ပဲစင်းငုံ၊ မတ်ပဲနှင့်  မြေထောက်ပဲ များ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း အမြင့်တန်းအတိုင်းသာရှိနေ

ရွှေမန်း

ပို့ကုန်ပဲများ စံချိန်တင်ပေါက်ဈေးကနေ ဈေးအနည်းငယ်ကျဆင်းမှုရရှိသော်လည်း အရောင်းအဝယ်ဈေးကွက် မှာ အရောင်းအဝယ်ကောင်းနေကြောင်း လက်ရှိပေါက်ဈေးများမှာ အမြင့်ဈေးတန်းအတိုင်းရှိနေတာကြောင့် တောင်သူများ အဆင်ပြေနေကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

ပို့ကုန်ပဲများဖြစ်သည့် မတ် ပဲ၊ ပဲစင်းငုံနှင့် မြေထောက်ပဲတို့ မှာ စံချိန်တင်ပေါက်ဈေးများ ဖြစ်ခဲ့သော်လည်း ယခုသီတင်းပတ်တွင် ပို့ကုန်ပဲများတစ်အိတ်ငွေကျပ် ၂၀၀၀၀ခန့် ထိ ဈေးကျဆင်းသွားကြောင်း အလားတူ အသစ်ဝင်ပြည်တွင်းသုံးကုလားပဲများလည်း လိုက်ပါဈေးကျသွားကြောင်း ၊တရုတ်နှစ်သစ်ကူးပိတ်ရက်များ ဖြစ်တာကြောင့် တရုတ်လိုင်းအဝယ်များသည့် မြေပဲဆန်နှင့်နှမ်းမျိုးစုံမှာ လည်း ဈေးကျဆင်းနေခြင်းဖြစ်ကြောင်း ၊ ပဲ၊နှမ်းဈေးကွက်တစ်လုံး ဈေးကျဆင်းမှုရှိနေသော်လည်း လက်ရှိပေါက်ဈေးများမှာ အမြင့်ဈေးများသာ ဖြစ်ကြောင်း  ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော် သွင်က ပြောသည်။

‘’  ပို့ကုန်ပဲတွေက စံချိန်တင်ဈေးမြင့်တက်နေရာကနေ ဈေးပြန်ကျဆင်းလာပါတယ်။ ပဲစင်းငုံ၊ က ဇန်နဝါရီ ၆ ရက်နေ့ထိ အမြင့်ဈေး တစ်အိတ်ငွေကျပ် ၄၀၄၀၀၀ ထိပေါက်ဈေးရှိပေမယ့် ဇန်နဝါရီ ၈ ရက်နေ့တွင် တစ်အိတ် ငွေကျပ် ၃၈၂၀၀၀ ထိဈေးကျဆင်းသွားပါတယ်။မတ်ပဲကလည်း တစ်အိတ်ငွေကျပ် ၃၃၀၀၀၀ ထိပေါက်ဈေးထိ တက်သွားပြီးမှ ဒီနေ့မှာ ၃၁၀၀၀၀ လောက်ထိဈေးကျဆင်းနေပါတယ်။မတ်ပဲနဲ့ ပဲစင်းငုံက တစ်အိတ် ငွေကျပ် ၂၀၀၀၀ ခန့်ဈေးကျဆင်းသွားတာပါ။ မြေထောက်ပဲ လည်း တစ်အိတ် ၄၀၅၀၀၀ ထိပေါက်ဈေးဖြစ်သွားတာကနေ လက်ရှိမှာငွေကျပ် ၃၉၅၀၀၀ ထိဈေးကျသွားပါတယ်။ပြည်တွင်းသုံးကုလားပဲတွေလည်းလိုက်ပါဈေးကျသွားပါတယ်။ကုလားပဲတွေက အသစ်ဝင်ရောက်နေပေမယ့်ပမာဏနည်းပါသေးတယ်။ ပြည်တွင်းသုံးပဲမာလိုင်းတွေကတော့ အမြင့်ဈေး တွေ အတိုင်းရှိနေပါတယ်။ ပဲအရောင်းအဝယ်ဈေးကွက်မှာ ပို့ကုန်ပဲတွေမှာပဲ ငွေလည်ပတ်နေတာရယ်။ ဒီသီတင်းပတ်က ဘဏ်ပိတ်များတော့ အရောင်းအဝယ်က အေးနေနိုင်ပါတယ်။ မြေပဲဆံကလည်း အရောင်း အဝယ်ကောင်းလာပေမယ့် ဈေးအေးနေပါတယ်။ တရုတ်နှစ်သစ်ကူးပိတ်ရက်တွေက အရောင်းအဝယ်ပါး လေ့ရှိပါတယ်။ ပဲနှမ်းဈေးကွက်မှာ ပို့ကုန်ပဲတွေ ရော အသစ်ဝင်ပဲတွေရော အမြင့်ဈေး အတိုင်းတော့ဆက်လက်ရှိနေမှာပါ။ ‘’ ဟု၎င်းကောင်းကပြောသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၃၁၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၃၀၀၀ ပေါက်ဈေးဖြစ်လာသည်။ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဖေဖော်ဝါရီ ၈ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၃၁၂၀၀၀ ကုလားပဲ V7 တစ်အိတ်လျှင်ငွေကျပ် ၃၂၀၀၀၀ ၊ထိုင်ဝမ်ကုလားပဲတစ်အိတ် ငွေကျပ် ၂၈၀၀၀၀၊  ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀ ပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၈၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ်  ၃၆၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ မြေပဲအနီ လုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၇၀၀-၈၉၀၀ ပေါက် ဈေး မြင့်တက်လာသည်။

ဖေဖော်ဝါရီ ၈ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက် လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.