ရွှေမန်း

ပဲ၊နှမ်းဈေးကွက်အတွင်း ပို့ကုန်လက်ကြီးသမားများ အဝယ်မရှိတာကြောင့်ပဲ၊နှမ်း ဈေးကွက် တစ်ခုလုံး အရောင်း အဝယ်အေးနေကြောင်း နှမ်းကုန် သည်များ ထံက သိရသည်။

စက်တင်ဘာ လကုန်ရက်များ တွင် ပြည်တွင်းသုံးကုလားပဲအုပ် စုဈေးအနည်းငယ်မြင့်တက်လာ သော်လည်း ပို့ကုန်သမားများ အရောင်းအဝယ်အခြေအနေရပ်နား ထားခြင်း နိုင်ငံခြားတင်ပို့မှုဆိုင်ရာ မူဝါဒ အပြောင်းအလဲများကြောင့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ရက် သတ္တပတ်နှစ်ပတ်ဆက်တိုက် အရောင်းအဝယ်အေးခြင်းဖြစ် သည်။

ပို့ကုန်သမားကြီးတွေက အဝယ်ရပ်ထားတာကြောင့် ပဲ၊ နှမ်းဈေးကွက်မှာ အေးနေခြင်းဖြစ် ကြောင်း မြေပဲဆန်ဈေးကလည်း မတက်ဘဲ ယခုဈေးတန်းမှာ ပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ပေါက်ဈေးရှိနေတာကြောင့် ဆီ စက်ပိုင်တွေအဆင်ပြေကြောင်း တရုတ်လိုင်းကလည်း နှမ်းတစ်မျိုး သာလှောင်လက်သမားအနည်းငယ် ဝယ်ယူနေကြောင်း၊ ပို့ကုန်မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်ရင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးအရောင်း အဝယ်အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

“ ပို့ကုန်ပဲကုန်သည်နဲ့ ပွဲရုံကြီးတွေ အဝယ်မရှိတာတော့ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ခပ်အေး အေးသာရှိနေပါတယ်။ ပို့ကုန် ပဲ စင်းငုံကလည်း ပေါက်ဈေးသာ ရှိနေတာ ပဲကသိပ်မကောင်းတော့ ပါဘူး။ မြေပဲဆန်ကလည်း ပေါက်ဈေးလေးနဲ့ အရောင်း အဝယ်ဖြစ်နေတော့ ဆီစက်ပိုင် တွေ အဆင်ပြေပါတယ်။ အခြား ပြည်တွင်း ပဲမာလိုင်းကလည်း ဈေးအေးနေပါတယ်။ နှမ်းကို တရုတ်ကုန်သည်အချို့သာ အနည်း ငယ် ဝယ်ယူစုဆောင်းတာမျိုး လောက်သာဝယ်နေပါတယ်။ဈေး ကွက်တစ်ခုလုံးကတော့ အသစ် ဝင်ရောက်မှုတွေမရှိသေးတော့ ဆက်လက်ဈေးအေးနိုင်ပါတယ်´´ ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၂၈ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ဒသမ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ်၁၇၃၀၀၀ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး နှမ်းမျိုးစုံဈေးကွက်မှာ အနည်းငယ် ကျဆင်းသွားရာ စက်တင်ဘာ ၂၈ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၆၉၀၀၀၊ V7 တစ်အိတ် လျှင် ငွေကျပ် ၂၇၇၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ်၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၄၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၇၈၀၀ ပေါက်ဈေးရှိသည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၆၀၀၀၀၊နှမ်းညို(သစ်) တစ်အိတ်လျှင်ငွေကျပ်၂၉၅၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေ ကျပ် ၃၄၀၀၀၀ ပေါက်ဈေး ရှိ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.