ပဲစင်းငုံ၊ မတ်ပဲနှင့် မြေထောက်ပဲတို့ စံချိန်တင် အမြင့်ဈေးဖြင့် ဝယ်ယူနေ

ရွှေမန်း

ပို့ကုန် ပဲစင်းငုံ၊ မတ်ပဲနှင့်  မြေထောက်ပဲ စံချိန်တင်အမြင့်ဈေး ဖြင့် ဝယ်ယူနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။

စံချိန်တင် ဈေးမြင့်တက်နေ သည့် ပဲစင်းငုံကို တရုတ်ဝယ် လက်အချို့ ဝင်ရောက်ဝယ်ယူမှု ကြောင့် သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၃၇၀၀၀၀ အထိ စံချိန်တင်ပေါက်ဈေးဖြစ်လာခြင်း ဖြစ်သည်။

ပို့ကုန်ပဲများဖြစ်သည့် မတ် ပဲ၊ ပဲစင်းငုံနှင့် မြေထောက်ပဲတို့ မှာ အိန္ဒိယတင်ပို့ရန် ဝယ်လိုအား ကောင်းနေပြီး စံချိန်တင်အမြင့် ဈေးတွေဖြစ်လာကြောင်း၊ နှမ်းမျိုးစုံ မှာလည်း ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀- ၁၅၀၀၀ ဝန်းကျင်အထိ ဈေးမြင့် တက်၊ အဝယ်လိုက်နေကြောင်း၊ မြေပဲဆန်မှာ တရုတ်လိုင်းသို့ အနည်းငယ်တင်ပို့နေရာ ဈေးမြင့် တက်လာပြီး တရုတ်နိုင်ငံမှ ဝင် ရောက်သည့် ကနေဒါစားတော် ပဲမှာ ဈေးကျဆင်းလာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော် သွင်က ပြောသည်။

 “ ဇန်နဝါရီလကုန်ရက်များ က တရုတ်လှောင်လက်သမား တစ်ဦး ပဲစင်းငုံ ဝယ်ယူမှုရှိလို့  သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၃၇၀၀၀၀ ဈေးနှင့် အိတ် ရေ တစ်သောင်းခန့် ဝယ်ယူ သွားပါတယ်၊၊ လှောင်လက်သမား အဝယ်ရပ်သွားတော့ ယနေ့  ငွေ ကျပ် ၃၆၅၀၀၀ ကို ပြန်ကျသွား ပါတယ်။ မြေထောက်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး ပို့ကုန် သမားတွေ အဝယ်ကောင်းနေပါ တယ်။ ပဲစင်းငုံနဲ့ မြေထောက်ပဲ နှစ်မျိုးကတော့ စံချိန်တင်ဈေး ကောင်းနေသလို အခြားပြည်တွင်း  ပဲမာလိုင်းများလည်း အမြင့်ဈေး ဖြစ်နေပါတယ်။ နှမ်းမျိုးစုံဈေး မှာလည်း တစ်ရက် တစ်ဈေးဖြင့် ဈေးမြင့်တက်နေပါတယ်။ ပဲ၊နှမ်း ဈေးကွက်အတွင်းကို အသစ်ဝင် ပဲများ အလုံးအရင်းဖြင့် ဝင်ရောက် မျိုး မရှိလို့ ဈေးကွက်ကျဆင်း စရာ မရှိပါဘူး။ ပို့ကုန်ပဲတွေ အကုန်လုံး ဈေးအမြင့်နဲ့ အရောင်း အဝယ်သွက်နေသလို အသစ်ဝင် ပဲမာလိုင်းတွေလည်း လိုက်ပါဈေး ကောင်းနေပါတယ် ´´ ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၃၁၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၆၅၀၀၀- ၃၆၈ ၀၀၀ စံချိန်တင်ပေါက်ဈေးဖြစ်လာသည်။ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေ ကျပ် ၃၀၅၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၈၇၀၀၀ ပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၈၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ်  ၃၅၀၀၀၀၊  ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊ မြေပဲအနီ လုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၈၀၀ ပေါက် ဈေး မြင့်တက်လာသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက် လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.