ပဲမျိုးစုံဈေးကွက် အရောင်းအဝယ်သွက်နေပြီး အမျိုးအစားအလိုက် အနည်းငယ်ဈေးမြင့်တက်လာ ထူထူးခြားခြား ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် သုံးသိန်းထိ ပေါက်ဈေးဖြစ်လာ

ရွှေမန်း

ပဲမျိုးစုံဈေးကွက်အရောင်းအဝယ်သွက်နေပြီး အမျိုးအစားအလိုက် အနည်းငယ်ဈေးမြင့်တက်လာ ထူထူးခြား ခြား ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၀၀၀၀၀ ပေါက်ဈေးဖြစ်လာကြောင်းသိရသည်။
ပဲမျိုးစုံဈေးကွက်မှာ တရုတ်လိုင်းပို့ကုန်လမ်းကြောင်း တင်ပို့မှု ကောင်းလာခြင်းကြောင့် ဈေးကွက်အတွင်း ပဲအမျိုးအစားအလိုက် တစ်အိတ်ကျပ် ၂၀၀၀-၃၀၀၀ ဈေးမြင့်တက်လာကြောင်း ပို့ကုန်ပဲများတွင် မတ်ပဲတစ်မျိုးသာ လက်ကျန်နည်းပါးတာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာကြောင်း စားအုန်းဆီဈေးကွက် အတွင်း ပြန်လည်ဝင်ရောက်လာတာကြောင့် မြေပဲဆံ ဈေးအနည်းငယ်ကျဆင်းလာသော်လည်း ကုန်သည်များထံလက်ကျန်နည်းလာသည့် ကျွန်းစားတော်ပဲတစ်တအိတ်ကျပ် ၃၀၀၀၀၀ ထိပေါက်ဈေးဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
“ ပဲနှမ်းဈေးကွက် တစ်ခုလုံးအရောင်းအဝယ်ကောင်းနေပေမယ့် အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၁၀၀၀-၂၀၀၀ ခန့် သာဈေးမြင့်တက်လာပါတယ်။ ကုလားပဲအုပ်စုကလည်း လက်ကျပ်နည်းလာတော့ ဈေးနည်းမြင့်တက်လာတယ်။ မြေပဲဆံဈေးကတော့ စားအုန်းဆီဈေးကွက်ထဲရောက်လာတော့ တစ်ပိသာကျပ် ၁၀၀-၁၅၀ လောက် ဈေးကျသွားပါတယ်။ ဖြစ်လာပါတယ်။ ပို့ကုန်ပဲတွေမှာ မတ်ပဲဈေး က ၁၅၃၀၀၀-၁၅၅၀၀၀ ဈေးနဲ့ အဝယ်သွက်ပေမယ့်ဈေးကတော့ထင်သလောက်တက်မလာပါဘူး။ ပဲတီစိမ်းအညာတွေဆိုရင် တစ်အိတ် ၁၄၀၀၀၀ ပေါက်ဈေးဖြစ်လာပါတယ်။ ပြည်တွင်းသုံးပဲမာလိုင်းကတော့ ဈေးငြိမ်နေပါတယ်။ တရုတ်ပို့ကုန်လမ်းကြောင်းကောင်းလာတော့ ပဲဈေးကွက် အရောင်းအဝယ်သွက်နေပါတယ်။ကျွန်းစားတော်ပဲကတော့ ထူးထူးခြားခြား တစ်အိတ်ကျပ် ၃၀၀၀၀၀ ပေါက်ဈေးဖြစ်လာပါတယ်။ ” ဟု ၎င်းက ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
ပို့ကုန် မတ်ပဲနှင့် ပဲတီစိမ်းမှာ ပုံမှန်အရောင်းအဝယ်ငြိမ်နေရာမှ ပို့ကုန်လမ်းကြောင်းများ ကောင်းလာတာကြောင့် အဝယ်သွက်လာသည်။ ပို့ကုန်ပဲတွေက အမြင့်ဈေးနဲ့ ရပ်နေခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်နေ့ တွင် ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၀၀၀၀ ခန့်ဖြင့်ဈေးတည်ငြိမ်နေသည်။ မတ်ပဲ တစ်အိတ် ကျပ် ၁၅၅၀၀၀-၁၅၆၀၀၀ ၊ ပဲတီစိမ်းရွှေဝါ တစ်အိတ်ကျပ် ၁၅၄၀၀၀ ပေါက်ဈေးဖြစ်လာရာ ယခင်သီတင်းပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာသည်။ မတ်ပဲတစ်မျိုးသာပဲလက်ကျန်နည်းလာတာကြောင့် ဈေးမြင့်တက်လာ သည်။
မြေပဲ
ပြည်တွင်းဈေးကွက်မှာ စားအုန်းဆီပြန်လည်ဝင်ရောက်လာတာကြောင့် ဈေးမြင့်တက်နေသည့် မြေပဲဆံ အနည်းငယ်ဈေးကျဆင်းလာသည်။ ဇွန် ၂၂ ရက်တွင် S1မြေပဲဆံတစ်ပိဿာ ငွေကျပ်၄၂၀၀-၄၃၀၀ ပေါက်ဈေးကျဆင်းသွားသည်။ အနီလုံးဆံနှင့် နှင့်အခြား အမျိုးအစားများမှာ တစ်ပိသာကျပ် ၄၂၀၀ နှင့်အောက်တွင်ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၉၀၀၀-၉၅၀၀၊ နှမ်းဆီတစ်ပိဿာငွေကျပ် ၈၀၀၀ ၊စားအုန်းဆီမှာ တစ်ပိဿာငွေကျပ် ၈၅၀၀ပေါက်ဈေးရှိကြောင်းသိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ကျပ် ၁၅၄၀၀၀၊ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ၂၀၀၀-၃၀၀၀ကျပ် ဈေးမြင့်တက်လာ ပြီး၊ပဲယင်းတစ်အိတ်ကျပ် ၁၃၅၀၀၀ ၊ ပဲကြီးတစ်အိတ်ကျပ် ၂၁၅၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၅၀၀၀ ၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၃၀၀၀၊မြေထောက်ပဲ တစ်အိတ် ကျပ် ၁၉၀၀၀၀ ၊ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၀၀၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.