ရွှေမန်း
မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့နယ်တွင် ဒီဇင်ဘာလ ကုန်ပိုင်းမှ စတင်ကာ ပဲစင်းငုံ နှင့် ကြက်သွန်နီ စုပေါင်းရောင်း ချခြင်းကြောင့် တောင်သူများ ဈေး ကောင်းရရှိကြောင်း သိရသည်။
ထိုစုပေါင်းရောင်းချပွဲကို တောင်သူအစုအဖွဲ့များနှင့် မြင့်မြတ် တော်ဝင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ရေနံချောင်းမြို့ စက်မှုဇုန်ရှိ New One စင်တာ မှာ ဒီဇင် ဘာ ၂၆ ရက်မှ စတင်ကာ ယနေ့ အချိန်ထိ စုပေါင်းရောင်းချလျက် ရှိသည်။
ပဲစင်းငုံဈေးကွက်ရရှိရန် အတွက် မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် အရည်အသွေးကောင်း ပဲစင်းငုံ သီးနှံဖြစ်လာအောင် နည်းပညာ များ အထောက်အကူပြုခဲ့ကြောင်း ပဲစင်းငုံ ရိတ်သိမ်းချိန်တွင် ဒေသ ပေါက်ဈေးထက် မနိမ့်ဘဲ ပွဲခ၊ လုပ်သားခ မယူဘဲ ကုမ္ပဏီများ နှင့် ပူးပေါင်းပြီး တောင်သူများ စုပေါင်းရောင်းချနိုင်အောင် ဆောင် ရွက်ပေးခဲ့ကြောင်း မကွေးတိုင်း ဒေသကြီး တောင်သူဖွံ့ဖြိုးရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ညွန့်က ပြော သည်။
ပဲစင်းငုံရိတ်သိမ်းချိန် ပဲစပေါ် ကတည်းက စုပေါင်းရောင်းချပွဲ ကို တောင်သူများ လာရောက် ရောင်းချခြင်းဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီက စိုက်ပျိုးရေး သွင်းအားစုအပါအဝင် လုပ်သားခ၊ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့် တာကြောင့် တောင်သူများ စိုက်ပျိုး စရိတ်မြင့်တက်ခဲ့ကြောင်း၊ ရိတ် သိမ်းရောင်းချချိန်တွင် ဈေးနှုန်း အလေးချိန်မှန်ကန်စွာ သတ်မှတ် ပေးသည့် မြင့်မြတ်တော်ဝင် ကုမ္ပဏီနှင့် တောင်သူအစုအဖွဲ့များ ပူးပေါင်းသည့် သီးနှံစုပေါင်း ရောင်းချပွဲက ဒေသခံတောင်သူ များအတွက် အဆင်ပြေစွာရောင်းချ နိုင်သည့်ပွဲဖြစ်ကြောင်း ပဲစင်းငုံ စိုက်တောင်သူ မသင်းပြုံးက ပြောသည်။
အလားတူ ရေနံချောင်း ဒေသထွက် ကြက်သွန်နီကိုလည်း ကုန်သည်များ တစ်နေရာတည်း မှာ လာရောက်ဝယ်ယူနိုင်သလို တောင်သူများအနေဖြင့်လည်း တစ်နေရာတည်းမှာ စုပေါင်း ရောင်းချခြင်းဖြစ်သည်။ ကြက် သွန်နီအရည်အသွေးလိုက် ဈေး ကောင်းရရှိကြသဖြင့် တောင်သူ များ သီးနှံထွက်ရှိချိန်တွင် ငွေ ပေါ် ဈေးကောင်းရကြောင်း၊ ရေနံ ချောင်းမြို့နယ်၊ ဖရဲကျွန်း၊ ဘုရား ကုန်း၊ မုံကန်၊ ချောင်း၀၊ ဝါးရိုး၊ ညောင်ဇောက်၊ နတ်ကန်ဦးစသည့် ကျေးရွာများမှ တောင်သူများ လာရောက်ရောင်းချကြောင်း သိ ရသည်။
Leave a Reply