ရွှေမန်း

ပဲ၊နှမ်းဈေးကွက်အတွင်း မြေပဲ ဆန်တစ်မျိုးသာ ပေါက်ဈေး အတိုင်း အရောင်းအဝယ်ကောင်း နေကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။

ပြည်တွင်းကုန်ဈေးနှုန်းကျဆင်း ရေး ကြီးကြပ်မှုအဖွဲ့၏ ပြည်တွင်း လုပ်ငန်းများစစ်ဆေးမှုများနှင့် အတူ ပြည်တွင်းပဲ၊နှမ်းဈေးကွက် တွင် ပို့ကုန်ပဲများအပါအဝင် ဈေး ကွက်တစ်ခုလုံး အနည်းငယ်ဈေး နှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။

စက်တင်ဘာလကုန်ပိုင်းရက် များတွင် ပြည်တွင်းပဲ၊ နှမ်းဈေး ကွက်မှာ အသစ်ဝင်ရောက်လာ သောနှမ်းနှင့် ပဲတီစိမ်းဝင်ရောက် လာမှုရှိသော်လည်း ပေါက်ဈေး အနည်းငယ်ကျဆင်းနေကြောင်း ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်း အဝယ်အေးပေမယ့် မြေပဲဆန် တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေသည်။ နိုင်ငံခြားငွေ ဝန်ဆောင်မှုလုပ်ငန်း များ အရေးယူမှုများနှင့်အတူ ပို့ကုန်ပဲနှမ်းဈေးကွက်မှာ အရောင်း အဝယ်အေးခြင်းဖြစ်ကြောင်း ရွှေစင် သိန်းပွဲရုံမှ ဦးကျော်သွင်က ပြော သည်။

“ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်က တော်တော် အေးသွားပါတယ်။ပြည်တွင်းသုံး စွဲမှုများတဲ့ ကုလားပဲတောင်ဈေး ကျသွားတယ်။ အသစ်ဝင်လာတဲ့ ပဲတီစိမ်းဆိုလည်းဈေးတက်မလာ ဘူး။ မြေပဲဆန်လေးတစ်ခုပဲ ပေါက်ဈေးလေးနဲ့အရောင်းအဝယ် ဖြစ်နေပါတယ်။ ပြည်တွင်းဆီစက် တွေကိုလည်း ဝင်ရောက်စစ်ဆေး မှုတွေလုပ်နေတာရှိတော့ ဈေးက ငြိမ်နေပါတယ်။ ဒီအချိန်မှာတော့ နှမ်းနဲ့ ပဲတီစိမ်းလေးတွေလည်း အသစ်ဝင်ရောက်နေပါတယ်။နိုင်ငံ ခြားငွေ ဝန်ဆောင်မှုလုပ်ငန်းအချို့ အရေးယူခံရမှုတွေကြောင့် ပို့ကုန် ပဲဈေးကွက်ကတော့ တော်တော် အေးနေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကလည်း အနည်းငယ် ဈေးကျဆင်းနေပါတယ်´´ ဟု ၎င်း က ပြောသည်။

စက်တင်ဘာ ၂၁ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၄၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ဒသမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ်၁၇၂၅၀၀ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွား ရာ စက်တင်ဘာ ၂၁ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊ V7 တစ်အိတ် လျှင် ငွေကျပ်၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၈၀၀၀ ပေါက် ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ်၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၀၈၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာငွေကျပ် ၇၉၀၀ ပေါက်ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၈၀၀၀၀၊နှမ်းညို(သစ်) တစ်အိတ်လျှင်ငွေကျပ်၂၉၀၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေ ကျပ် ၃၄၅၀၀၀ ပေါက်ဈေး ရှိ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.