ရွှေမန်း

ပဲနှမ်းစျေးကွက်အတွင်း အ၀င်နည်းလာသည့်မြေပဲ စျေးမြင့်တက်လာ ၊နှမ်းနက်မှာ အ၀င်များလာသည့်တာကြောင့် သုံးတင်းတအိတ်လျှင် ကျပ် သုံးသောင်းခန့် ကျဆင်း သွား ကြောင်း ကုန်သည်များထံမှသိရသည်။ဒီဇင်ဘာလဆန်းပိုင်းတွင် ပြည်တွင်းပဲနှမ်းစျေးကွက်အတွင်း အသစ်၀င်ရောက်မှုနည်းလာသည့် မြေပဲလုံးဆန်များမှာ တစ်ပိသာကျပ် ၂၀၀ခန့်စျေးမြင့်တက်သွားပြီး ၀ယ်လိုအားကောင်းနေကြောင်း နှမ်းနက်မှာ အက်စစ်လွတ်သည့် ထိပ်စအရည်အသွေးရှိနှမ်းနက် တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀ခန့်သာ ပေါက်စျေးရှိတော့ပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၃၀၀၀၀ခန့်စျေးကျဆင်းသွားကြောင်း သို့သော်လည်း စျေးကွက်အတွင်း အခြားပဲများလက်ကျန်မရှိတော့သဖြင့် မြေပဲနှင့်နှမ်းသာ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအ၀ယ်သွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ )က ပြောသည်။

“ နှမ်းနက်တွေက အ၀င်များတာတော့ အက်စစ်လွတ်တဲ့ထိပ်စလောက်ပဲအရောင်းအ၀ယ်သွက် နေတယ်ပြီး ခဲ့တဲ့အပတ်ထက် သုံးတင်း၀င်တစ်အိတ်ကို ကျပ်၃၀၀၀၀လောက် စျေးကျသွားတယ် အခြားပဲတေ ွအရောင်း အ၀ယ်မရှိတော့ အ၀င်ရှိသလောက်အရောင်းအ၀ယ်ရှိနေပါတယ် မြေပဲလုံးဆန်က အ၀င်နည်းလာလို့ တစ်ပိသာကျပ် ၂၀၀ခန့်စျေးတက်သွားပါတယ် ” ဟု ၄င်းကပြောသည်။

နှမ်းနက်

ဒေသအစုံမှ ၀င်ရောက်လည်သည့် နှမ်းနက်များ အ၀င်များလာတာနှင့် ပို့ကုန်သမားများ ထိန်း၀ယ်နေ တာကြောင့် စျေးကျဆင်းသွားသောလည်း စျေးကွက်အတွင်းပေါက်စျေးအတိုင်း အရောင်း အ၀ယ်ရှိ နေခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂ ရက်နေ့တွင် နှမ်းနက် ထိပ်စ ၄၅ပိသာသုံးတင်း၀င် တစ်အ်ိတ်လျှင်ကျပ် ၂၂၀၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၅၀၀၀မှ၂၂၀၀၀၀ စျေးဖြင့် အမျိုးအစားအလိုက် အ၀ယ်သွက်နေသည်။ နှမ်းဖြူ သစ် ဂျပန် များမှာ တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀၊ နှမ်းဖြူ သစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၂၅၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၂၅၀၀၀ ပေါက်စျေးရှိ ပြီး ရောင်းလိုအားများနေသည်။ ယခင်လစျေးကွက်နှင့်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံစျေး ကွက်မှာ ကျပ် ၂၀၀၀၀ ခန့် စျေးကျဆင်းသွား ကြောင်း သိရသည်။

မြေပဲ

မန္တလေးပါတ်၀န်းကျင် ဒေသများမှ မြေပဲအသစ်များ နေ့စဉ်၀င်ရောက်မှုကောင်းနေသည့်မြေပဲဆံများမှာဆီစက် များနှင့် မြန်မာနိုင်ငံ အောင်ပိုင်း မှ မြေပဲအသစ်များ နေ့စဉ်၀င်ရောက်နည်း လာတာကြောင့် စျေးကွက် အတွင်း ပို့ကုန်သမား အ၀ယ်လုံးဆန်နှင့် ဆီစက်များ အ၀ယ် ဆီဆန် တို့မှာ အ၀ယ်သွက်လာကာ စျေးမြင့်တက်လာရာ ဒီဇင်ဘာ ၂ ရက်နေ့တွင် မြေပဲ လုံးဆန် တစ်ပိသာ ကျပ်၃၁၀၀-၃၁၇၅၊ အနီလုံးဆံ တစ်ပိသာကျပ် ၃၀၇၅ပေါက်စျေး၊ပြည်တွင်း မြေပဲဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ နေကြာဆီ တစ်ပိသာ ကျပ် ၆၅၀၀ ၊ ပေါက်စျေးဖြင့် စျေးငြိမ်နေပြီး စားအုန်ဆီ တစ်ပိသာ ကျပ် ၄၃၂၀ သို့ အသီးသီး ပေါက်စျေးရှိသည်။ ပြည်တွင်းရောင်းချသည့် စာအုန်းဆီစျေးမှာ အနည်းငယ် စျေးကျဆင်းသွားသော်လည်း မြေပဲ၊နေကြာဆီစျေးမှာ တည်ငြိမ်နေသည်။

ပြောင်း

တရုတ်နိုင်ငံသို့ တရား၀င်တင်သွင်းခွင့်ရရှိပြီးနောက် ရှမ်းမြောက် ၊ရှမ်းတောင်ဒေသများမှ ပြောင်းများ စျေးမြင့်တက်လာကြောင်း ပွဲရုံများ၏၀ယ်ယူစုဆောင်းမှုများကြောင့် ရန်ကုန် ၊မန္တလးသို့ ပြောင်းတင်ပို့မှု ကျဆင်းသွား ကြောင်း ပြောင်းကုန်သည်တစ်ဦး ထံမှသိရသည်။မန္တလေး စျေးကွက်ပြောင်းပေါက်စျေးမှာ စျေးမြင့်တက်နေပြီး အ၀ယ်လိုက်နေသော်လည်း ပစ္စည်းအ၀င်လာတာ ကြောင့် ဒီဇင်ဘာ ၂ ရက်နေ့တွင် မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိသာတစ်အိတ် ကျပ် ၃၆၀၀၀ ၊ ရှမ်းပြည်နယ်စျေး နောင်ချို ၊တောင်ကြီး တစ်ပိသာ ကျပ် ၇၀၀ ပေါက်စျေးရှိကြောင်း ပြောင်းကုန်သည်များထံ မှသိရသည်။တရူတ်နယ်စပ်ဂိတ်များ့ပြန်လည်ဖွင့်လှစ်နေသော်လည်း ပို့ကုန်လယ်ယာထွက်ကုန်များ တင်ပို့ရန် ကြန့်ကြာမှုများနှင့် ယခင်ထက်ပိုစရိတ်ကြီးမြင့်နေကြောင်း နယ်စပ်ကုန်သည်များထံ မှသိရသည် ။

Leave a Reply

Your email address will not be published.