ပဲနှမ်းဈေးကွက်တည်ငြိမ်နေပြီး လိုအပ်သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေ  

ရွှေမန်း

 ဈေးကွက် အပြောင်းအလဲ  မရှိဘဲ ဈေးငြိမ်ငြိမ်ဖြင့် လိုအပ် သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေကြောင်း ပဲ ကုန်သည်များထံက သိရသည်။
ပို့ကုန်ပဲများ ဈေးအနည်းငယ် ကျဆင်းနေသလို ပြည်တွင်းသုံး ကုလားပဲများလည်း ဈေးတည်ငြိမ် နေသည်။

ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးငြိမ်ငြိမ်လေးနှင့် လိုသလောက် သာဝယ်ယူနေသည့် ဈေးကွက် ဖြစ်နေတာကြောင်းလည်း ဈေး အတက်အကျ အပြောင်းအလဲ သိပ်မရှိဘဲ အရောင်းအဝယ်ဖြစ်နေ သည့် ဈေးကွက်ဖြစ်ကြောင်း  ပို့ကုန်ပဲများ အိန္ဒိယ၏အဝယ်နှင့် သင်္ဘောတင်အခြေအနေများ ကြောင့် အရောင်းအဝယ် အေးနေ ခြင်းဖြစ် ကြောင်းရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်ကပြောသည်။

“ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ကတော့ ခပ်ငြိမ်ငြိမ်နဲ့ လိုရောင်း လိုဝယ်ဈေးကွက်အနေအထားပဲ ရှိနေပါတယ်။ ကုလားပဲဈေးကွက် ကလည်း ဈေးအနယ်ငယ်ကျဆင်း နေပါတယ်။  ပို့ကုန်ပဲတွေလည်း ဈေးကျဆင်းနေပါတယ်။ တရုတ် လိုင်းပဲတွေလည်း သွက်သွက်လက် လက် မရှိသေးဘူး။ ဈေးကွက်မှာ ဈေးငြိမ်နေပြီး လိုအပ်သလောက် အဝယ်လေးနဲ့ အရောင်းအဝယ် ဖြစ်နေတာပါ´´ ဟု ၎င်းက ပြော သည်။
မေ ၂ ရက်တွင် အိန္ဒိယ ကုန်သည်များ၏ ဝယ်လိုအား နည်းနေခြင်းဖြစ်ရာ ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၂၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၆၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာတစ်အိတ် လျှင် ငွေကျပ် ၁၅၅၀၀၀ ပေါက် ဈေးဖြစ်နေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးတည်ငြိမ်နေရာ  မေ ၂ ရက်တွင် ကုလားပဲ V2  တစ် အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၃၅၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံးပဲမာလိုင်းများ မှာလည်း လိုအပ်ချက်ရှိသလောက် သာအဝယ်ရှိနေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊မြေထောက်ပဲ တစ်အိတ် လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်း စားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံး ဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇၃၀၀ ပေါက်ဈေး ရှိ နေသည်။

မေ ၂ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ် မြင့်တက်လာရာ  နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.