အယ်နီညိုရဲ့သဘောကတော့ ရိုးရိုးရှင်းရှင်းပြောရရင် ပူတာပဲ။ အရင်နှစ်တွေထက် ပိုပူလာတာဖြစ်တယ်။ပိုပြီးပူပြင်းခြောက်သွေ့လာတာကြောင့် မြန်မာနိုင်ငံလို အီကွေတာနဲ့ နီးတဲ့ဒေသတွေမှာ ရာသီဥတုဖောက်ပြန်မှုများမယ်။ အပူဒါဏ်ခံရမယ်။ အပူရှိန်ပြင်းတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ခန္ဓာကိုယ်ပိုင်း ထိလွယ်ရှလွယ်သူတွေမှာ အပူရှိန်ကြောင့် ကျန်းမာရေးထိခိုက်တာ ပိုခံရမယ်။ လူတွေ၊ တိရိစ္စာန်တွေမှာ အစာရေစာရှားမယ်။ ဒါကြောင့် အားလုံးကို ပိုစောင့်ရှောက်ရမယ်။ အသိပညာပေးရမယ်။
၂၀၂၄မတ်လနောက်ပိုင်းမှာ ပိုသိသာမယ်။ အရင်နှစ်တွေထက် အပူချိန် ၂ဒီဂရီက ၄ဒီဂရီ တိုးပြီးခံစားရမယ်။
အယ်နီညိုကြောင့် ရာသီဥတုပြင်းထန်တာတွေဖြစ်မယ်။ အပူများပြီး အပူလှိုင်းတွေဖြစ်မယ်။
Leave a Reply