်သော်လည်း ဝယ်လက်က ဈေး လျှော့ဝယ်ယူမှုတော့ အရောင်း အဝယ်ပါးနေတယ်။ ဒီဇင်ဘာ ၁၅ ရက်လောက်ဆိုရင် ပဲအသစ်တွေ ထွက်လာတော့မှာဖြစ်လို့ အရောင်း အဝယ် ပြန်သွက်လာနိုင်တယ်။တရုတ်လိုင်းတင်ပို့မှုမှာလည်း လမ်း ပန်းဆက်သွယ်ရေး အဆင်မပြေမှု များနှင့် နယ်စပ်ဂိတ်လော့ဒေါင်း ချမှုတွေများတော့ တင်ပို့မှုလျော့ ကျနေတာပါ´´ဟု ၎င်းက ပြော သည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

ဒီဇင်ဘာလလယ်ခန့်တွင် ၂၀၂၃ ပဲသစ်ရာသီရောက်ရှိတော့မှာဖြစ် တာကြောင့် လက်ကျန်ပဲများ အရောင်းအဝယ်အေးနေရာ ဒီဇင်ဘာ ၂၉ ရက် ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၇၀၀၀၀၊ပဲစင်းငုံတစ်အိတ်ငွေကျပ် ၁၇၇၀၀၀ သာ ပေါက်ဈေးဖြစ် နေသည်။ ပဲတီစိမ်းအညာမှာ ထိပ် စသုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၁၄၃၀၀၀ ပေါက်ဈေးရှိ သော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်နေသည်။

မြေပဲ

မြေပဲဆန်အသစ်များ ပုံမှန် အဝင် ရှိသလောက် အဝယ်ရှိနေ ရာ ဈေးနှုန်းအပြောင်းအလဲမရှိဖြစ် နေရာ နိုဝင်ဘာ ၂၉ ရက်တွင် ထိပ်စမြေပဲဆန်မှာ ငွေကျပ် ၅၃၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက် နေပြီး ဆီဆန်မှာ တစ်ပိဿာငွေ ငွေကျပ် ၅၃၀၀-၅၄၀၀ ပေါက် ဈေး ရှိနေသည်။ မြေပဲဆီ တစ် ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာ လျှင် ငွေကျပ် ၆၅၀၀ ပေါက်ဈေး ရှိနေသည်။

မကြာမီ အသစ်ဝင်ရောက်လာ တော့မည့် ပဲသစ်ရာသီကို စောင့် ဆိုင်းရင် ပြည်တွင်းလက်ကျန် ပဲ များ အရောင်းအဝယ်အေးနေ၍ ပြည်တွင်းလက်ကျန် ပဲဈေးကွက် တစ်ခုလုံး အေးနေရာ နိုဝင်ဘာ ၂၉ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၁၈၆၅၀၀၊ ပဲယင်းတစ် အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင်ငွေကျပ် ၁၅၅၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၃၇၀၀၀၊ မြေထောက်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀ ပေါက်ဈေး ဖြစ်နေသည်။

Leave a Reply

Your email address will not be published.