ရွှေမန်း

ပဲသစ်ရာသီ အစ ပဲစင်းငုံ၊ မတ်ပဲ၊ပဲတီစိမ်းများ အ၀င်နည်းသေး တာကြောင့် စျေးကောင်းမရရှိ သေးသော်လည်း ၀ယ်လိုအားကောင်း နေကြောင်း ပဲ၊ နှမျးကုန်သည်များ ထံမှ သိရသည်။ပဲအသစ် ရာသီတွင် ပို့ကုန်ပဲ များဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့မှာ စျေးကွက်အတွင်း စတင်၀င်ရောက်လာသည့် ပမာဏ နည်းသေးကြောင်း၊ လက်ရှိစတင် ၀င်ရောက်နေသည့် ပဲစင်းငုံမှာ သုံးတင်း၀င်တစ်အိတ်လျှင် ငွေကျပ် ၁၀၅ç၀၀၀ ပေါက်စျေရှိနေပြီး စျေးကွက်အတွင်း ပစ္စည်းအ၀င် နည်းနေတော့ စျေးက ကောင်း ကောင်းမရရှိသေးကြောင်း၊ မတ်ပဲ မှာလည်း တစ်တင်း ငွေကျပ် ၄၀၀၀၀ အထက် ပြန်လည် စျေးမြင့်တက်လာသည်။ ပဲတီစိမ်း အညာမှာ သုံးတင်း၀င်တစ်အိတ် ငွေကျပ် ၁၂၀၀၀၀ ပေါက်စျေး ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း ခရမ်းပဲတီးစိမ်းများ ၀င်ရောက် လာမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“နှမ်းနက်စျေးတွေ အတက် အကျမရှိ စျေးငြိမ်နေတယ်။ထိပ်စ အရည်အသွေးတွေ အ၀င်နည်း သွားလို့ အ၀ယ်နည်းသွားတယ်။ နှမျးးရောင်စုံ အလတ်စနဲ့အောက်စ တွေ အရောင်းအ၀ယ်သွက်နေပါ တယ်။ နှမ်းအရည်အသွေးအလိုကျ ကျပ် ၁၂၀၀၀၀- ၁၇၀၀၀၀ ကြားရှိ အရညျအသှေးနှမျးတွေအရောငျးအ၀ယ် သွယ်နေတာပါ။ အသစ်၀င်မတ်ပဲတွေကတော့ စျေး တကျလာတယ်။ သုံးတင်း တစ်အိတ်ကိုကျပ် ၁၂၁၀၀၀ ပေါက်စျေး ရှိလာတယ်။ ပဲစင်းငုံ ကလည်း တစ်အိတျ ကျပ် ၁၀၅၀၀၀ လောက် ပေါကျစြေးးရှိက အ၀ယ်ပဲရှိတာ ပစ္စည်း အရောငျးက မရှိသေးဘူး။ကုလားပဲ အုပ်စုက စျေးတကျ လာတာ ဗှီးတူးကုလားပဲကတစျအိတျ ကျပ် ၁၄၀၀၀၀ ကျော်သွား တယ်။ ပဲအသစ်တွေပေါ်လာရင် လည်း စျေးကွက်၀ယ်လိုအား ကောင်း နေလို့ သိသိသာသာ စျေးကျဆင်း စရာမရှိဘူး။ မြေပဲစျေးတွေက တော့ စျေးမတက်ပေမယ့် ပို့ကုန် သမားတွေ အ၀ယ်ရှိတော့အရောင်း သွက်နေပါတယ်။ မူဆယ်နယ်စပ် က ကားတွေ ရက်ကြာနေတယ်။ ကုန်သွယ်လမ်းကြောင်းက ပဲသစ် ရာသီမှာ ချေမှေ့ဖို့လိုပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းကောင်း မှ ပို့ကုနျသမားတွေ အ၀ယ်ရှိပြီး ပဲစျေးတွေ တည်ငြိမ်နေမယ် “ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ

ပဲရာသီအသစ်မှာ မတ်ပဲနှင့် ပဲစင်းငုံမှာ စျေးကွက်အတွင်း စတင် ၀င်ရောက်လာသည့် အရအေတွက်နည်းနေသေးတာကြောင့် ပို့ကနျသမားမြားအဝယျအေးပြီး စျေးကောင်း ရသင့် သလောကျ မကောငျးသေးခြင်း ဖွစျသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့ တွင် မတ်ပဲသုံးတင်း၀င် တစ်အိတ် လျှင် ငွေကျပ် ၁၂၁၀၀၀ပေါက်စျေး ရှိသည်။ ပဲစင်းငုံမှာ စျေးကွက် တွင် ပေါက်စျေးသာရှိပြီး ပစ္စည်း အ၀င်နည်းနေရာ ဒီဇင်ဘာလကုန် ရက်တွင် ပဲစင်းငုံ ခြောက်ဆယ် ပိသာ၀င်တစ်အိတ်လျှင် ငွေကျပ် ၁၀၅၀၀၀ပေါက်စျေးရှိနေသည်။

ပဲသစ်များ

စျေးကွက် အတွင်း၀င် ရောက်မှု နည်းနေသေးတာကြောင့် ပမာဏများများ အရောငျးအ၀ယ် မရှိသေးသော်လည်း ပဲမျိုးစုံစျေးမှာ ယခင်နှစ်ထက်ပိုမို ကောင်းမွန် မည့် စျေးကှကျရှိကြောင်း ပဲကုန် များက သုံးသပ်ထားသည်။နှမ်းနက် ဒီဇင်ဘာလကုန်ပိုင်းတွင် အ၀င် နည်းလာသည့် နှမ်းနက်စျေးမှာ လကုန်ပိုင်းတွင် စျေးနှုန်းကျဆင်း မှု ရပ်သွားပြီး အလတ်စနှင့် အောက်စ အရညျအသွေးများ အရောငျးအ၀ယ်ကောင်းနေသည်။ ဒီဇင်ဘာ ၃၀ရက်တွင် နှမ်းနက် အလတ်စ ၄၅ပိသာ သုံးတင်း၀င် တစ်အိတ်လျှင် ငွေကျပ်၁၇၅၀၀၀ ပေါက်စျေးရှိပြီး အရညျအသွေး ကောင်း ထိပ်စ အရညျအသှေးမြား အ၀င်မရှိတော့ကြောင်းသိရသည်။ နှမ်းဖြူသစ် ရိုးရိုးမှာ တစ်အိတ် ငွေကျပ် ၁၃၈၀၀၀၊ နှမ်းညို(သစ်) ငွေကျပ်၁၂၀၀၀၀ ပေါက်စျေးရှိပြီး အရောငျးအ၀ယ်ကောင်းနေသည်။လာမည့် ပဲသစ်ရာသီမှာ ပို့ကုန်ပဲများနှင့်ပြည်တွင်းသုံး ပဲ မျိုးစုံစျေးကွက်မှာ ယခင်နှစ် စျေးထက် မြင့်တက်လာနိုင်ပြီး ကုန်သွယ်မှုလမ်းကြောင်းများ ချောမှေ့လာပါက စျေးကွက် ပိုမိုကောင်းလာနိုင်ကြောင်း ပဲ၊ နှမ်းကုန်သည်များက သုံးသပ် ထားသည်။

Leave a Reply

Your email address will not be published.