ပဲစင်းငုံအပါအဝင် ပြည်တွင်းသုံးပဲမာ လိုင်းများ စံချိန်တင် အမြင့်ဈေး တန်းဖြင့် အရောင်းအဝယ်သွက် နေ

ရွှေမန်း

ပဲစင်းငုံအပါအဝင် ပို့ကုန် ပဲများနှင့် ပြည်တွင်းသုံးပဲမာ လိုင်းများ စံချိန်တင် အမြင့်ဈေး တန်းဖြင့် အရောင်းအဝယ်သွက် နေကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။

ပြည်တွင်းလက်ကျန် နည်းပါးလာခြင်းနှင့်အတူ အိန္ဒိယ ဝယ်လိုအား ကောင်းလာခြင်း၊ ပို့ ကုန်ပဲများ FOB ပေါက်ဈေး မြင့်တက်လာခြင်း၊ အရောင်း သမားများက ထိန်းရောင်းနေခြင်း တို့ကြောင့် ပဲစင်းငုံမှာ စံချိန်တင် အမြင့်ဈေးဖြစ်လာပြီး သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ကျော်အထိ ပေါက်ဈေးဖြစ်လာ ကာ အခြား ပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း ဦးကျော်သွင်(ရွှေစင် သိန်း)ပွဲရုံက ပြောသည်။

“ ပဲ၊ နှမ်း ဈေးကွက်မှာ အမြင့် ဈေးတန်းတွေနဲ့ အရောင်းအဝယ် ခပ်သွက်သွက် ဖြစ်နေပါတယ်။ပို့ကုန်ပဲ အပါအဝင် ကုလားပဲမျိုးစုံ ကတော့ အရောင်းသမားတွေက ထိန်းရောင်းနေပါတယ်။ အဝယ် သမားများအနေဖြင့် စောင့်ဆိုင်း ဝယ်ယူနေရတဲ့ သဘောဖြစ်ပါ တယ်။ ပဲစင်းငုံတစ်အိတ် ၂၈၀၀၀၀ ကျော်၊ မတ်ပဲတစ်အိတ်လျှင် ၂၃၀၀၀၀ကျော်၊ V2 ကုလားပဲ တစ်အိတ်လျှင် ၂၅၀၀၀၀ စံချိန် တင်ဈေးများ ဖြစ်လာပါတယ်။ ပဲစိုက်ဧကလျော့ကျခြင်းနှင့်အတူ အထွက်နှုန်းလျော့ကျခြင်း၊ အိန္ဒိယ ဝယ်လိုအားကောင်းခြင်း၊ FOB ပေါက်ဈေးမြင့်တက်လာခြင်း၊ ပဲသစ်ရာသီ စောစီးစွာ ကုန်ဆုံး ခြင်းတို့ကြောင့် ပဲမျိုးစုံဈေးကွက် အမြင့်ဈေးတန်းဖြစ်နေရခြင်း ဖြစ် ပါတယ်´´ဟု၎င်းက ပြောသည်။

ဇွန် ၁ ရက်တွင် ပို့ကုန်မတ် ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀၊ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀၊ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးသာ ရှိပြီး ပဲစင်းငုံမှာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀ ထိ စံချိန်တင်ဆက်လက် ဈေးမြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင်ပေါက်ဈေးများအရ သိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ လည်း လိုက်ပါဈေးမြင့်တက်လာရာ ဇွန် ၁ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင်ငွေကျပ် ၂၅၀၀၀၀၊ ဠ၇ တစ်အိတ်လျှင် ငွေကျပ် ၂၅၂၀၀၀၊ထိုင်ဝမ်ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၃၇၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၆၀၀၀ ပေါက်ဈေး၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၇၀၀၀၀၊မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀၀၊ ကျွန်းစား တော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲ အနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၈၄၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.